စစ်ကောင်စီရဲ့ အသည်းအသန်ဖိနှိပ်ခြင်းခံနေရတဲ့မြိုင်မြို့အကြောင်း ဝမ်းသာအားရပြောနေတဲ့ ဟိုဘက်ရပ်ကွက်

Local News

စစ်ကောင်စီရဲ့ အသည်းအသန်ဖိနှိပ်ခြင်းခံနေရတဲ့မြိုင်မြို့အကြောင်း ဝမ်းသာအားရပြောနေတဲ့ ဟိုဘက်ရပ်ကွက်
မင်္ဂလာပါ ပရိသတ်ကြီးရေ.. မိုးနတ်မင်း သတင်းစုံမှ ကြိုဆိုလိုက်ပါတယ်။ အခုတင်ဆက်ပေးမယ့် သတင်းလေးကတော့ စစ်ကောင်စီရဲ့ အသည်းအသန်ဖိနှိပ်ခြင်းခံနေရတဲ့မြိုင်မြို့အကြောင်း ဝမ်းသာအားရပြောနေတဲ့ ဟိုဘက်ရပ်ကွက် ဆိုတဲ့သတင်းလေးပဲ ဖြစ်ပါတယ်။


မကွေးတိုင်းထဲက နာမည်ကြီးနေတဲ့ မြိုင်မြို့
pdfတွေ ကြီးစိုးမင်းမူနေတဲ့ မြိုင်မြို့
အဲဒီ မြိုင်မြို့
အခုတော့ ရွှေဘတို့ မြိုင်မြိုင် ဆိုင်ဆိုင်လေး ပွဲက နေပါပြီ
မြိုင်မြို့နယ်အတွင်းကို ဒီလ ၁၂ရက်နေ့မှ စတင်ကာအထူးစစ်ဆင်ရေး ပြုလုပ်ပြီးနယ်မြေရှင်းလင်းနေပါပြီ


မြိုင်နယ်ထဲက
လက်ယက်မရွာဆိုတာ အိမ်ခြေ ၁၇၀၀ လောက်ရှိပြီး တောမြို့လေးသဖွယ် အလွန်မတန်စီကားသိုက်မြိုက်တဲ့ရွာကြီးပါ
NLD စည်းမူးတွေရဲ့ စွမ်းဆောင်ရည်တွေကြောင့် ၂၀၁၅ မှ ၂၀၂၀ အတွင်း တစ်ရွာလုံးနီးပါ ရဲရဲတောက် နီသွားတဲ့ ရွာကြီးပါ=


လွန်ခဲ့တဲ့ လ ပိုင်းကဆိုယင်
NLD စည်းမူးရဲ့ အိမ်တွေမှာ ဂျပန်ခေတ်ကလို pdf တွေ ဟောပြောပွဲလုပ်တယ် တစ်အိမ်တစ်ယောက် အနည်းဆုံးလာပြီး နားထောင်ပေးရတယ် သင်တန်းဆင်းပွဲများလည်း မကြာခန ပြုလုပ်ကြိုဆိုနေတဲ့ ရွာကြီးပေါ့
ဒါတင်ပဲလား ဆိုတော့ မဟုပ်ပါဘူး


အမျိုးသမီးPDF တွေ လည်း အများစုပါ၀င်နေပါသေးတယ် လက်လုပ်မိုင်းတွေကို ရွာထဲမှာတင် ပေပါလောက် ရှိတဲ့ အရွယ်အစားတွေအထိ ကိုယ်တိုင် စမ်းသပ် ထုတ်လုပ်နေတဲ့ အပြင် လွတ်မြောက်နယ်မြေဖြစ်ပြီဆိုတဲ့အကြောင်း ၎င်း တို့
ကိုယ်တိုင် ပိုစ်တင်ပြီး ဖျင်ယားခဲ့ကြတဲ့ ရွာပါ
အဲလိုတွေ ဖျင်ယားခဲ့ကြတဲ့ အကျိုးကျေးဇူးက အခုဘာတွေ
ဖြစ်ကုန်ဘီလည်းဆိုတော့
သိခြင်ယင် မြိုင်မြို့နယ်ထဲက လက်ယက်မရွာနဲ့ အနီးရှိ ရွာတွေကို တစ်ချက်လောက်
ကိုယ်တိုင်သွားကြည့်ကြပေါ့
ကျုပ်ရေးနေရင် ပို တယ်ထင်နေမယ်=
ဆိုပြီး ဝမ်းသာအားရပြောနေကြပါတယ်။

