Bond Agent များအပေါ် ကော်မရှင်စားနှစ်လုံးထီသမားများကဲ့သို့ ဆက်ဆံသည်ဟုဆိုကာ အိပန်ဆယ်လို NUG Bond Agent အဖြစ်မှ နုတ်ထွက်

Local News

Bond Agent များအပေါ် ကော်မရှင်စားနှစ်လုံးထီသမားများကဲ့သို့ ဆက်ဆံသည်ဟုဆိုကာ အိပန်ဆယ်လို NUG Bond Agent အဖြစ်မှ နုတ်ထွက်

မင်္ဂလာပါ ပရိသတ်ကြီးရေ.. မိုးနတ်မင်း သတင်းစုံမှ ကြိုဆိုလိုက်ပါတယ်။ အခုတင်ဆက်ပေးမယ့် သတင်းလေးကတော့ Bond Agent များအပေါ် ကော်မရှင်စားနှစ်လုံးထီသမားများကဲ့သို့ ဆက်ဆံသည်ဟုဆိုကာ အိပန်ဆယ်လို NUG Bond Agent အဖြစ်မှ နုတ်ထွက် ဆိုတဲ့သတင်းလေးပဲ ဖြစ်ပါတယ်။

NUG စီမံ/ဘဏ္ဍာ/ရင်းနှီးမြှုပ်နှံမှု ဝန်ကြီးဌာန MOPFI ဝန်ထမ်းတချို့ ရဲ့ ဆက်ဆံမှု တာဝန်ကင်းမဲ့မှုတွေ ရှိခဲ့တာကြောင့် ဝန်ကြီးဖြစ်သူ ဦးတင်ထွန်းနိုင် ကို တိုင်ကြားပေမယ့် ဝန်ကြီးကိုယ်တိုင် တသဘောထား တည်း ရှိတာကို တွေ့ရတာကြောင့် အခုလို ဘွန်းကိုယ်စားလှယ် အဖြစ်က နုတ်ထွက်တာ ဖြစ်တယ်လို့ မပန်ဆယ်လိုက သူ့ ဖေ့စ်ဘွတ် စာမျက်နှာမှာ ဒီကနေ့ ရေးသား ဖေါ်ပြထားပါတယ်။

ဒီကိစ္စကြောင့် NUG နဲ့ အကြား သွေးကွဲမှု တစုံတရာ မရှိဘဲ MOPFI နဲ့ သာ သက်ဆိုင်တဲ့ ကိစ္စဖြစ်တာမို့ တော်လှန်ရေး ခံယူချက်/ရပ်တည်မှု ပြောင်းလဲသွားမှာ မဟုတ်ဘူးလို့လည်း သူက ဆိုပါတယ်။

ဘွန်းရောင်းဖို့ စီစဉ်ထားတဲ့ ပွဲတွေကိုလည်း ဖျက်သိမ်းကြောင်း အားနာစွာ အသိပေးအပ်တယ် လို့လည်း မပန်ဆယ်လိုက ရေးသား ဖေါ်ပြထားပါတယ်။ မပန်ဆယ်လိုဟာ ဖေဖေါ်ဝါရီ စစ်တပ်အာဏာသိမ်းပြီးနောက် စစ်ကောင်စီရဲ့ ဖမ်းဆီးမှုကနေ လွတ်မြောက်လာပြီး အမေရိကန်ကို ရောက်ရှိလာခဲ့ သူ ဖြစ်ပါတယ်။

ဆိုရှယ်လူမှုကွန်ရက်မှာ လူသိများသူ တဦးအနေနဲ့ မပန်ဆယ်လိုဟာ နွေဦးတော်လှန်ရေး ရန်ပုံငွေကို ဒေါ်လာ သန်းချီ ရရှိအောင် ကူညီ လှုံ့ဆော် နိုင်ခဲ့သူ တဦးလည်း ဖြစ်ပါတယ်။

မပန်ဆ​ယ်လိုကမူ “ကျွန်မသည် NUG Bond စတင်ရောင်းချသည့် အချိန်မှစ ယနေ့ထိ လှုံ့ဆော်ခြင်း၊ လူကိုယ်တိုင် သွားရောက်ရောင်းချပေးခြင်းများကို တက်တက်ကြွကြွ ပါဝင်ဆောင်ရွက်ခဲ့တဲ့ Bond Agent တစ်ဦး ဖြစ်ပါတယ်။ ရောင်းချ၍ ရရှိငွေများအားလုံးကို တစ်ပြားတစ်ချပ်မကျန် ပို့ဆောင်ပေးခဲ့ပါတယ်။ အဆင်မပြေမှုများ ကြုံတွေ့ရခြင်းအပေါ် ဖေ့စ်ဘုတ်ပေါ် တက်ရေးသည့် အပြုအမူများကိုလည်း ယနေ့အထိ တစ်စွန်းတစ်စမှ ပြုလုပ်ခဲ့ခြင်း မရှိပါ။

