အဆင့်နိမ့်ဓာတ်ဆီတွေရောပြီး 92 ၊ 95 Ron အဖြစ်လိမ်လည် ရောင်းချနေတဲ့ စက်သုံးဆီဆိုင်များ

Knowledge Local News

အဆင့်နိမ့်ဓာတ်ဆီတွေရောပြီး 92 ၊ 95 Ron အဖြစ်လိမ်လည် ရောင်းချနေတဲ့ စက်သုံးဆီဆိုင်များ

မင်္ဂလာပါ ပရိသတ်ကြီးရေ.. မိုးနတ်မင်း သတင်းစုံမှ ကြိုဆိုလိုက်ပါတယ်။ အခုတင်ဆက်ပေးမယ့် သတင်းလေးကတော့ အဆင့်နိမ့်ဓာတ်ဆီတွေရောပြီး 92 ၊ 95 Ron အဖြစ်လိမ်လည် ရောင်းချနေတဲ့ စက်သုံးဆီဆိုင်များ ဆိုတဲ့သတင်းလေးပဲ ဖြစ်ပါတယ်။

မြန်မာပြည်နဲ့ လောင်စာဆီ ( အဖြစ်နိုင်ဆုံးကတော့ 92 Ron ၊ 95 Ron တွေ နဲ့ ရောပြီး ပြည်သူကို လိမ်ညာ ရောင်းချနေတာလို့ပဲ ကျနော်တို့ တွက်ဆရပါ့မယ် )

မြန်မာပြည်မှာ သန်လျှင်နဲ့ ချောက် ရေနံချက်စက်ရုံတွေ ရေနံစိမ်းကနေ ဓာတ်ဆီ ၊ ရေနံဆီ ၊ ဒီဇယ်ဆီ ၊ မီးထိုးဆီ အစရှိတဲ့ အဆင့်နိမ့်လောင်စာဆီတွေ ထုတ်ခဲ့တယ် ။ ၁၉၇၈ မှာ မန်းသံပုရာကန် စက်ရုံတည်တယ် ။ အဆင့်မြင့်ဓာတ်ဆီ 98 Ron နဲ့ 100 Ron အထိ ချက်နိုင်တဲ့ အပြင် Reformer Plant ရေနံချေးကိုရေနံမီးသွေးအထိချက်ပြီး ဓာတ်ဆီ ဒီဇယ် အယ်ပီဂျီ ထပ်ထုတ်နိုင်တဲ့Coker Unit ၊ရေနံဆီကိုအရည်အသွေးမြင့်အောင်ချက်ပေးတဲ့ SPI unit LPG Merox Unit. စသည်များပါဝင်တဲ့အတွက် မြန်မာပြည်၏ ပထမဦးဆုံးရေနံဓာတုဗေဒ စက်ရုံကြီးဖြစ်ပါတယ် ။ Down Stream စက်ရုံတွေ ဆောက်ဖို့အထိ ရည်မှန်းထားခဲ့ပါတယ်။

တနေ့ကို ရေနံစိမ်းဂါလံ ၈၇၅၀၀၀ ချက်နိုင်တဲ့ စက်ရုံဟာ ပြည်တွင်းကထွက်တဲ့ ဆာလ်ဖာဓာတ်နည်းသော ရေနံစိမ်းကို ချက်ဖို့ တည်ဆောက်ခဲ့ပါတယ် ။ သို့သော် မှန်းဆထားသလို ရေနံစိမ်း မထွက်ရှိလို့ မချက်နိုင်ဘူး ။ Ta-yoke ရေနံပိုက်လိုင်းက ရတဲ့ ရေနံက အာရပ်ရေနံ ဆာလ်ဖာဓာတ်များလို့ ချက်မရပြန်ဘူး ။ မြန်မာ့ရေနံ လုပ်ငန်းပညာရှင်များ အနေနဲ့ MPE. ကနေ MPPE. ပြောင်းတယ် ၊ နောက်ထပ် MPPE ကနေ PPRD အမည်ပြောင်းတယ် ၊ အမည်သာပြောင်းတယ် ရေနံလုပ်ငန်း တိုးတက်လာအောင် မပြောင်းနိုင်ဘူး ။ တာဝန်ရှိတဲ့ အရာရှိတွေသာ ချမ်းသာသွားတယ် မြန်မာ့လောင်စာလုပ်ငန်းက အခုထိ ဒါးမနောက်ပိတ်ခွေး အဆင့် ဆိုတော့ကား သူတို့ စွမ်းဆောင်ရည်ကို အကဲဖြတ်လို့ ရပါပြီ ။ ဂါလံ ၃၀၀၀ ကနေ ၃၀၀၀၀ လောက်ချက်နိုင်တဲ့ ထင်းမီးချက်ဖိုတွေ နဲ့ ချက်နေတဲ့ 66 Ron to 70 Ron လောက်ချက်ပြီး သာယာနေတုန်းပါပဲ ။ အဆင်မြင့် သံပုရာကန်ကတော့ 90 Ron လောက် ချက်နေတယ်လို့ ကြားရပါတယ် ။

