နတ်မောက်၊ ဖက်တောရေရွာကို စစ်တပ်က ယနေ့ ညပိုင်းတွင် မီးထပ်ရှို့နေပြီး အမျိုးသား ၁၂၀ ဦးကို ဖမ်းဆီး ရိုက်နှက်နေ

Local News

နတ်မောက်၊ ဖက်တောရေရွာကို စစ်တပ်က ယနေ့ ညပိုင်းတွင် မီးထပ်ရှို့နေပြီး အမျိုးသား ၁၂၀ ဦးကို ဖမ်းဆီး ရိုက်နှက်နေ

မင်္ဂလာပါ ပရိသတ်ကြီးရေ.. မိုးနတ်မင်း သတင်းစုံမှ ကြိုဆိုလိုက်ပါတယ်။ အခုတင်ဆက်ပေးမယ့် သတင်းလေးကတော့ နတ်မောက်၊ ဖက်တောရေရွာကို စစ်တပ်က ယနေ့ ညပိုင်းတွင် မီးထပ်ရှို့နေပြီး အမျိုးသား ၁၂၀ ဦးကို ဖမ်းဆီး ရိုက်နှက်နေ ဆိုတဲ့သတင်းလေးပဲ ဖြစ်ပါတယ်။

ရန်ကုန်၊ အောက်တိုဘာ ၁၈
မကွေးတိုင်း နတ်မောက်မြို့နယ် ဖက်တောရေရွာကို ယနေ့ ညပိုင်းတွင် အကြမ်းဖက် စစ်တပ်က မီးထပ်ရှို့နေကြောင်း ဒေသခံ ပြည်သူများထံမှ သိရသည်။

အကြမ်းဖက် စစ်တပ် စစ်ကြောင်းသည် ယနေ့ အောက်တိုဘာလ ၁၈ ရက်နေ့ ည ၇ နာရီခန့်တွင် ဖက်တောရေရွာ တောင်ပိုင်းမှ စတင်ကာ မီးရှို့ဖျက်ဆီးနေခြင်း ဖြစ်ပြီး က​ျေးရွာနေ ပြည်သူ အမျိုးသား ၁၂၀ ဦးကိုလည်း ဖမ်းဆီး ရိုက်နှက် နေကြောင်း သိရသည်။

” ဖက်တောရေကို အခုမီးထပ်ရှို့နေပါတယ်။ ရွာသားယောက်ကျားလေးတွေ အားလုံးလဲ ဖမ်းဆီး ရိုက်နှက်ခံနေတယ်။ အခုထိ လွှတ်မပေးသးဘူး။ ရွာထဲရှိတဲ့ အမျိုးသမီးတွေကိုလည်း ရွာအပြင်ထွက်ဖို့ အမိန့်ပေးထားပါတယ်။ စစ်တပ်က တစ်ရွာလုံးကို မီးရှို့မယ်ထင်တယ်။ ရွာထဲမှာရှိတဲ့ ကြက်တွေ ဝက်တွေကို ဒီနေ့တစ်နေကုန် စစ်တပ်က ဖမ်းဆီး thet ဖြတ် စားသောက်နေတယ်။ လူငယ်ပိုင်းတွေကို ရိုက်တာ မထနိုင်အောင်တဲ့သူနဲ့ မေ့သူတွေမေ့ပဲတဲ့ တော်တော်လေး နှိပ်စက် ခံထားရတယ်။ ဖမ်းခံရတဲ့သူ ၁၂၀ လောက်ရှိတယ်” ဟု ဒေသခံပြည်သူ တစ်ဦးကပြောဆိုသည်။

ဖက်တောရေရွာတွင် ပြည်သူပိုင် နေအိမ် ၃၀၀ ခန့်ရှိကာ အောက်တိုဘာလ ၁၇ ရက်နေ့ကလည်း အကြမ်းဖက် စစ်တပ်က ညအချိန် မီးရှို့ဖျက်ဆီးခဲ့ကာ ယနေ့တွင်လည်း ထပ်မံ မီးရှို့ဖျက်ဆီးနေခြင်း ဖြစ်ကြောင်းသည်။
အောက်တိုဘာလ ၁၆ ရက်နေ့က အကြမ်းဖက် စစ်တပ်နှင့် တော်လှန်ရေး တပ်ဖွဲ့များ တိုက်ပွဲ ဖြစ်ပွားပြီးနောက် စစ်တပ်ဘက်မှ ၄ ဦး thay ဆုံးကာ ဖက်တောရေရွာကို ဝင်ရောက် စီးနင်းခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ရေးသားသူ – ခေတ်သစ်မီဒီယာ

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။