အချက်အလက်တွေပေါက်ကြားလို့ ပြဿနာတက်နေတဲ့ Kaung For You နဲ့ပါတ်သတ်ပြီး ဒဲ့ပြောလိုက်တဲ့ ကိုဇင်ဇေ

Local News

အချက်အလက်တွေပေါက်ကြားလို့ ပြဿနာတက်နေတဲ့ Kaung For You နဲ့ပါတ်သတ်ပြီး ဒဲ့ပြောလိုက်တဲ့ ကိုဇင်ဇေ
မင်္ဂလာပါ ပရိသတ်ကြီးရေ.. မိုးနတ်မင်း သတင်းစုံမှ ကြိုဆိုလိုက်ပါတယ်။ အခုတင်ဆက်ပေးမယ့် သတင်းလေးကတော့ အချက်အလက်တွေပေါက်ကြားလို့ ပြဿနာတက်နေတဲ့ Kaung For You နဲ့ပါတ်သတ်ပြီး ဒဲ့ပြောလိုက်တဲ့ ကိုဇင်ဇေ ဆိုတဲ့သတင်းလေးပဲ ဖြစ်ပါတယ်။
K4U ကျောင်း က အချက်အလက်ပေါက်တဲ့ ကိစ္စ
( လာလာ မေးကြလွန်းလို့ ) ကျွန်တော့် အမြင်ကိုပဲ
ပွင့်ပွင့်လင်းလင်း ပြောတာပါ …
ကိုက်မှ ယူပါ …
ငြင်းဖို့ အချိန်မပေးချင်တော့လို့ပါ ။
၁။
သူတို့ Form မဟုတ်တဲ့
လူလိမ်တွေရဲ့ Form အတုကို ဖြည့်မိလို့ ပေါက်တယ် လို့
သူတို့K4U က တင်ထားပါတယ် …
ဒါပေမယ့် တစ်ဖက်မှာလည်း
“ ငါတို့ အဲ့လောက် မညံ့ဘူး …
မင်းတို့ ဖောင်ပဲ ဖြည့်ပေးလိုက်တာ “ ဆိုတဲ့
မိဘ တစ်ချို့ရဲ့ အသံတွေ ရှိပါတယ် ။
အဲ့ မိဘတွေရဲ့ စကားကိုလည်း
ထည့်တော့ တွက်ရပါမယ် …
အကုန် လျှော်ချနေလို့ မရပါဘူး ။


၂။
K4U ဖောင် အစစ်ကိုပဲ ဖြည့်လိုက်လျက်နဲ့
အချက်အလက် ပေါက်နေတာ ဆို
(လူ တစ်ချို့ သံသယ ဝင်နေသလို )
အတွင်း လူ က လုပ်တာ ဆိုတော့
စုံစမ်း စစ်ဆေး ဖော်ထုတ်ပေးဖို့
K4U မှာ တာဝန် ရှိပါတယ် ။
ပြီးရင် အဲ့လူ ဘယ်သူလဲ ဆိုတာနဲ့ …
အဲ့လူ ကို
ဘယ်လို အပြစ်ပေးလိုက်တယ် ဆိုတာကိုလည်း
( Public ကို ပေးမသိရင်တောင် )
အချက်အလက် ပေါက်ခံလိုက်ရတဲ့
ကျောင်းသား မိဘတွေကို ပေး သိရပါမယ် ။


၃။
တကယ်လို့ K4U Form အတုကို ဖြည့်မိလို့
အချက်အလက် ပေါက်သွားတာမျိုးဆို
K4U က တာဝန်ယူ ဖြေရှင်း ပေးလို့ ရတဲ့
ကိစ္စ မဟုတ်ပါဘူး …
အဲ့ဒါကို
တာဝန်ယူ ဖြေရှင်းပေးနိုင်သယောင်ယောင် ကြေညာရင် ..
အဲ့လို ကြေညာတာကိုက လွဲနေတာပါ …
NUG ကို ပါ တင်ပြ ဖြေရှင်းခိုင်းနေပါတယ် …
ဆိုတာမျိုးလည်း
( ခေါင်းရောင်းသလို ) မလုပ်သင့်ပါဘူး …
ဒီ ကိစ္စက NUG မကလို့
သိကြားမင်း ဆင်းရှင်းလည်း
ပေါက်ပြီးသား အချက်အလက်တွေကို မပေါက်တော့အောင်
ပြန်လုပ်မရနိုင်ပါဘူး …
( CDM ဆရာ/ဆရာမတွေ နဲ့ ဖွဲ့စည်းထားတဲ့
မြို့နယ် ပညာရေး ဘုတ်အဖွဲ့ တွေက
ဦးဆောင်တည်ထောင်တဲ့ ကျောင်းမျိုး မဟုတ်ပဲ
ပြင်ပ ကျောင်း ဖြစ်တဲ့ အတွက်
NUG စီမံမှု အောက်မှာ အပြည့်ရှိတယ် လို့
ပြောလို့ မရပါဘူး ၊
ချိတ်ဆက်မှုပဲ ရှိထားတာမျိုးပါ ။
ဒါကြောင့် ပြဿနာတက်မှ
NUG ပါ အချောင် ခေါင်းကြိမ်းအောင်
ခေါင်းရောင်းသလို မဖြစ်ဖို့ လိုပါတယ် )