ဒါက ပြည်တွင်း လောင်စာဆီကဏ္ဍပါ ။ ကဲ ပြည်တွင်းထုတ်နဲ့ မလုံလောက်တဲ့ အတွက် ပြည်ပကနေ တင်သွင်းရပါပြီ ။ ဘယ်စနစ်နဲ့ တင်သွင်းသလဲ လေ့လာကြပါမယ် ။ လောင်စာဆီ သဘော်နဲ့ တင်သွင်းခွင့်ကို MPTA ဆိုတဲ့ ပုဂ္ဂလိက အသင်းကပဲ ချုပ်ကိုင်ထားပါတယ် ။ မူလက စွမ်းအင်ညွှန်မှူးဟောင်းများ စုပေါင်းဖွဲ့စည်းခဲ့တဲ့ ဒီ အသင်းသည် ယခုဆိုရင် ရေနံ ခရိုနီတွေ ဒါရိုက်တာ အဖြစ် လက်ဝါးကြီး အုပ်ထားကြပါပြီ ။ ပြင်ပကနေ လောင်စာ တင်သွင်းချင်ရင် MPTA အသင်းဝင် ဖြစ်ရပါမယ် ။ နောက်ပြီး ငွေရှိတိုင်း သွင်းခွင့်မပြုပါဘူး ။

တန် တသောင်း သွင်းချင်သလား sorry ပါ ဒါရိုက်တာအဖွဲ့က ခင်ဗျားကို တန် ၅၀၀ ထက်ပိုပြီး ခွဲတမ်းချမပေးပါဘူး ။ ခရိုနီတွေ စိတ်တိုင်းကျ လက်ဝါးကြီး အုပ်နေခွင့်ကို PPRD လို အစိုးရအာဏာပိုင်တွေက မှိန်းပြီး ပေါင်းစားကာ ဈေးကွက်စီးပွားရေးစနစ် နဲ့ ဒီမိုကရေစီ စနစ်ကို ပြောင်ပြောင်တင်းတင်း ချိုးဖောက်နေတာ အစိုးရ ထိပ်သီးများ သိ မသိ ကတော့ စိတ်ဝင်စားစရာပါပဲ ။

လွတ်လပ်စွာ ဝယ်ယူရောင်းချခွင့် ပိတ်ပင်ထားတဲ့ လောင်စာဆီ ကဏ္ဍမှာ ခရိုနီတွေ ဈေးကွက်ကို လက်ဝါးကြီးအုပ် ထင်တိုင်းကြဲခွင့် ပေးထားတာဟာ အစိုးရရဲ့ စွမ်းအင်ဝန်ကြီးဌာမှ မရိုးသားမှုကြောင့်ပါပဲ ။

