ကျိုက်ထီးရိုးဘုရား တောင်တက်ဂိတ်ရှိ စစ်ကောင်စီတပ်ဖွဲ့ဝင်များ ပစ်ခတ်ခံရပြီး ပြည်သူတချို့ ဒဏ်ရာရ

Local News

ကျိုက်ထီးရိုးဘုရား တောင်တက်ဂိတ်ရှိ စစ်ကောင်စီတပ်ဖွဲ့ဝင်များ ပစ်ခတ်ခံရပြီး ပြည်သူတချို့ ဒဏ်ရာရ

မင်္ဂလာပါ ပရိသတ်ကြီးရေ.. မိုးနတ်မင်း သတင်းစုံမှ ကြိုဆိုလိုက်ပါတယ်။ အခုတင်ဆက်ပေးမယ့် သတင်းလေးကတော့ ကျိုက်ထီးရိုးဘုရား တောင်တက်ဂိတ်ရှိ စစ်ကောင်စီတပ်ဖွဲ့ဝင်များ ပစ်ခတ်ခံရပြီး ပြည်သူတချို့ ဒဏ်ရာရ
ဆိုတဲ့သတင်းလေးပဲ ဖြစ်ပါတယ်။

ရန်ကုန်၊ အောက်တိုဘာ ၁၂
မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်၊ ကင်မွန်းစခန်း (ကင်မွန်းချောင်း) ကျေးရွာအနီး၊ ကျိုက်ထီးရိုးဘုရားတောင်တက်ဂိတ်ရှိ စစ်ကောင်စီတပ်ဖွဲ့ဝင်များကို အမည်စီစစ်ဆဲ အဖွဲ့က အောက်တိုဘာလ ၁၂ ရက် ယနေ့ နံနက်၌လာရောက်ပစ်ခတ်ခဲ့ပြီး တိုက်ပွဲဖြစ်ပွားကာ စစ်ကောင်စီဘက်က အနီးဝန်းကျင်သို့ lat nat ကြီး၊ lat nat ငယ်များဖြင့် ပစ်ခတ်သဖြင့် ပြည်သူ ၃ ဦး thay ဆုံးပြီး ပြည်သူ တချို့ဒဏ်ရာရရှိကြောင်း ဒေသခံများက ပြောသည်။

အောက်တိုဘာလ ၁၂ ရက် ယနေ့နံနက် ၁၀ နာရီ ၁၅ မိနစ်မှ စတင်ကာ lat nat ကြီး၊ lat nat ငယ်ပစ်ခတ်သံများ ကြားရပြီး တိုက်ပွဲဖြစ်ပွားနေကြောင်း ဒေသခံများထံမှ သိရှိရသည်။

“ပစ်တာက အပြန်အလှန်ပစ်ကြတာ။ စစ်တပ်ဘက်က လူအုပ်ဘက်ကို ပြန်ပစ်တာမှာ ပြည်သူ ၃ ဦး thay ပါတယ်။ ကျနော်တို့တောင် ပုန်းလွတ်လို့ လွတ်သွားတာ။ ဟိုဘက်က လာပစ်တာက ဘယ်က ပစ်မှန်းမသိတာကို စစ်တပ်ဘက်က ရမ်းသမ်းပစ်တာ” ဟု ကျိုက်ထီးရိုးတောင်တက်ဂိတ်မှ ဆိုင်ရှင်တစ်ဦးက ပြောသည်။

ဒေသသတင်းရင်းမြစ်များကမူ ကျိုက်ထီးရိုးတောင်တက်ဂိတ်ရှိ စစ်ကောင်စီတပ်ဖွဲ့ဝင်များ ပစ်ခတ်ခံရခြင်းဖြစ်ပြီး ၁၅ ဦးခန့် ဒဏ်ရာရကာ ကျိုက်ထိုဆေးရုံသို့ ပို့ဆောင်ထားကြောင်း ဖော်ပြကြသည်။

“ဝင်းကလောကျေးရွာဘက်မှာ ဖြစ်တာ၊ ကင်မွန်းချောင်းနဲ့ ကျိုက်ထိုကြားမှာပါ။ မနက် ၁၀ နာရီ ၁၅ မိနစ်ကနေ ၁၁ နာရီ ကျော်အထိ ဖြစ်နေတယ်။ စစ်ကောင်စီက lat nat ကြီးနဲ့ ပစ်နေတယ်” ဟု ဒေသခံတစ်ဦးက ရန်ကုန်ခေတ်သစ်သို့ ပြောဆိုသည်။

အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့ကို မည်သည့်အဖွဲ့က လာရောက်ပစ်ခတ်သည်ကို ရန်ကုန်ခေတ်သစ်က အတည်ပြုနိုင်ရန် ဆက်လက်စုံစမ်းလျက်ရှိသည်။
အဆိုပါဒေသသည် ကရင်အမျိုးသားအစည်းအရုံး KNU တပ်မဟာ ၁ အုပ်ချုပ်နယ်မြေအတွင်း တည်ရှိပြီး စစ်ကောင်စီတပ်ဖွဲ့များ ယာဉ်တန်းများကို KNLA နှင့် PDF ပူးပေါင်းတပ်ဖွဲ့များက မကြာခဏ တိုက် ခိုက်လျက်ရှိသည်။

ရေးသားသူ – ခေတ်သစ်မီဒီယာ

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။