ရုရှားနဲ့မြန်မာ ဦးဆောင်ကျင်းပမယ့် အကြမ်းဖက်မှုတိုက်ဖျက်ရေး အစည်းအဝေးကို သပိတ်မှောက်ခဲ့တဲ့ နယူးဇီလန်

Local News

ရုရှားနဲ့မြန်မာ ဦးဆောင်ကျင်းပမယ့် အကြမ်းဖက်မှုတိုက်ဖျက်ရေး အစည်းအဝေးကို သပိတ်မှောက်ခဲ့တဲ့ နယူးဇီလန်
မင်္ဂလာပါ ပရိသတ်ကြီးရေ.. မိုးနတ်မင်း သတင်းစုံမှ ကြိုဆိုလိုက်ပါတယ်။ အခုတင်ဆက်ပေးမယ့် သတင်းလေးကတော့ ရုရှားနဲ့မြန်မာ ဦးဆောင်ကျင်းပမယ့် အကြမ်းဖက်မှုတိုက်ဖျက်ရေး အစည်းအဝေးကို သပိတ်မှောက်ခဲ့တဲ့ နယူးဇီလန် ဆိုတဲ့သတင်းလေးပဲ ဖြစ်ပါတယ်။
ရုရှားနဲ့မြန်မာက ဒီလအတွင်း အကြမ်းဖက်မှုတိုက်ဖျက်ရေး နိုင်ငံတကာအစည်းအဝေးတစ်ခုကို လက်ခံ ကျင်းပမှာဖြစ်ပေမယ့် နယူးဇီလန်နိုင်ငံက အာဏာရှင်အစိုးရတွေကို ပံ့ပိုးမှုမပြုလုပ်လိုတာကြောင့် အစည်းအဝေး ကို မတက်ရောက်ဖို့ ဆုံးဖြတ်လိုက်တယ်လို့ သိရပါတယ်။
ရုရှားနဲ့မြန်မာက ပူးတွဲသဘာပတိအဖြစ် ဆောင်ရွက်မယ့် တန်ပြန်အကြမ်းဖက်မှုတိုက်ဖျက်ရေး အစည်း အဝေးကို မတက်ရောက်မယ့်နိုင်ငံတွေထဲမှာ နယူးဇီလန်နိုင်ငံ ပါဝင်လာခဲ့ပြီး အဲဒီဆုံးဖြတ်ချက်ကို တက်ကြွလှုပ် ရှားသူတွေက ကြိုဆိုလိုက်ပါတယ်။


၂၀၁၁ ခုနှစ်နောက်ပိုင်း ပထမဆုံးအကြိမ်အဖြစ် သြစတြေးလျနိုင်ငံက ပြီးခဲ့တဲ့လအတွင်းပြုလုပ်တဲ့ အာ ဆီယံ ကာကွယ်ရေးဝန်ကြီးများ အစည်းအဝေးကို မတက်ရောက်ခဲ့ဘူးလို့ သိရပါတယ်။
မော်စကိုမြို့တော်မှာ ဇူလိုင်လ ၂၀ ရက်နဲ့ ၂၁ ရက်မှာပြုလုပ်မယ့် တန်ပြန်အကြမ်းဖက်မှုတိုက်ဖျက်ရေး အစည်းအဝေးမှာ မြန်မာနဲ့ရုရှားက ပူးတွဲဥက္ကဌတွေအဖြစ် ဆောင်ရွက်မှာဖြစ်ပါတယ်။


မြန်မာစစ်တပ်ရဲ့ ၂၀၂၁ ခုနှစ် အစောပိုင်း အာဏာသိမ်းမှုနဲ့ ဗလာဒီမာပူတင်ရဲ့ ယူကရိန်းကျူးကျော်စစ် ကြောင့် နှစ်နိုင်ငံစလုံးက လူ့အခွင့်အရေးချိုးဖောက်မှုတွေနဲ့ပတ်သက်ပြီး တစ်ကမ္ဘာလုံးရဲ့ ပြစ်တင်ရှုတ်ချမှုကို ခံ နေရပါတယ်။
နယူးဇီလန်အစိုးရက အစည်းအဝေးကို လူကိုယ်တိုင်တက်ရောက်မှာမဟုတ်သလို အွန်လိုင်းကနေလည်း ပါဝင်မှာမဟုတ်ဖူးလို့ ကာကွယ်ရေးဝန်ကြီးဌာန တာဝန်ရှိသူ မိုက်ကယ်စွမ်းက ပြောပါတယ်။


နယူးဇီလန်အစိုးရက မြန်မာနိုင်ငံက အာဏာသိမ်းစစ်တပ်ရဲ့ တရားမဝင်မှုနဲ့ပတ်သက်ပြီး ပြင်းပြင်းထန် ထန် ထုတ်ဖော်ပြောဖို့လိုအပ်တယ်လို့ Green ပါတီ ပြောရေးဆိုခွင့်ရှိသူ ဂိုလ်ရက်ဇ်ဂါရာမန်က ဆိုပါတယ်။
မြန်မာစစ်ကောင်စီကို တရားဝင်မှုပေးနေတဲ့ အာဆီယံနဲ့ ဆွေးနွေးဘက်မိတ်ဖက်နိုင်ငံတွေအတွက် သ တင်းစကားတစ်ခုဖြစ်တယ်ဆိုတဲ့ နယူးဇီလန်နိုင်ငံရဲ့ အစည်းအဝေးမတက်ဖို့ သပိတ်မှောက်မှုကို တက်ကြွလှုပ်ရှား သူအဖွဲ့က ထောက်ခံတယ်လို့ Justice for Myanmar ပြောဆိုခွင့်ရ မရတနာမောင်က ဆိုပါတယ်။

“မြန်မာနိုင်ငံဆိုင်ရာ အာဆီယံဘုံသဘောတူညီချက်ငါးရပ်က ရမ်းသမ်းပြီး လေကြောင်းတိုက်ခိုက်တာ၊ လက်နက်ကြီးပစ်ခတ်တာ၊ အကြောင်းမဲ့ဖမ်းဆီးတာ၊ လူသတ်မှု၊ မုဒိမ်းကျင့်မှုနဲ့ နှိပ်စက်မှုတွေပါဝင်တဲ့ စစ်ကောင် စီရဲ့ အကြမ်းဖက်မှုတွေကို ရပ်တန့်နိုင်ခဲ့ခြင်းမရှိပါဘူး” လို့ မရတနာမောင်က ပြောပါတယ်။
မြန်မာနိုင်ငံနဲ့ပတ်သက်တဲ့ နယူးဇီလန်နိုင်ငံရဲ့ ရပ်တည်ချက်ကို ပြည်သူလူထုစိတ်ဝင်စားမှု သိပ်မရှိပေ မယ့် သြစတြေးလျအစိုးရမှာ စစ်ကောင်စီကို အရေးယူမှုပြုလုပ်ဖို့ အရပ်ဘက်အဖွဲ့အစည်းတွေရဲ့ ဖိအားပေးမှု ခံနေ ရပါတယ်။


သြစတြေးလျအစိုးရက မြန်မာစစ်ကောင်စီကို ဒဏ်ခတ်အရေးယူမှုတွေပြုလုပ်ဖို့ စဉ်းစားနေတယ်လို့ နိုင် ငံခြားရေးဝန်ကြီး ပန်နီဝေါင်းက ပြီးခဲ့တဲ့အပတ်အတွင်း ပြောကြားခဲ့ပါတယ်။
ကိုးကား – Newsroom
မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။