MPTA နဲ့ PPRD ရဲ့ ရိုက်ချက်တွေက အံ့မခန်းပါပဲ ။ သံပုရာကန်ရဲ့ ထွက်လာတဲ့ ဓာတ်ဆီကို MPTA က ပဲ ဝယ်ယူခွင့် ရှိသတဲ့ ။ အဲဒီ အဆင့်နိမ့်ဓာတ်ဆီတွေကို ဝယ်ယူခွင့် ရထားတဲ့ ဘယ်ခရိုနီ ဆိုင်ကမှ 90 Ron ဓာတ်ဆီဆိုပြီး ရောင်းချနေတာ မတွေ့ရပါဘူး ။ ဒါဆို သံပုရာကန်ကဝယ်သွားတဲ့ အဆင့်နိမ့် ဓာတ်ဆီတွေ ဘယ်ကို ရောက်သွားမလဲ စဉ်းစားစရာ တကွက်ပေါ့ ။ အဖြစ်နိုင်ဆုံးကတော့ 92 Ron ၊ 95 Ron တွေ နဲ့ ရောပြီး ပြည်သူကို လိမ်ညာ ရောင်းချနေတာလို့ပဲ ကျနော်တို့ တွက်ဆရပါ့မယ် ။

ကဲ နယ်ဖက်က ဆီဆိုင်အသေးလေးတွေ ပြန်ကြည့်ကြပါစို့ ။ ဆီ အရောင်းအဝယ် ဆိုင်အတွက်လိုင်စင်ကျဖို့ ဆိုင်စစ်ဆေးခ အပိုပေးရငွေဟာ ၅ သိန်း ဝန်းကျင် ရှိပါတယ် ။

ဆီဝယ်ရင်လည်း ခရိုနီကြီးတွေဆီက သတ်မှတ်ဆီဈေးပေး ဝယ်ကြရပါတယ် ။ အစိုးရက ဆီခရိုနီတွေကို ဒေါ်လာအား ပေါက်ဈေးထက်လျော့ရောင်းပြီး ဆီဈေး ချရောင်းခိုင်းတော့ နဂိုက အားနည်းတဲ့ ဆီဆိုင်ပေါက်စတွေ နူရာဝဲဆွဲ ဖြစ်ရပါတယ် ။

ဆိုင်ဖွင့်ပြီးလို့ တနှစ်တခါ လိုင်စင်သက်တမ်းတိုးကြရာမှာ မဆီမဆိုင် MPTA ရဲ့ ထောက်ခံစာ တောင်းလို့ တဆိုင်ကို လေး / ငါး သောင်း အပိုကုန်ရပါတယ် (လွန်ခဲ့တဲ့ ၂ ရက်က MPTA ထောက်ခံစာ မလိုတော့ကြောင်း နှုတ်မိန့်နဲ့ ညွှန်ကြားထားတယ်လို့ သိရပါတယ်) ၊ နောက် PPRD ကို လိုင်စင်သက်တမ်းအတွက် တရားဝင် အခွန် နဲ့ မသက်ဆိုင်သည့် အဆင့်ဆင့်သော ဝန်ထမ်းကြီးငယ်များအား လာဘ်ထိုးရငွေ (မမှန်လို့ မဟုတ်ဖူး ရစ်နေ ထစ်နေမှာ ညစ်နေမှာ စိုးလို့ ) ၁၂၀၀၀၀ိ / မှ ၁၅၀၀၀ဝိ အထိ မြို့နယ်အလိုက် အပို ကုန်ကျပါတယ် ။

နောက်ဆုံး PPRD ရဲ့ လောင်စာဆီ သယ်ယူခွင့် QR ကုတ် အတွက်လည်း ငွေပေးရပါတယ် ။ လည်ဝယ်သူတွေကတော့ QR ကုတ်ကို ဆီတွဲလုံးမှာ ကပ်ရမယ့် အစား ခေါင်းတွဲမှာ ကပ်စေပြီး လောင်စာဆီတွဲတွေကို လည်သလို သယ်ယူကြပါတယ် ။ လာဘ်ထိုးပေးရင် အဲလို လုပ်လို့ ရပါတယ် ။ ဒါတွေကြောင့် ကျနော်တို့ပြည်သူတွေသည် လောင်စာဆီများကို အရည်အသွေး မမှီ ၊ အချိန်အတွယ်လျှော့နည်းပြီး ဈေးကြီးပေး ဝယ်နေရခြင်း ဖြစ်ပါတယ် ။