၄။
၂ ဖြစ်ဖြစ် … ၃ ဖြစ်ဖြစ် …
ဖြေရှင်း ပေးနိုင်စွမ်း မရှိတော့တာ သေချာရင်
( ဝေဖန် ထောက်ပြသူတွေက
ငါတို့ကို တမင် တိုက်ခိုက်နေကြတာ ဆိုပြီး
စကားကို အလွယ် မပြောပဲ )
အလေးအနက် အနူးအညွတ် တောင်းပန်ဖို့ရယ် …
အချက်အလက် ပေါက်သွားတဲ့ မိဘတွေ ကို
သတိထားစရာ – ဆောင်ရန် ရှောင်ရန် တွေ
သေချာ ကြေညာပေးဖို့ပဲ လုပ်လို့ ရတော့ပါလိမ့်မယ် ။


၅။
စကတည်းက မှားနေတာကို … မပြောချင်လို့
( မနာလိုလို့ ပြောနေသယောင်ယောင်
လာမန့်နေတဲ့ လူတွေကို စိတ်ပျက်လွန်းလို့ )
မပြောခဲ့ပေမယ့်
နောင် အလားတူ ကိစ္စ ထပ်ဖြစ်မှာ စိုးလို့
ခုတော့ ပြောပါရစေ …
ကျောင်းအပ် လက်ခံရာမှာ
( တကယ်လည်း CDM Database နဲ့ တိုက်စစ်နိုင်တာ မဟုတ်ပဲနဲ့ )
ခုလောက်ထိ အချက်အလက်တွေ
အသေးစိတ် ကောက်တာကိုက လွဲနေတာပါ ။
ကျောင်းသား ၁ သိန်းမှာ ၃ သောင်းကို ရွေးချယ်ရာမှာ
ဘယ်လို ရွေးခဲ့တယ် ဆိုတဲ့ မူဝါဒ တိတိကျကျကိုလည်း
ခုထိ ကျွန်တော်တော့ မဖတ်မိသေးပါဘူး ။
အဲ့လို ရွေးထုတ်နိုင်ဖို့
ခုလောက်ထိ ( CDM စစ်မစစ် စစ်နိုင်လောက်အောင် )
အချက်အလက်တွေ ကောက်ခဲ့တာပါ ဆိုရင် …
ကိစ္စ မရှိပေမယ့် …
ကျွန်တော်ကတော့
သူတို့ အဲ့လို CDM database တစ်ခုခု နဲ့
သေချာ တိုက်စစ်ပြီး လက်ခံခဲ့တယ် လို့ မထင်ပါဘူး ။
( တကယ် တိုက်စစ်ပြီး လက်ခံပေးတာဆိုရင်
အဲ့လောက် မမြန်နိုင်ပါဘူး …
တကယ် တိုက်စစ်-မစစ် NUG နဲ့ CRPH က
CDM database ကိုင်ထားသူတွေ သိပါလိမ့်မယ် ။
Database နဲ့ မစစ်ပဲ ကိုယ့်နည်းကိုယ့်ဟန်နဲ့
သေချာ လိုက်စစ်တာလည်း ဖြစ်ချင် ဖြစ်နိုင်ပေမယ့် …
ကျွန်တော်ကတော့
( အပေါ်မှာ ပြောထားသလို …
မြန်နေတယ်လို့ ထင်တဲ့ အတွက် )
အဲ့လို သေချာ စစ်ထားတယ်လို့ မထင်ပါဘူး ။
( ဒဲ့ ပြောရရင် …
CDM ဟုတ်မဟုတ် တိုက်မစစ်နိုင်ပဲနဲ့
– ခုကာလလိုမျိုး
လုံခြုံရေး အထူးသတိထားနေရချိန်မျိုးမှာ –
အဲ့လောက် အချက်အလက်တွေထိ ကောက်စရာ
လိုကို မလိုပါဘူး )


