အမျိုးသားညီညွတ်ရေးအစိုးရ NUG ကို ဆက်လက် ထောက်ခံမည်ဟု အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ကြေညာ

Local News

အမျိုးသားညီညွတ်ရေးအစိုးရ NUG ကို ဆက်လက် ထောက်ခံမည်ဟု အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ကြေညာ

မင်္ဂလာပါ ပရိသတ်ကြီးရေ.. မိုးနတ်မင်း သတင်းစုံမှ ကြိုဆိုလိုက်ပါတယ်။ အခုတင်ဆက်ပေးမယ့် သတင်းလေးကတော့ အမျိုးသားညီညွတ်ရေးအစိုးရ NUG ကို ဆက်လက် ထောက်ခံမည်ဟု အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ကြေညာ ဆိုတဲ့သတင်းလေးပဲ ဖြစ်ပါတယ်။

ရန်ကုန်၊ နိုဝင်ဘာ ၈
မြန်မာနိုင်ငံကို ဒီမိုကရေစီလမ်းကြောင်းပေါ် ပြန်ရောက်အောင် ကြိုးစားနေသည့် အမျိုးသားညီညွတ်ရေး အစိုးရ NUG ကို ဆက်လက်အားပေး ထောက်ခံသွားမည်ဖြစ်ကြောင်း အမေရိကန် နိုင်ငံခြားရေးဝန်ကြီး အန်တိုနီ ဂျေ ဘလင်ကန် က ယနေ့ ၂၀၂၀ ရွေးကောက်ပွဲ ၂ နှစ်ပြည့်တွင် ထုတ်ပြန် ပြောဆိုလိုက်သည်။
အမျိုးသားညီညွတ်ရေး အစိုးရ NUG၊ အမျိုးသားညီညွတ်ရေး အတိုင်ပင်ခံကောင်စီ NUCC နှင့် ရိုဟင်ဂျာများ အပါအဝင် ဒီမိုကရေစီအရေး လှုပ်ရှားမှုများကို ဆက်လက် အားပေးထောက်ခံသွားမည်ဖြစ်ကြောင်း အမေရိကန် နိုင်ငံ ခြားရေးဝန်ကြီးက ပြောဆိုသည်။

အာဏာရှင်အဖွဲ့အစည်းသည် မြေလှန်မီးရှို့စစ်ဆင်ရေးများ ဆောင်ရွက်ပြီး ပြည်သူများအပေါ် အာဏာရှင်စနစ် ပြန်အသက်သွင်းရန် ကြိုးပမ်းနေကြောင်းလိုလည်း စစ်တပ်၏ လုပ်ရပ်များကို ရည်ညွှန်းပြီး အမေရိကန် နိုင်ငံခြားရေး၏ ထုတ်ပြန်စာတွင် ဖော်ပြပါသည်။
စစ်အာဏာရှင်များ စီစဉ်နေသည့် ဟန်ပြရွေးကောက်ပွဲသည် လွတ်လပ်ပြီးတရားမျှတဖို့ မဖြစ်နိုင်သလို အကြမ်းဖက်မှုများ ပိုဖြစ်အောင် တွန်းအားပေးပြီး အကျပ်အတည်းကို ပိုမိုကြာရှည်စေကာ တိုင်းပြည်၏ ဒီမိုကရေစီ အသွင်ကူးပြောင်းမှုနှင့် တည်ငြိမ်အေးချမ်းသာယာရေးကို နှောင့်နှေးကြန့်ကြာစေမည်ဟုလည်း ထပ်လောင်း ဆိုသည်။

ယင်းအပြင် မြန်မာနိုင်ငံနှင့် ထိတွေ့ ဆောင်ရွက်သည့်နေရာမှာ ဒီမိုကရေစီ လိုလားသည့် ခေါင်းဆောင်များနှင့်သာ အဓိပ္ပါယ်ရှိရှိ ထိတွေ့ဆောင်ရွက်ကြဖို့လည်း နိုင်ငံတကာ အသိုက်အဝန်းကို အမေရိကန်က တိုက်တွန်းထားသည်။
အာဏာရှင်အဖွဲ့အစည်း၏ ဝင်ငွေရလမ်းနှင့် အရင်းအမြစ်များကို ပိတ်ဆို့ရန် မိတ်ဖက်များနှင့် အတူ ဆက်ပြီး လုပ်ဆောင်သွားမည်ဖြစ်ကြောင်းလည်း အမေရိကန်က ဆိုသည်။
အာဏာသိမ်းသည့် အချိန်ကစပြီး စစ်တပ်က ပြည်သူ ၂,၄၀၀ ကျော်သတ် ဖြတ်ခဲ့သလို သမ္မတဦးဝင်းမြင့်နှင့် နိုင်ငံတော်၏ အတိုင်ပင်ခံဒေါ်အောင်ဆန်းစုကြည် အပါအဝင် လူပေါင်း ၁၆,၀၀၀ ကျော် ဖမ်းဆီးထားကြောင်း အမေရိကန်က ပြောသည်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ကလည်း ရွေးကောက်ပွဲ ၂နှစ်ပြည့် ကြေ ညာချက်တစ်စောင် ထုတ်ပြန်ခဲ့ပြီး အာဏာသိမ်းပြီးချိန်ကနေ ပြီးခဲ့သည့် အောက် တိုဘာ လကုန်အထိ လွှတ်တော်ကိုယ်စားလှယ် ၉၀ ဦး အပါအဝင် ပါတီဝင်ပေါင်း ၁၁၆၉ ဦး ဖမ်းဆီးခံခဲ့ရကာ thay ဆုံးသူ ၆၇ ဦးရှိကြောင်းဆိုသည်။
ဓာတ်ပုံ- အမေရိကန်နိုင်ငံခြားရေးဝန်ကြီး အန်တိုနီ ဂျေ ဘလင်ကန်။

ရေးသားသူ – ခေတ်သစ်မီဒီယာ

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။