စစ်အာဏာသိမ်းမှုဖြစ်ပြီးတဲ့နောက် အင်တာနက်ဖြတ်တောက်ခံထားရတဲ့ဒေသတွေမှာ အင်တာနက်ရဖို့ ဘယ်လိုကြိုးပမ်းနေကြလဲ

Local News

စစ်အာဏာသိမ်းမှုဖြစ်ပြီးတဲ့နောက် အင်တာနက်ဖြတ်တောက်ခံထားရတဲ့ဒေသတွေမှာ အင်တာနက်ရဖို့ ဘယ်လိုကြိုးပမ်းနေကြလဲ

မင်္ဂလာပါ ပရိသတ်ကြီးရေ.. မိုးနတ်မင်း သတင်းစုံမှ ကြိုဆိုလိုက်ပါတယ်။ အခုတင်ဆက်ပေးမယ့် သတင်းလေးကတော့ စစ်အာဏာသိမ်းမှုဖြစ်ပြီးတဲ့နောက် အင်တာနက်ဖြတ်တောက်ခံထားရတဲ့ဒေသတွေမှာ အင်တာနက်ရဖို့ ဘယ်လိုကြိုးပမ်းနေကြလဲ ဆိုတဲ့သတင်းလေးပဲ ဖြစ်ပါတယ်။

အင်တာနက်ရဖို့ ဘယ်လိုကြိုးပမ်းနေကြပါလဲ။ ဘီဘီစီပရိသတ်တွေအနေနဲ့ ကိုယ့်အမြင်သဘောထားတွေကို မှတ်ချက်ပေးဖို့ လေးစားစွာဖိတ်ခေါ်ပါတယ်။

စစ်အာဏာသိမ်းမှုဖြစ်ပြီးတဲ့နောက် အင်တာနက်ဖြတ်တောက်ခံထားရတဲ့ဒေသတွေမှာ ဂြိုဟ်တုနည်းပညာသုံး Starlink အင်တာနက်ကွန်ရက်ကို အသုံးပြုနိုင်ရေး လက်မှတ်ရေးထိုးတောင်းဆိုမှု ရှိလာပါတယ်။
Starlink ကွန်ရက်ဟာ ဘီလျံနာသူ‌‌ဌေး အီလွန်မက်စ်ပိုင်ဆိုင်တာဖြစ်ပြီး အဲဒီကွန်ရက်ကို အသုံးပြုနိုင်ဖို့ တောင်းဆိုလက်မှတ်တွေကို အွန်လိုင်းကနေ စုဆောင်းတာတွေလည်းရှိနေပါတယ်။

လက်ရှိမှာ အီလွန်မက်စ်ဟာ Starlink ဂြိုဟ်တုကွန်ရက်ကို ရုရှားကျူးကျော်စစ်ခံနေရတဲ့ယူကရိန်းနိုင်ငံမှာ အင်တာနက်အသုံးပြုနိုင်ဖို့ အခုနှစ်ဖေဖော်ဝါရီလကတည်းက ကူညီနေသလို လက်ရှိမှာလည်း အမေရိကန်အစိုးရရဲ့ အရေးယူ ပိတ်ဆို့မှု ဒဏ်ခံနေရတဲ့ အီရန်နိုင်ငံထဲမှာလည်း အသုံးပြုနိုင်ရေး တောင်းဆိုမှုတွေကြောင့် ခြေလှမ်း နေပါတယ်။

ဒီလိုအခြေအနေတွေကြောင့် မြန်မာပြည်တွင်းက အင်တာနက်အပိတ်ခံထားရတဲ့ မြို့နယ်ပေါင်း ၅၀ ကျော်မှာ လည်း ဂြိုဟ်တုကနေ အင်တာနက်အသုံးပြုနိုင်ခွင့်ရေး တောင်းဆိုမှုတွေ လူမှုကွန်ရက်ပေါ်မှာ ပြန်လည် ထွက်ပေါ်လာတာဖြစ်ပါတယ်။
ပြည်တွင်းမှာရော Starlink ကွန်ရက်အသုံးပြုနိုင်ဖို့ ဘယ်လောက်အထိ မျှော်လင့်နိုင်ပါမလဲ။ နောက် ဒီလို တောင်းဆိုမှုတွေမှာရော ပါဝင်မယ်လို့ စိတ်ကူးမိကြပါလား။ ကိုယ့်အမြင်သဘောထားတွေကို ဒီပို့စ် အောက်မှာ မှတ်ချက်ပေး မျှဝေဖို့ ဖိတ်ခေါ်ပါတယ်။

ရေးသားသူ – ဘီဘီစီမြန်မာပိုင်း

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း
မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။