ကန့်ဘလူတွင် စစ်တပ်က ပြည်သူ ၁၄ ဦးကို အကြောင်းမဲ့ ဖမ်းဆီး၊ မန္တလေးတွင်လည်း စစ်တပ်က မိုးကောင်းကျောင်းတိုက်ကို စီးနင်းပြီး သံဃာ ၂ ပါးကို အကြောင်းမဲ့ ဖမ်းဆီး

Local News

ကန့်ဘလူတွင် စစ်တပ်က ပြည်သူ ၁၄ ဦးကို အကြောင်းမဲ့ ဖမ်းဆီး၊ မန္တလေးတွင်လည်း စစ်တပ်က မိုးကောင်းကျောင်းတိုက်ကို စီးနင်းပြီး သံဃာ ၂ ပါးကို အကြောင်းမဲ့ ဖမ်းဆီး

မင်္ဂလာပါ ပရိသတ်ကြီးရေ.. မိုးနတ်မင်း သတင်းစုံမှ ကြိုဆိုလိုက်ပါတယ်။ အခုတင်ဆက်ပေးမယ့် သတင်းလေးကတော့ကန့်ဘလူတွင် စစ်တပ်က ပြည်သူ ၁၄ ဦးကို အကြောင်းမဲ့ ဖမ်းဆီး၊ မန္တလေးတွင်လည်း စစ်တပ်က မိုးကောင်းကျောင်းတိုက်ကို စီးနင်းပြီး သံဃာ ၂ ပါးကို အကြောင်းမဲ့ ဖမ်းဆီးဆိုတဲ့သတင်းလေးပဲ ဖြစ်ပါတယ်။


ရန်ကုန်၊ နိုဝင်ဘာ ၇
စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ် လျှော်ဖြူကုန်းနှင့် ဇီးကနား ရွာသား ၁၄ ဦးကို အကြမ်းဖက် စစ်တပ်က ဖမ်းဆီးသွားကြောင်း ဒေသခံများထံမှ သိရသည်။
နိုဝင်ဘာလ ၃ ရက်နေ့ မွန်းလွဲ ၂ နာရီခန့်တွင် အကြမ်းဖက် စစ်တပ် ခမရ ၃၆၃ တပ်မှ လျှော်ဖြူကုန်းရွာနှင့် ဇီးကနားရွာများကို lat nat ကြီးများဖြင့် ပစ်ခတ်ပြီး ဒေသခံ ပြည်သူ ၁၈ ဦးကို ဖမ်းဆီးခဲ့ကြောင်း၊ အဆိုပါ ဖမ်းဆီးခံရသူ ၁၈ ဦးထဲမှ ၄ ဦးသည် ပြန်လည် လွတ်မြောက်လာကြောင်း သိရသည်။

အကြမ်းဖက် စစ်တပ် လက်ရှိချိန်ထိ ဖမ်းဆီးထားသူများမှာ ဦးစိုးဝင်း၊ ဦးကျော်မြင့်ထွန်း၊ ဦးစိုးစံ၊ ဦးမိုးဝင်းထွန်း၊ ဦးကျော်စိုး၊ ဦးဇော်ဇော်၊ ဦးမြင့်ဦး၊ ဦးဇော်မင်းစိုး၊ ဦးငချို၊ ဦးအောင်စိုး၊ ဦးညီညီ၊ ဦးဝင်းဝင်းသူ၊ ဦးမျိုးမျိုးအောင်၊ ဦးထွန်းဦးတို့ ဖြစ်ကြောင်း သိရသည်။


“ဖမ်းခံရတဲ့သူတွေက ဇီးကနားရွာနဲ့ လျှော်ဖြူကုန်းရွာသားတွေ နိုဝင်ဘာ ၃ ရက်နေ့ ၂ နာရီဝန်းကျင်လောက်မှာ ဖမ်းခံရတယ်။ ဖမ်းခံရတဲ့ သူတွေ အားလုံးက ပြန်မလွတ်သေးဘူး။ ဖမ်းဆီးခံရတဲ့သူက ၁၈ ဦးရှိတယ်။ ပြန်လွတ်လာတာ ၄ ဦးရှိတယ်။ ကျန်တာတော့ မလွတ်သေးဘူး။ အခု ဖမ်းခံရတဲ့ သူတွေက ကန့်ဘလူမြို့နယ် ကိုးတောင်ဘို့ တိုက်နယ်ထဲက ရွာ ၂ ရွာက ပြည်သူတွေပဲ ဖမ်းဆီးခံရတဲ့သူတွေ အသက်ရှင်လျက် ရှိသေးတယ်။ တချို့တွေက thay ပြီးဆိုပြီး မဟုတ်မမှန် သတင်းတွေ လိုက်ဖြန့်နေတာရှိတယ်။ ကန့်ဘလူဘက်မှာ အကြမ်းဖက် စစ်တပ် ဘက်က လက်နက်ကြီးတွေနဲ့ အကြောင်းမဲ့ ပစ်ခတ် နေတာတွေရှိတယ်။ ပြည်သူတွေ ကလေးငယ်တွေကော thay ဆုံးနေတာတွေရှိတယ်။ အခုလက်ရှိ အကြမ်းဖက် စစ်တပ်က ပေါင်းကုန်း ကုန်းမှာ တပ်စွဲထားပါတယ်။ ကန့်ဘလူဘက်မှာ အကြမ်းဖက် စစ်တပ် စစ်ကြောင်းတွေက lat nat ကြီးတွေနဲ့ မကြာမကြာ ပစ်တာတွေ နေအိမ်တွေ မီးရှို့တာတွေ လုပ်ဆောင်တယ်။ စစ်ဘေးရှောင် စခန်းတွေမှာ ပြည်သူတွေ ၉ ထောင်ကနေ ၁ သောင်းဝန်းကျင်လောက်ရှိနေတယ်” ဟု ဒေသခံ ပြည်သူ တစ်ဦးကပြောဆိုသည်။
လက်ရှိချိန်တွင် ကန့်ဘလူမြို့နယ်အတွင်း စစ်ဘေးရှောင် ပြည်သူ ၁ သောင်းဝန်းကျင်ခန့်ရှိပြီး နိုဝင်ဘာလ ၃ ရက်နေ့ မွန်းလွဲ ၂ နာရီခန့်က အကြမ်းဖက် စစ်တပ် lat nat ကြီးဖြင့် ပစ်ခတ်ခဲ့ပြီး ဇီးကနားကျေးရွာမှ ပြည်သူ ၄ ဦးထိမှန်ကာ ၁၃ နှစ်အရွယ် ကလေးငယ် ၁ ဦး thay ဆုံးပြီး ကျန်ပြည်သူ ၃ ဦး ပြင်းထန် ဒဏ်ရာများ ရရှိခဲ့ကြောင်း သိရသည်။

