အခုလက်ရှိအခြေအနေတွေမှာ နိုင်ငံတော် ကို တပ်မတော်က အနစ်နာခံပြီး ထိန်းသိမ်းဆောင်ရွက်နေရတာပါဆိုတဲ့ မိအောင်လှိုင်

Local News

အခုလက်ရှိအခြေအနေတွေမှာ နိုင်ငံတော် ကို တပ်မတော်က အနစ်နာခံပြီး ထိန်းသိမ်းဆောင်ရွက်နေရတာပါဆိုတဲ့ မိအောင်လှိုင်
မင်္ဂလာပါ ပရိသတ်ကြီးရေ.. မိုးနတ်မင်း သတင်းစုံမှ ကြိုဆိုလိုက်ပါတယ်။ အခုတင်ဆက်ပေးမယ့် သတင်းလေးကတော့ အခုလက်ရှိအခြေအနေတွေမှာ နိုင်ငံတော် ကိုတပ်မတော်က အနစ်နာခံပြီး ထိန်းသိမ်းဆောင်ရွက်နေရတာပါဆိုတဲ့ မိအောင်လှိုင် ဆိုတဲ့သတင်းလေးပဲ ဖြစ်ပါတယ်။
လက်ရှိဖြစ်နေတဲ့အခြေအနေမှာ နိုင်ငံကိုထိန်းသိမ်းနိုင် သည်မှာတပ်မတော်သာလျှင်ဖြစ်ပြီးတပ်မတော်အနေဖြင့် တချို့အရာများမှာအနစ်နာခံဆောင်ရွက်ခဲ့ရတာတွေရှိတယ်လို့ အာဏာသိမ်းစစ်ခေါင်းဆောင် မင်းအောင်လှိုင်က သူရဲ့လက်အောက်ခံစစ်ကောင်စီတပ်ဖွဲ့ဝင်တွေကို ပြောဆိုခဲ့ပါတယ်။


ဇူလိုင် ၄ ရက် မနေ့က ဧရာဝတီတိုင်း၊ပုသိမ်မြို့ကိုလာရောက်ပြီး သူ့ရဲ့လက်အောက်ခံ ပုသိမ်မြို့အခြေစိုက် အနောက်တောင်တိုင်းစစ်ဌာနချုပ်(နတခ)နဲ့လက်အောက် ခံတပ်ရင်း/တပ်ဖွဲ့ဝင်တွေကိုတွေ့ဆုံစဥ်မှာ အာဏာသိမ်းခဲ့ရတဲ့ဖြစ်စဥ်တွေနဲ့ပတ်သက်ပြီး အခုလိုပြောဆိုစည်းရုံးခဲ့တာပါ။


ဒါ့အပြင် နိုင်ငံအတွင်း နိုင်ငံရေးလုပ်ဆောင်နေတဲ့ နိုင်ငံ ရေးသမားတွေအနေနဲ့ နိုင်ငံရေးရင့်ကျက်မှုနဲ့ သဟဇာ တဖြစ်မှုရှိရန် လိုအပ်နေသေးတာကိုတွေ့နေရတယ်လို့ စစ်ခေါင်းဆောင်က ဝေဖန်ပြောဆိုသွားပါသေးတယ်။


စစ်အာဏာသိမ်းပြီးတဲ့နောက်မှာ လက်နက်ကိုင်ခုခံတော်လှန်မှုတွေနဲ့ CDM တွေများပြားလာတာကြောင့်အာဏာ သိမ်းစစ်ခေါင်းဆောင် ၂ ယောက်ဟာ တမြို့ဝင်တမြို့ထွက် အောက်ခြေအဆင့်တွေကို အာဏာသိမ်းမှုအခြေ အနေတွေနဲ့ပတ်သက်ပြီး အခုလိုလိုက်လံစည်းရုံးဟော ပြောနေရတာပါ။


ခုလက်ရှိမှာ စစ်ခေါင်းဆောင်မင်းအောင်လှိုင်ရောက်ရှိနေလို့ ပုသိမ်မြို့နဲ့အနီးတဝိုက်ကို ကုန်းကြောင်း၊ရေကြောင်း လုံခြုံရေးအပြည့်ချထားပြီးစစ်ဆေးမှုတင်းကျပ်နေတယ် လို့ ဒေသခံတွေဆီကသိရပါတယ်။

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။