MOPFI မှ ဝန်ထမ်းအချို့၏ Bond Agent များအပေါ် ကော်မရှင်စားနှစ်လုံးထီသမားများအား ဆက်ဆံသကဲ့သို့ ဆက်ဆံမှုများ၊ တာဝန်ကင်းမဲ့မှုများကို MOPFI၏ ဝန်ကြီးထံ တိုင်ကြားခဲ့သော်လည်း ဝန်ကြီးကိုယ်တိုင်က သူတို့နှင့် သဘောတရားအတူတူဟု နားလည်သဘောပေါက်ပြီ ဖြစ်ပါသည်။

ဒါ့ကြောင့် ယနေ့မှစ၍ Bond Agent အဖြစ်မှ နှုတ်ထွက်ပါတယ်။ လက်ခံပြီးသား သွားရောက်ရောင်းချမည့် ပွဲများအားလည်း ဖျက်သိမ်းကြောင်း အားနာစွာ အသိပေးအပ်ပါတယ်။

NUG နှင့် ကျွန်မနဲ့ကြား သွေးကွဲမှု တစုံတရာ မရှိပါ။ MOPFI နှင့်သာ သက်ဆိုင်သော ကိစ္စဖြစ်တာမို့ တော်လှန်ရေးနှင့် ပတ်သက်သော ခံယူချက်နှင့် ရပ်တည်မှုက ပြောင်းလဲသွားစရာ ရှိမည် မဟုတ်ပါ။

ကျွန်မဘက်ကတော့ တတ်နိုင်စွမ်းထက်ပို၍ ကြိုးစားခဲ့ပါတယ်။ ကျွန်မရဲ့ ကြိုးစားမှုတွေဟာလည်း ဘာတန်ဖိုးမှ မရှိကြောင်း လက်ခံသဘောပေါက်ပြီ ဖြစ်သည့်အတွက် ကျွန်မဆက်လက်လုပ်ဆောင်မှာ မဟုတ်တော့ပါ။

တော်လှန်ရေးကိုပဲ မျက်နှာမူခဲ့ပါတယ်။ ဒါပေမယ့် စောက်ခွက်ရိုက်သလို ခံစားရပါတယ်။ ယနေ့အချိန်ထိ NUG အပေါ် တတ်နိုင်သမျှ ကူညီဝန်းရံမှုမှတပါး ဖောင်းထုပြစ်တင်ခြင်း တစ်ခါမှ မရှိခဲ့တဲ့အတွက် ဒီပိုစ့်ဟာ ဘယ်လောက်သည်းမခံနိုင်ဖြစ်လာမှန်း နားလည်နိုင်ကြမယ် ထင်ပါတယ်။ ဒီပိုစ့်အတွက်လည်း လိပ်ပြာလုံပါတယ်။

ကျွန်မထံမှ ဝယ်ယူထားပြီး Bond မရရှိသူသေးများကို အပြည့်အဝရရှိရန် တာဝန်ယူပါတယ်။ မရနိုင်တော့ရင် ကျွန်မပိုက်ဆံနဲ့ကျွန်မ အသစ်ဝယ်ပြီး ပေးပို့ပေးပါ့မယ်။ ဒါသည် ပြည်သူ့ပိုက်ဆံကို လက်မှတ်ထိုးယူရောင်းချပေးခဲ့တဲ့ Bond Agent တစ်ယောက်ရဲ့ တာဝန်ယူမှု ဖြစ်ပါတယ်။

NUG Bond Agent အများအပြားရှိပါတယ်။ သူတို့ထံမှတဆင့်သာ ဆက်သွယ်ဝယ်ယူကြပါရန် တိုက်တွန်းအပ်ပါတယ်။” ဟု သူ၏လူမှုကွန်ယက်တွင် တင်ထားခဲ့ပါသည်။

သတင်းရင်းမြစ် – THN freelance journalist , ပန်ဆ​ယ်လို

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။