အလားတူ မန္တလေးတွင် မိုးကောင်းကျောင်းတိုက်မှ သံဃာ ၂ ပါးကို အကြမ်းဖက် စစ်တပ်က အကြောင်း မဲ့ဖမ်းဆီးသွားကြောင်း သိရသည်။
နိုဝင်ဘာလ ၂ ရက်နေ့ ည ၇ နာရီခန့်တွင် အကြမ်းဖက် စစ်တပ်က မိုးကောင်းကျောင်းတိုက်ကို ဝင်ရောက် စီးနင်းပြီး ဆရာတော် ဦးအဇ္ဇုန နှင့် ရှင်ကုသလ တို့ကို စာအံကျောင်းတက်ချိန် အကြောင်းမဲ့ ဝင်ရောက် ဖမ်းဆီးသွားကြောင်း သိရသည်။
အကြမ်းဖက် စစ်တပ်က ဆရာတော် ၂ ပါးကို “စစ်မေးစရာရှိလို့ ခဏခေါ်သွားမည်၊ ပြန်ပို့ပေးပါမည်” ဟု ကျောင်းတိုက်မှ ဆရာတော်ကြီးကို ပြောဆိုပြီး ဖမ်းဆီးသွားကာ ယနေ့ နိုဝင်ဘာလ ၆ ရက်နေ့ထိ ပြန်လည်လွှတ်ပေးခြင်းမရှိဘဲ ဖမ်းဆီးထားကြောင်း၊ သံဃသမဂ္ဂ ဦးဆောင် သံဃာတော်ကို ဖမ်းမမိသည့်အတွက် အခြားသံဃာများကို ပြန်ပေးဆွဲသလို ဖမ်းဆီးချုပ်နှောင်ထားခြင်းအား သံဃသမဂ္ဂ(မန္တလေး) မှ ပြင်းပြင်းထန်ထန် ကန့်ကွက်ရှုတ်ချကြောင်း မန္တလေး သံဃသမဂ္ဂ ဆရာတော်များထုတ်ပြန်ထားသည်။
ဖမ်းဆီးခံရသော ဆရာတော် ဦးအဇ္ဇုန နှင့် ရှင်ကုသလ တို့အား ညှဉ်းပန်း နှိပ်စက်ခြင်းကြောင့် ကျန်းမာရေးနှင့် အသက်အန္တရာယ် တစုံတရာ ဖြစ်ခဲ့လျှင် အကြမ်းဖက် ဖမ်းဆီးခဲ့သူများသာ တာဝန်ခံ တာဝန်ယူကြရမည်ဖြစ်ကြောင်း သံဃသမဂ္ဂ ဆရာတော်များက ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
အကြမ်းဖက် စစ်တပ်သည် နိုဝင်ဘာလ ၂ ရက်နေ့ မွန်းလွဲ ၁ နာရီခန့်က မိုးကောင်းကျောင်းတိုက်ကို ယခင် သီတင်းသုံး နေထိုင်ခဲ့သည့် သံဃသမဂ္ဂ ဦးဆောင်ရဟန်းတစ်ပါးကို ဝင်ရောက်ရှာဖွေဖမ်းဆီးခဲ့သော်လည်း မတွေ့ရှိခြင်းကြောင့် ညပိုင်းတွင် ထပ်မံ ဝင်ရောက် စီးနင်းပြီး သံဃသမဂ္ဂနှင့် သက်ဆိုင်ခြင်း မရှိသော ဆရာတော် ၂ ပါးကို အကြောင်းမဲ့ ဖမ်းဆီးသွားခြင်း ဖြစ်ကြောင်း သိရသည်။

ရေးသားသူ – ခေတ်သစ်မီဒီယာ

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။