📌
ပိုဆိုးတာ တစ်ချက်က
ဖုန်းနံပါတ်တောင်းထားပြီး
ဖုန်း ဆက်တယ် … ဆိုတဲ့ ကိစ္စပါ ။
အွန်လိုင်း ကနေ သင်မယ့် သူတွေကို
ဖုန်းဆက်မှ အကြောင်းကြားလို့ ရတာ မဟုတ်ပါဘူး ။
FOEIM လို Email
တခြား ကျောင်းတွေလို Messenger ကနေပဲ
ဆက်သွယ် အကြောင်းကြားလို့ ရသလို …
( လူ ၃ သောင်းကို ဖုန်းဆက်ရတဲ့ ကုန်ကျစရိတ်တောင်
သက်သာ သွားပါဦးမယ် )
စကတည်းက
ကလေးနဲ့ မိဘ ကို သုံးစေချင်တဲ့ နာမည်ဝှက် မေးထားပြီး
Page မှာ Public Post တင်ပြီးကို
ကြေညာပေးလိုက်လို့ ရပါတယ် ။
( PDF တွေ / ရန်ပုံငွေ ရှာ အဖွဲ့တွေ ရဲ့ Pages တွေမှာ
အလှု မှတ်တမ်းတင်ပေးနေသလိုမျိုး )
ကျောင်းတက်ခွင့် ရသူတွေကို
နာမည်ဝှက် နဲ့ တင်ပေးလိုက်ရင်
လုံခြုံရေး မပူရနိုင်ဘူး လို့ .. ဆိုလိုတာပါ ။
ရှားရှားပါးပါး
ကလေးရော မိဘရော နဲ့ နာမည်ထပ်မှာ စိုးရင်
Email လိပ်စာ ( or Telegram Name ) ရဲ့
ရှေ့နောက် စာလုံး လေး ပါ ထည့်ပြီး
ကြေညာပေးရုံပါပဲ …
ဒါမှမဟုတ် …
သူတို့ စိတ်ကြိုက် နံပါတ် တစ်ခုခု ပါ
ရွေးခိုင်းထားပေါ့ … )
လုပ်ချင်ရင် လုပ်လို့ ရတဲ့ နည်းက အများကြီးပါ ..
မလုပ်ခဲ့လို့
ပြဿနာ တက်တဲ့ အခါ …
ခုလောက်ထိ ဆိုးရတာပါပဲ ။


ဒါကြောင့်
K4U ကျောင်းကိုယ်တိုင်က
နောက် တစ်ခါ ထပ်မဖြစ်ဖို့ နဲ့
တခြား ကျောင်းတွေလည်း ကြို သတိထားရအောင်
Public Post အနေနဲ့ပဲ တင်ပြီး အကြံပေးလိုက်ပါတယ် …
တစ်ချို့ အချက်အလက်တွေက
ဟန်ငြိမ်းဦးဆီထိ ရောက်ကုန်တယ်လို့
ဟန်ငြိမ်းဦး Channel က ပြောနေတာမို့
< ဟုတ်သော်ရှိ မဟုတ်သော်ရှိ >
ပေါ့ပေါ့လေး တော့ တွေးလို့ မရပါဘူး …
စိတ်မရှင်းရင်
( လိုရမယ်ရ ) နေရာ ကြိုပြောင်းထားဖို့
သတိပေးချင်ပါတယ် ။
အဆင်ပြေပြေ – ကျော်လွှားနိုင်ကြပါစေဗျာ …


#ကိုဇင်ဇေ
#ပညာရေးသပိတ်
စာကြွင်း ။
NUG – MOE က လူ တစ်ချို့နဲ့ရော …
ပြည်သူ့ကျောင်းတွေ စီစဉ် ဖွင့်လှစ်ပေးနေတဲ့
မြို့နယ် ပညာရေး ဘုတ် အဖွဲ့ တစ်ချို့နဲ့ရော
ကျွန်တော် တိုက်ရိုက် စကားပြောဖူး – အကြံပေးဖူးတာတွေ ရှိပါတယ် …
နောင်လည်း ကျွန်တော့် အကြံဉာဏ် လိုအပ်တယ်ဆို
ပြောပေးနေမှာပါပဲ …
K4U နဲ့တော့ မပြောဖူးပါဘူး …
( သူတို့ ကျောင်းက လူတစ်ချို့ ရဲ့
စာရေးပုံ / စကားပြောပုံကို မကြိုက်လို့ )


နောင်လည်း ပြောချင်စိတ်မရှိပါဘူး …
Public ကနေပဲ
ပြောသင့်တယ် ထင်သလောက် ပြောပါ့မယ် ။
မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။