တောထဲတွင်အစာရေစာပြတ်နေသည့် မ​လေးရှားသွားကြမည့် မြန်မာ ၈ ဦး ထိုင်းစစ်တပ်ကဖမ်းဆီး

Local News

တောထဲတွင်အစာရေစာပြတ်နေသည့် မ​လေးရှားသွားကြမည့် မြန်မာ ၈ ဦး ထိုင်းစစ်တပ်ကဖမ်းဆီး

မင်္ဂလာပါ ပရိသတ်ကြီးရေ.. မိုးနတ်မင်း သတင်းစုံမှ ကြိုဆိုလိုက်ပါတယ်။ အခုတင်ဆက်ပေးမယ့် သတင်းလေးကတော့ တောထဲတွင်အစာရေစာပြတ်နေသည့် မ​လေးရှားသွားကြမည့် မြန်မာ ၈ ဦး ထိုင်းစစ်တပ်ကဖမ်းဆီး ဆိုတဲ့သတင်းလေးပဲ ဖြစ်ပါတယ်။

ရန်ကုန်၊ အောက်တိုဘာ ၁၂
ထိုင်းနိုင်ငံ ရနောင်းခရိုင်အခြေအစိုက် အမှတ် (၂၅) ခြေမြန်တပ်ရင်းအထူးတပ်ဖွဲ့က မလေးရှားနိုင်ငံသို့ သွားရောက်အလုပ်လုပ်ကိုင်ကြမည့် မြန်မာ ၈ ဦးကို ထိုင်းအာဏာပိုင်များက အောက်တိုဘာ ၁၂ ရက် နံနက် ၁နာရီဝန်းကျင် ဖမ်းဆီးလိုက်သည်။

ပွဲစားများသည် တရားမဝင် အလုပ်သမားတင်သွင်းလာသည့် လုပ်ငန်းရှိကြောင့် ဒေသခံတစ်ချို့က သတင်းပေးပို့ခဲ့၍ ထိုင်းလုံခြုံရေးစစ်တပ်က ကရာဘူရီမြို့နယ်၊ အုပ်စု (၅)၊ ကျော်ပေါ်လော်ကျေးရွာ၊ ဆီအုန်းတောတွင် ဖမ်းဆီးခဲ့ခြင်းဖြစ်သည်။

၎င်းတို့ ၈ ဦးမှာ ပွဲစားနှင့် ချိတ်ဆက်ပြီး တရားမဝင်လမ်းကြောင်းမှ ထိုင်းနိုင်ငံကို ဖြတ်ကျော်လာစဥ်မှာ ရနောင်းခရိုင်လုံခြုံရေးတပ်ဖွဲ့တပ်မမှူး ဗိုလ်မှူးကြီး ဖူမိဖတ် ဘွန်ရန်ခေါင်က သတင်းရ၍ စောင့်ဆိုင်းဖမ်းဆီးခဲ့ကြောင်း ထိုင်းနိုင်ငံသတင်းများတွင် ဖော်ပြထားသည်။

ပွဲစားများက တစ်ဆင့် ပို့ဆောင်ပေးခဲ့သည့် မြန်မာလုပ်သား ၈ ဦးသည် အဆိုပါ ဆီအုန်းတောတွင် နှစ်ရက်အတိတိ အစားအစာပြတ်လပ်မှုနှင့် ကြုံခဲ့ရပြီ ၎င်းတို့မှာ တောထဲတွင် ငှက်ပျောအူနှင့် ကဇွန်းဉများသာ ဝမ်းစာဖြည့်ပြီး အသက်ဆက်ခဲ့ရကြောင်း မြန်မာလုပ်သားများက ထိုင်းအာဏာပိုင်များကိုပြောပြသည်။

မြန်မာလုပ်သား ရခိုင်လူမျိုး အမျိုးသား ၇ ဦးနဲ့ အမျိူးသမီး ၁ စုစုပေါင်း ၈ဦးတို့ကို အာဏာပိုင်များဖမ်းဆီးခဲ့ပြီး ၎င်းတို့ကို တရားဉပဒေအရ ဆက်လက်အရေးယူရန် ကနဦးပါ့(က်)ကျန်ရဲစခန်းတွင် ဖမ်းဆီးထိန်းသိမ်းထားကြောင်း ရနောင်းခြေစိုက်အမှတ် (၂၅)ခြေမြန်တပ်ရင်းအထူးတပ်ဖွဲ့သတင်းပြန်ကြားရေး လူမှုစာမျက်နှာတွင် ရေးသားထားသည်။

ဖမ်းဆီးခံရသူ လုပ်သားများ၏ ထွက်ဆိုချက်အရ ၎င်းတို့မှာ ရခိုင်မှ ကားဖြင့် ၄ရက်လောက် စီးနင်းပြီး ကော့သောင်းမြို့ကို လာခဲ့ရကြောင်း ယင်းမှ တစ်ဆင့် ကော့သောင်းမြို့ကမ်းဘက်နေ ထိုင်းနိုင်ငံ၊ ရနောင်းခရိုင်ကမ်းဘက်ခြမ်းကို ပဲ့ချိတ်လှေနှင့် တရားမဝင် လာခဲ့ကြကြောင်း ဆိုသည်။

ရေးသားသူ – ခေတ်သစ်မီဒီယာ

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။