လှိုင်မြို့နယ်၊ သုခမှတ်တိုင်မှာ စစ်ကောင်စီက ဆန္ဒပြလူငယ်များကို ကားဖြင့်တိုက်ဖမ်းဆီး​သော်လည်းကားတိုက်ခံရသူအပါအဝင်အားလုံးလွတ်​မြောက်

Local News

လှိုင်မြို့နယ်၊ သုခမှတ်တိုင်မှာ စစ်ကောင်စီက ဆန္ဒပြလူငယ်များကို ကားဖြင့်တိုက်ဖမ်းဆီး​သော်လည်းကားတိုက်ခံရသူအပါအဝင်အားလုံးလွတ်​မြောက်
မင်္ဂလာပါ ပရိသတ်ကြီးရေ.. မိုးနတ်မင်း သတင်းစုံမှ ကြိုဆိုလိုက်ပါတယ်။ အခုတင်ဆက်ပေးမယ့် သတင်းလေးကတော့ လှိုင်မြို့နယ်၊ သုခမှတ်တိုင်မှာ စစ်ကောင်စီက ဆန္ဒပြလူငယ်များကို ကားဖြင့်တိုက်ဖမ်းဆီး​သော်လည်းကားတိုက်ခံရသူအပါအဝင်အားလုံးလွတ်​မြောက် ဆိုတဲ့သတင်းလေးပဲ ဖြစ်ပါတယ်။
ရန်ကုန်မြို့ လှိုင်မြို့နယ် သုခမှတ်တိုင်အနီးတွင်ယနေ့ ညနေပိုင်း၌ ပြုလုပ်သည့် 7July အထိမ်းအမှတ်အဖြစ်စစ်အာဏာရှင်ဆန့်ကျင်ရေးဆန္ဒပြပွဲမှ လူငယ်များကိုစစ်ကောင်စီက အိမ်စီးကားဖြင့်တိုက်၍ ဖမ်းဆီးခဲ့​သော်လည်းကားဖြင့်တိုက်ခံရ​သောလူငယ်အပါအဝင်ဆန္ဒပြလူငယ်များလွတ်​မြောက်ခဲ့ကြောင်းသပိတ်ကော်မတီဝင်များကပြောသည်။
ကားဖြင့် တိုက်ခံရသည့် လူငယ်သည် Yangon Revolution Strike သပိတ်အဖွဲ့မှ ရဲဘော်တစ်ဦးဖြစ်ပြီးဒဏ်ရာရရှိခဲ့သော်လည်း ဖမ်းဆီးခံရခြင်းမရှိဘဲ လွတ်မြောက်ခဲ့ခြင်းဖြစ်သည်။ ကျန်ဆန္ဒပြလူငယ်များလည်းလွတ်​မြောက်ခဲ့​ကြောင်းသပိတ်​ကော်မတီဝင်များထံမှသိရသည်။


“အဖွဲ့က ကလေးတစ်ယောက်ကို ငှဲ့လိုက်တာ။ ကားလမ်းပေါ်ကို ကလေးတစ်ယောက်က နေရာယူနေလို့ ကျွန်တော် စိတ်မချလို့ ထောင့်မှာ ကာလိုက်တာပါ။ အိမ်က အဖေ၊ အမေ မျက်နှာပြန်မြင်ပြီး ဇောနဲ့ထပြေးရတာ အခုတော့ အရမ်းနာနေတယ် ” ဟု ကားဖြင့် တိုက်ခံရသည့်လူငယ်၏ ပြောကြားချက်ကို သပိတ်ကော်မတီဝင်တစ်ဦးကလူမှုကွန်ယက်မှတဆင့် မျှဝေအသိ​ပေးထားသည်။


ဇူလိုင် ၇ ရက် ညနေ ၃နာရီဝန်းကျင်တွင်ပြုလုပ်သည့်ဆန္ဒပြပွဲကို အကြမ်းဖက် စစ်ကောင်စီကအိမ်စီးကား Toyota Belta အဖြူရောင် ကားနံပါတ် YGN/7J-5050 ဖြင့်ဝင်တိုက်ဖြိုခွင်းခဲ့ခြင်းဖြစ်သည်။ကားဖြင့်တိုက်ပြီးနောက်အိမ်စီးကားဖြင့်ပင်စစ်​ကောင်စီတပ်သားများ​ရောက်လာပြီး​သေနတ်ပစ်များပစ်​​​ဖောက်ခဲ့​သော်လည်း ဆန္ဒပြလူငယ်များထွက်​ပြေးလွတ်​မြောက်ခဲ့သည်။


(ဆန္ဒပြလူငယ်များကို စစ်​ကောင်စီတပ်က ကားဖြင့်တိုက်​နေစဥ်။ ။ဓာတ်ပုံ – AAMIJ)
မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။