အုပ်ချုပ်သူများ အနေနဲ့ အခြေအနေအမှန်အတိုင်း သိရှိလျှင် ပြင်ဆင်မှုများ ပြုလုပ်ပြီး လောင်စာဆီ ကျဆင်းရေး ဆောင်ရွက်နိုင်ပါတယ် ။ အရေးတကြီး ပြင်ဆင်ရမည့် အချက်များအဖြစ်……

၁ ။ မည်သူမဆို လွတ်လပ်စွာ သဘော်စီးလုံးလိုက် လောင်စာဆီ တင်သွင်းခွင့်ပြုရန် (ခရိုနီများ လက်ဝါးကြီးအုပ် ထားသောကြောင့် ဖြစ်သင့်သည်ထက် ပိုတက်နေသော ဈေးနှုံးကျဆင်းသွားပါ့မယ်)

၂ ။ သံပုကန်မှ တနေ့ ၈၇၅၀၀၀ ချက်နိုင်သည့် စက်အား ဆာလ်ဖာ နည်းသည့် ရေနံချက်သည့် နည်းပညာအား အာရပ်ရေနံ ဆာလ်ဖာများသည့် ရေနံချက်နိုင်သည့် နည်းပညာဖြင့် အစားထိုး လဲလှယ် တပ်ဆင်အသုံးပြုရန် ကျိုးစားခြင်း ။ (တရုတ်ရေနံပိုက်လိုင်းမှ အာရပ်ရေနံများအား သယ်ယူစရိတ်သက်သာစွာနှင့် ရရှိပြီး ပြည်တွင်းလိုအပ်ချက် ထက်ဝက်ခန့်အား သံပုကန်မှ ထုတ်လုပ်နိုင်၍ ရေရှည်တွင်အကျိုးများစွာ ရှိလာပြီး ဈေးနှုံးများချိုသာလာပါမယ်)

၃ ။ မလိုလားအပ်သော ကုန်ကျစရိတ်များ ၊ တိုင်းပြည်ဝင်ငွေတွက် မဝင်နိုင်သော လာဘ်ပေး လာဘ်ယူမှုများအား အသွင်ယူ စုံစမ်းဖော်ထုတ်ခြင်းဖြင့် ရေရှည်တွင် အစိုးရအပေါ် ကြည်ညိုလေးစားလာခြင်း နဲ့ တိုင်းရင်းသား လက်လီလောင်စာဆီဆိုင်များလည်း အသက်ရှူပေါက် ချောင်လည်လာနိုင်ပါ့မယ် ။

၄ ။ လောင်စာဆီ အရည်အသွေး နဲ့ အချိန်အတွယ် စစ်ဆေးခြင်းအား အသွင်ယူ ဝယ်ပြီး စစ်ဆေးမှသာ ပေါ်ပေါက်လာပြီး စားသုံးသူများအပေါ် ကာကွယ်ရာ ရောက်ပါမယ် ၊ ဘယ်နေ့လာစစ်မယ်ဆိုပြီး ကြေညာချက်ထုတ် ရှင်လောင်းလှည့်သလို တအုပ်ကြီးသွားစစ်နေမှဖြင့် ဘဒ္ဒကမ္ဘာပျက်တဲ့အထိ သူခိုးမဖော်နိုင်တာ သေချာပါတယ် ။

ဒီနည်းနဲ့ ပြည်သူကို လိမ်လာကြတာ ပုဂံခေတ်ကတည်းကဆိုတော့ ရိုးနေပါပြီ ။ နစက အနေနဲ့ ပြည်သူ့အတွက် လုပ်ဆောင်ခြင်း မလုပ်ဆောင်ခြင်း ကတော့ နစကရဲ့ ပြည်သူ့အပေါ် ထားတဲ့ စေတနာပါပဲ ။ မျိုးဝင်းကတော့ ဘေလ် ၂၀၀ဝိ ဖိုးလောက် နဲ့ နှစ်ရက်လောက် အချိန်ကုန်ခံကာ စုံစမ်းမေးမြန်း ရှာဖွေပြီး ပြည်သူ့အတွက် တင်ပြလိုက်ပါပြီ ဗျာ ။

ရေးသားသူ – ကိုရွှေမျိုးဝင်း

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။