၁၈ လက်မအထိ ကြီးထွားလာနိုင်တဲ့ ကမ္ဘာ့အကြီးဆုံးမျှော့မျိုးစိတ်

International News Knowledge
၁၈ လက်မအထိ ကြီးထွားလာနိုင်တဲ့ ကမ္ဘာ့အကြီးဆုံးမျှော့မျိုးစိတ်

ပုံမှာ မြင်ရတာကတော့ ၁၈ လက်မလောက်အထိ ကြီးထွားလာနိုင်တဲ့ ကမ္ဘာ့အကြီးဆုံး မျှော့မျိုးစိတ်ဖြစ်ပြီး အမေဇုန်မျှော့ကြီးမျိုးစိတ်(Amazonian Giant Leech)လို့ အမည်ပေးထားပါတယ်။ ဒီမျှော့မျိုးစိတ်ကို ပြင်သစ်နိုင်ငံပိုင် ဂူယာနာကျွန်းနဲ့ ဘရာဇီးနိုင်ငံမှ နေရာတချို့မှာပဲ တွေ့ရနိုင်ပါတယ်။

အီတလီနိုင်ငံသား သဘာဝပတ်ဝန်းကျင်သမား ဂီလီယာနီက ၁၈၄၉ ခုနှစ်မှာ Amazonian Giant Leech ကို စတင်တွေ့ရှိခဲ့တာပါ။ ကျွဲ၊ နွား၊ မြင်းတွေကို နာရီပိုင်းအတွင်း thayအောင် သွေးစုပ်နိုင်တဲ့ မျှော့တွေရှိတယ်လို့ ၁၈၉၉ ခုနှစ်မှာ ရေးသားဖော်ပြခဲ့ဖူးပြီး အမေဇုန်မျှော့ကြီးမျိုးတစ်ကောင်ရဲ့ သွေးစုပ်နှုန်းက တစ်မိနစ်ကို ၄ မီလီလီတာကနေ ၁၅ မီလီလီတာအထိ ရှိတယ်လို့ ဆိုပါတယ်။

အမေဇုန်မျှော့ကြီးမျိုးစိတ်မှာ အပ်နဲ့တူပြီး ချွန်ထက်တဲ့ သွေးစုပ်တံတွေရှိပြီး ၁၀ စင်တီမီတာလောက်အထိ ရှည်လျားပါတယ်။ ဒါပေမဲ့ လူရဲ့အရေပြားကို သွေးစုပ်တံနဲ့ မထိုးခင် ထုံစေတဲ့ အရည်တစ်မျိုး ထုတ်လွှတ်လေ့ရှိတာကြောင့် နာကျင်မှုခံစားရမှာတော့ မဟုတ်ပါဘူး။

အမေဇုန်မျှော့ကြီးမျိုးစိတ်မှာ သွေးမစုပ်ရရင်တောင် လပေါင်းများစွာကြာ အသက်ရှင်နိုင်စွမ်းရှိပါတယ်။ အဲဒီလိုကာလမျိုးမှာ အကောင်သေးငယ်နေမှာဖြစ်ပေမဲ့ တစ်ကြိမ်သွေးစုပ်လိုက်ရရင် ခန္ဓာကိုယ်အလေးချိန် ၃ ဆကနေ ၆ ဆအထိ တက်လာနိုင်ပြီး အရွယ်အစား သိသိသာသာ ကြီးထွားလာမှာပါ။

ရေးသားသူ –Yoyarlay

မိုးနတ်မင်း သတင်းစုံ – Telegram Channel မှလည်း ပြည်တွင်းသတင်း၊ နိုင်ငံတကာသတင်း၊ ဆယ်လီသတင်းများအပြင် ကျန်းမာရေး၊ ဗေဒင်၊ ဗဟုသုတများကိုပါ နေ့စဉ်တင်ဆက်ပေးနေပါပြီ။ အသစ်အသစ်သော သတင်းတွေမလွတ်သွားရအောင် အောက်ပါ Link လေးကိုနှိပ်ပြီး အခုပဲ join ထားလိုက်ပါ။

https://t.me/moenatminmedia

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။