မြောင်းမြမှာ တပ်သားသစ် ၁ ဦးအတွက် ငွေကျပ် ၂၅ သိန်း အကုန်ကျခံပြီး တပ်သားသစ်စုဆောင်းနေတဲ့ စစ်ကောင်စီ

Local News

မြောင်းမြမှာ တပ်သားသစ် ၁ ဦးအတွက် ငွေကျပ် ၂၅ သိန်း အကုန်ကျခံပြီး တပ်သားသစ်စုဆောင်းနေတဲ့ စစ်ကောင်စီ
မင်္ဂလာပါ ပရိသတ်ကြီးရေ.. မိုးနတ်မင်း သတင်းစုံမှ ကြိုဆိုလိုက်ပါတယ်။ အခုတင်ဆက်ပေးမယ့် သတင်းလေးကတော့ မြောင်းမြမှာ တပ်သားသစ် ၁ ဦးအတွက် ငွေကျပ် ၂၅ သိန်း အကုန်ကျခံပြီး တပ်သားသစ်စုဆောင်းနေတဲ့ စစ်ကောင်စီ ဆိုတဲ့သတင်းလေးပဲ ဖြစ်ပါတယ်။
ဧရာဝတီတိုင်း၊ မြောင်းမြမြို့မှာ စစ်ကောင်စီက တပ်သား ၁ ဦးကို ငွေ ၂၅ သိန်းအကုန်ကျခံကာ တပ်သားသစ် စု ဆောင်းနေတယ်လို့ သိရပါတယ်။
ဒေသခံလူငယ်တွေကို တပ်သားသစ်အဖြစ်ဝင်ရောက်ရင် ငွေ ၁၀ သိန်းနဲ့ ဆန် ၁ အိတ်ပေးမယ်ပြောဆိုကာ တပ်သား သစ်စုဆောင်းတာတွေပြုလုပ်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။


စစ်ဆေးရေးဂိတ်တွေမှာ စုတာ မြောင်းမြမြို့အဝင်မှာရှိတဲ့ ကွယ်လယ်စစ်ဆေးရေးဂိတ်နဲ့ လပွတ္တာအထွက် မြို့ဦးကျောင်းထိပ်စစ်ဆေးဂိတ်တွေမှာ စုနေတာလို့ ဒေသခံတဦးက ပြောပါတယ်။


စစ်ကောင်စီအတွက် ဒေသခံတွေကို တပ်သားသစ်အဖြစ် စုဆောင်းဖို့အတွက် စည်းရုံးပြီး မက်လုံးပေးခေါ်တာ ကို သူတို့ရဲ့ သတင်းပေးတွေဖြစ်တဲ့ စစ်တပ်ထောက်ခံသူတွေက တဖက်လှည့်နဲ့ စုနေတာဖြစ်ပြီး စစ်တပ်က တပ်သား သစ်ရရင် ပွဲစားခအဖြစ် စုပေးတဲ့သူတွေကို ၁၅ သိန်းပေးမယ်လို့ ပြောဆိုထားတယ်လို့ ဆိုပါတယ်။


စစ်ကောင်စီအတွက် တပ်သားသစ်စုတာတွေကို ခုလိုငွေကုန်အကျခံနေတာဟာ ဖြစ်နိုင်ပြီး ရရှိလာတဲ့ တပ်သား တွေကို ခြေလျှင်တပ်ဖွဲ့စုဆောင်းတဲ့နေရာတွေကို ပို့ဆောင်နေတာလို့ စစ်ကောင်စီတပ်နဲ့ရင်းနှီးသူတဦးက ပြောပါတယ်။


စစ်အာဏာသိမ်းပြီးနောက်ပိုင်း တော်လှန်ရေးတပ်ဖွဲ့တွေရဲ့ တိုက်ခိုက်မှုကြောင့် အင်အားပြုန်းတီးမှုများလာပြီး တပ်ထဲဝင်ထဲသူ မရှိသလောက်နည်းလာလို့ ခုလိုမျိုး ကျေးရွာတွေက လူငယ်တွေကို မက်လုံးပေးပြီး စည်းရုံး တာတွေပြုလုပ်လာတာဖြစ်နိုင်တယ်လို့ ဆိုပါတယ်။


မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။