ရှေ့တန်းစခန်းတစ်ခုကိုရောက်ရှိနေတဲ့ ကာကွယ်ရေးဝန်ကြီးဦးရည်မွန်

Local News

ရှေ့တန်းစခန်းတစ်ခုကိုရောက်ရှိနေတဲ့ ကာကွယ်ရေးဝန်ကြီးဦးရည်မွန်

မင်္ဂလာပါ ပရိသတ်ကြီးရေ.. မိုးနတ်မင်း သတင်းစုံမှ ကြိုဆိုလိုက်ပါတယ်။ အခုတင်ဆက်ပေးမယ့် သတင်းလေးကတော့ ရှေ့တန်းစခန်းတစ်ခုကိုရောက်ရှိနေတဲ့ ကာကွယ်ရေးဝန်ကြီးဦးရည်မွန် ဆိုတဲ့သတင်းလေးပဲ ဖြစ်ပါတယ်။


အမျိုးသားညီညွတ်ရေးအစိုးရ(NUG)ကာကွယ်ရေးဝန်ကြီး ဦးရည်မွန် ရှေ့တန်းစခန်းတစ်ခုတွင် ပြည်သူ့ကာကွယ်ရေးရဲဘော်များနှင့်အတူ ရှိနေသည့် ဓာတ်ပုံကို ကာကွယ်ရေးဝန်ကြီးဌာနက ယနေ့ ထုတ်ပြန်လိုက်သည်။


အဆိုပါ ရှေ့တန်းစခန်းသို့ ဝန်ကြီးဦးရည်မွန် ရောက်ရှိနေသည့် အကြောင်းအရင်းကိုမူ ဝန်ကြီးဌာနက ရေးသားဖော်ပြထားခြင်းမရှိဘဲ ဧပြီ ၁၅ရက် မဟာသင်္ကြန် အကြတ်နေ့က ရှေ့တန်းစခန်း၌ ဝန်ကြီးဦးရည်မွန်ကို ရဲဘော်များနှင့်အတူ တွေ့ရကြောင်းသာ အသိပေးထားသည်။


NUG ဖွဲ့စည်းသည်မှာ ယနေ့ ဧပြီ ၁၆ရက်တွင် တစ်နှစ်ပြည့်ပြီဖြစ်ရာ လက်ရှိတွင် NUG ဦးဆောင်သည့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များနှင့် မဟာမိတ်တိုင်းရင်းသားလက်နက်ကိုင်များသည် နိုင်ငံ၏ နေရာ အတော်များများ အထူးသဖြင့် ကျေးလက်ဒေသများကို ထိန်းချုပ်ထားပြီးဖြစ်ကြောင်း၊ မြို့ပြ တချို့ကိုလည်း ဝိုင်းပတ်စိုးမိုးထားပြီးဖြစ်ကြောင်း ယာယီသမ္မတ ဒူဝါလရှီးလက ပြောကြားသည်။ မကြာမီနယ်မြေ အတော်များများကို လွတ်မြောက်နယ်မြေအဖြစ် ဖန်တီးနိုင်တော့မည်ဟု ၎င်းက အသိပေးခဲ့သည်။


NUG၏ တစ်နှစ်ပြည့် သတင်းထုတ်ပြန်ချက်တွင် မြန်မာနိုင်ငံ၏ နယ်မြေ ၅၀ ရာခိုင်နှုန်းနီးပါးကို ပြည်သူ့ကာကွယ်ရေးတပ်များ ၊ တိုင်းရင်းသားတော်လှန်ရေးတပ်များ၊ ဒေသကာကွယ်ရေးတပ်များက စိုးမိုးထိန်းချုပ်ထားသည်ဟုဆိုသည်။

“ကျွန်တော်တို့အနေနဲ့ ဘယ်နယ်မြေ ဘယ်ဒေသဆိုတာ အခု သတင်းတွေထဲမှာပါလာတယ်ဆိုလို့ရှိရင် ဒီဒေသတွေ ဒီနယ်မြေတွေမှာတော့ စစ်ကောင်စီဘက်က မထိန်းချုပ်နိုင်ဘူးဆိုတဲ့ သတင်းတွေ အများကြီးတွေ့ရတယ်။ စစ်ကောင်စီဘက်က မထိန်းချုပ်နိုင်တဲ့ နယ်မြေမှန်သမျှဟာ ကျွန်တော်တို့ လူထုက ထိန်းချုပ်ထားတဲ့နယ်မြေတွေဖြစ်တယ်။ လူထုထိန်းချုပ်ထားတဲ့ နယ်မြေ မှန်သမျှသည် လွတ်မြောက်နယ်မြေလို့ ပြောလို့ရတာပေါ့”ဟု NUG ပြောရေးဆိုခွင့်ရှိသူ ဝန်ကြီးဦးထင်လင်းအောင်က ယနေ့ သတင်းစာရှင်းလင်းပွဲ၌ ပြောကြား သည်။


မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။