အခုလက်ရှိမှာတော့ အကြမ်းဖက်စစ်အုပ်စုက လက်နက်ကြီးများဖြင့်ပစ်ခတ်ခဲ့သည့်အပြင် မီးရှို့ဖျက်ဆီးမှုများပါ ပြုလုပ်ခဲ့သောကြောင့် မြိုင်မြို့နယ်မြောက်ပိုင်းရှိ ရွာရှည်(ပိတောက်ကန်)ရွာနှင့် တောင်ကိုင်းကျေးရွာများတွင် ကျေးရွာဘုန်းတော်ကြီးကျောင်းအပါအဝင် လူနေအိမ်အများအပြား ပျက်စီးဆုံးရှုံးခဲ့ရပါသည်။
အကြမ်းဖက်စစ်အုပ်စုက လက်နက်ကြီးများဖြင့် ပစ်ခတ်မှုကြောင့် မေလ(၁၄)ရက်နေ့တွင် ရွာရှည်(ပိတောက်ကန်)ရွာအတွင်းသို့ လက်နက်ကြီးကျည်ဆန်များကျရောက်ကာ ကျေးရွာသမရုံးအပါအဝင် အပြစ်မဲ့ပြည်သူများ၏ နေအိမ်(၄၅)လုံး မီးလောင်ပျက်စီးခဲ့ပြီး ပြည်သူ(၃)ဦး သေဆုံးခဲ့ရပါသည်။

ထို့ပြင် မေလ(၁၅)ရက်နေ့ညနေတွင်လည်း အကြမ်းဖက်စစ်အုပ်စုက ထပ်မံဝင်ရောက်၍ မီးရှို့ဖျက်ဆီးခဲ့သောကြောင့် ရွာရှည်(ပိတောက်ကန်)ကျေးရွာမှ နေအိမ်အလုံး(၂၀) မီးလောင်ပြာကျခဲ့ကာ အခြားပျက်စီးဆုံးရှုံးမှုများလည်း များစွာရှိသည်ဟု သိရှိရပါသည်။


ထို့အတူ မေလ(၁၃)ရက်နေ့တွင် အကြမ်းဖက်စစ်အုပ်စုက ပစ်ခတ်သော လက်နက်ကြီးကျည်အချို့ တောင်ကိုင်းကျေးရွာအတွင်း ကျရောက်ကာ ထိခိုက်ပျက်စီးမှုများ အနည်းငယ်ရှိခဲ့ပါသည်။တောင်ကိုင်းကျေးရွာရှိ ဘုန်းတော်​ကြီးကျောင်းတစ်ကျောင်း၏ ကျောင်းဆောင်ပေါ်သို့ကျရောက်ကာ ကျောင်းဆောင်အမိုးများနှင့်ပစ္စည်းအချို့ ပျက်စီးပြီး နေအိမ်(၃)လုံး၏ အမိုးများ ၊ မီးဖိုများ ထိခိုက်ပျက်စီးခဲ့ရပါသည်။

ကျေးရွာအတွင်းရှိ နေအိမ်အချို့ကိုလည်း အကြမ်းဖက်စစ်အုပ်စုက ဝင်ရောက်မွှေနှောက်ကာ နေအိမ်အတွင်းရှိ ပစ္စည်းများကိုလည်း ဖျက်ဆီးခဲ့သည်ဟု သိရှိရပါသည်။
လက်ရှိတွင် ရွာရှည်(ပိတောက်ကန်)ရွာနှင့် တောင်ကိုင်းကျေးရွာများမှ ပြည်သူများမှာ ဘေးလွတ်ရာသို့ တိမ်းရှောင်နေကြရဆဲဖြစ်ပါသည်။


မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။