မလေးရှားနိုင်ငံခြားရေးဝန်ကြီးမှ NUG နှင့်တွေ့ဆုံရန်တောင်းဆိုမှုအား စစ်ကောင်စီ ကန့်ကွက်

Local News

မလေးရှားနိုင်ငံခြားရေးဝန်ကြီးမှ NUG နှင့်တွေ့ဆုံရန်တောင်းဆိုမှုအား စစ်ကောင်စီ ကန့်ကွက်

မင်္ဂလာပါ ပရိသတ်ကြီးရေ.. မိုးနတ်မင်း သတင်းစုံမှ ကြိုဆိုလိုက်ပါတယ်။ အခုတင်ဆက်ပေးမယ့် သတင်းလေးကတော့ မလေးရှားနိုင်ငံခြားရေးဝန်ကြီးမှ NUG နှင့်တွေ့ဆုံရန်တောင်းဆိုမှုအား စစ်ကောင်စီ ကန့်ကွက် ဆိုတဲ့သတင်းလေးပဲ ဖြစ်ပါတယ်။

အာဆီယံအနေဖြင့် အမျိုးသားညီညွတ်ရေး အစိုးရ (NUG) နှင့် အလွတ်သဘောထိတွေ့ဆက်ဆံရန် မလေးရှားနိုင်ငံခြားရေးဝန်ကြီး၏အဆိုပြုချက်အပေါ် နစကက ပြင်းထန်စွာ ကန့်ကွက်ပယ်ချ

၂၀၂၂ ခုနှစ်၊ မေလ ၁ ရက်ထုတ် မလေးမေးလ် သတင်းစာတွင် “မလေးရှားနိုင်ငံခြားရေးဝန်ကြီးက အာဆီယံအား အမျိုးသားညီညွတ်ရေးအစိုးရ (NUG) နှင့် အလွတ်သဘောထိတွေ့ဆက်ဆံရန် အဆိုပြုသွားမည်ဖြစ်ကြောင်း” ဖော်ပြပါရှိသည့် သတင်းဆောင်းပါးကို ဖော်ပြခဲ့ရာ ယင်းဖော်ပြချက်အား စကစက ပြင်းထန်စွာ ကန့်ကွက်ပယ်ချကြောင်းကြေညာချက်ထုတ်သည်။

မြန်မာနိုင်ငံအကြမ်းဖက်မှုတိုက်ဖျက်ရေး ဗဟိုကော်မတီသည် ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်၊ အကြမ်းဖက်မှုတိုက်ဖျက်ရေး ဥပဒေအရ ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ (CRPH) ၊ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ၊ ပြည်သူ့ကာကွယ်ရေးအဖွဲ့ (PDF) နှင့် ယင်းတို့၏ လက်အောက်ခံအဖွဲ့အစည်းများသည် အကြမ်းဖက်အုပ်စုများအဖြစ် ၂၀၂၁ ခုနှစ်၊ မေလ ၈ ရက်တွင် အမိန့်ကြော်ငြာစာအမှတ် ၂/၂၀၂၁ ဖြင့် တရားဝင် ထုတ်ပြန်ကြေညာခဲ့ကြောင်း ထပ်မံအသိပေးရင်း ကန့်ကွက်ပယ်ချခဲ့ခြင်းဖြစ်သည်ဟုသိရသည်။

Australian Foreign Minister Bob Carr meets with U Wunna Maung Lwin, Minister for Foreign Affairs at the Foreign Ministry in Naypyitaw, Myanmar, on June 7, 2012.

မလေးရှားနိုင်ငံခြားရေးဝန်ကြီး၏ အဆိုပြုပြောကြားချက်သည် မြန်မာနိုင်ငံအတွင်း အကြမ်းဖက်မှုများကို အားပေးရာရောက်နိုင်သည့်အပြင် အကြမ်းဖက်မှုများ တိုက်ဖျက်ရေးအတွက် မြန်မာအစိုးရ၏ ကြိုးပမ်းဆောင်ရွက်ချက်များကို အဟန့်အတားဖြစ်စေပြီး နိုင်ငံတကာအကြမ်းဖက်မှုတိုက်ဖျက်ရေး သဘောတူညီချက်များကို ချိုးဖောက်ရာရောက်စေ သည့်အတွက် နိုင်ငံခြားရေးဝန်ကြီးဌာနအနေဖြင့် ပြင်းထန်စွာ ကန့်ကွက်ပယ်ချကြောင်းနှင့် နောင်တွင် မလေးရှားနိုင်ငံအစိုးရတာဝန်ရှိသူများနှင့် လွှတ်တော်အမတ်များအနေဖြင့် အကြမ်းဖက်အဖွဲ့အစည်းများနှင့် ၎င်းတို့၏ ကိုယ်စားလှယ်များအား ထိတွေ့ဆက်ဆံခြင်းနှင့် အားပေးပံ့ပိုးခြင်းများ မပြုလုပ်ရန်လည်း သတိပေးခဲ့သည်ဟုလည်း စကစက ထုတ်ပြန်သည်။

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။