စစ်ကောင်စီမှ ဝန်ကြီး၊ တရားသူကြီးချုပ် အပါအဝင် အရပ်ဘက် ၈ ဦး၊ လေတပ်ဦးစီးချုပ် အပါအဝင် စစ်ဘက် ၈ ဦး၊ စစ်တပ်နှင့် ဆက်နွယ်သော စီးပွားရေးသမား ၃ ဦး စုစုပေါင်း ၁၉ ဦးကို EU က စီးပွား ရေးပိတ်ဆို့

Local News

စစ်ကောင်စီမှ ဝန်ကြီး၊ တရားသူကြီးချုပ် အပါအဝင် အရပ်ဘက် ၈ ဦး၊ လေတပ်ဦးစီးချုပ် အပါအဝင် စစ်ဘက် ၈ ဦး၊ စစ်တပ်နှင့် ဆက်နွယ်သော စီးပွားရေးသမား ၃ ဦး စုစုပေါင်း ၁၉ ဦးကို EU က စီးပွား ရေးပိတ်ဆို့

မင်္ဂလာပါ ပရိသတ်ကြီးရေ.. မိုးနတ်မင်း သတင်းစုံမှ ကြိုဆိုလိုက်ပါတယ်။ အခုတင်ဆက်ပေးမယ့် သတင်းလေးကတော့ စစ်ကောင်စီမှ ဝန်ကြီး၊ တရားသူကြီးချုပ် အပါအဝင် အရပ်ဘက် ၈ ဦး၊ လေတပ်ဦးစီးချုပ် အပါအဝင် စစ်ဘက် ၈ ဦး၊ စစ်တပ်နှင့် ဆက်နွယ်သော စီးပွားရေးသမား ၃ ဦး စုစုပေါင်း ၁၉ ဦးကို EU က စီးပွား ရေးပိတ်ဆို့ ဆိုတဲ့သတင်းလေးပဲ ဖြစ်ပါတယ်။

ရန်ကုန်၊ နိုဝင်ဘာ ၉
မြန်မာအကြမ်းဖက် စစ်ကောင်စီမှ ဝန်ကြီး၊ တရားသူကြီးချုပ် အပါအဝင် အရပ်ဘက် ၈ ဦး၊ လေတပ်ဦးစီးချုပ် အပါ အဝင် စစ်ဘက် ၈ ဦး၊ စစ်တပ်နှင့် ဆက်နွယ်သော စီးပွားရေးသမား ၃ ဦး စုစုပေါင်း ၁၉ ဦးကို EU က စီးပွားရေးပိတ်ဆို့ကြောင်း နိုဝင်ဘာလ ၈ ရက်နေ့တွင် တရားဝင် သတင်းထုတ်ပြန်သည်။


မြန်မာပြည်သူများကို thet ဖြတ်ခြင်း၊ လေကြောင်းဖြင့်ဗုံးကျဲခြင်း ၊ လူ့အခွင့်အရေးချိုးဖောက်မှုများ ကျူးလွန်ခြင်းတို့ကြောင်း လူပုဂ္ဂိုလ် ၁၉ ဦး၊ မြန်မာအကြမ်းဖက်စစ်ကောင်စီ အဖွဲ့တစ်ခုလုံးကို အဖွဲ့အစည်း ၁ ခုအဖြစ် လည်းကောင်း စီးပွားရေးပိတ်ဆို့ဒဏ်ခတ်လိုက်ကြောင်း ဥရောပသမဂ္ဂက ကြေ ညာချက် ထုတ်ပြန်သည်။


စီးပွားရေးပိတ်ဆို့မှုတွင် ခရီးသွားလာခွင့်ပိတ်ပင်ခြင်း၊ ပြည်ပရှိ ပိုင်ဆိုင်မှုများ ထိန်းချုပ်ခြင်း အပါ အဝင် အရေးယူမှုများ ပါဝင်မည်ဖြစ်ပြီး မြန်မာနိုင်ငံမှ စုစုပေါင်း လူပုဂ္ဂိုလ် ၈၄ ဦး၊ အဖွဲ့အစည်း ၁၁ ခုကို စီးပွားရေးဒဏ်ခတ်ပိတ်ဆို့ အရေးယူခဲ့ပြီးဖြစ်ကြောင်း သိရှိရသည်။
EU က စီးပွားရေးပိတ်ဆို့လိုက်သော စစ်ကောင်စီအရပ်ဘက်ဝန်ကြီးဌာနအရာရှိ
============================================
၁-ကံဇော် ၊ ရင်းနှီးမြှုပ်နှံမှုနှင့် စီးပွားရေးဝန်ကြီး
၂-ထွန်းထွန်းဦး၊ တရားသူကြီးချုပ်
၃-ဆွေဆွေအောင် ညွှန်ချုပ်၊ တရားရေးဌာန
၄-ဇော်မင်း ညွှန်ချုပ်၊အကျဉ်းဦးစီး
၅-ဇော်လင်းအောင် ၊ညွှန်ချုပ်ဟောင်း၊ အကျဉ်းဦးစီး
၆-သန်းဆွေ အဂတိကော်မရှင် ဥက္ကဋ္ဌ
၇-ကိုကိုလွင် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင်
၈-မင်းမင်းဦး ရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင်
EU က စီးပွားရေးပိတ်ဆို့လိုက်သော စစ်ကောင်စီ စစ်ဘက်အရာရှိ
=====================================
၁-ထွန်းအောင် (ဗိုလ်ချုပ်ကြီး၊ လေတပ်ဦးစီးချုပ်)
၂-ဘုန်းမြတ် (ဒုတိယဗိုလ်ချုပ်ကြီး၊ ကစထမှူး ၃ )
၃-အောင်စိုး (ဒုတိယဗိုလ်ချုပ်ကြီး၊ ကစထမှူး ၄၊ ယခုကြံ့ဖွတ်ပါတီအလုပ်အမှုဆောင်)
၄-သက်ပုံ (ဒုတိယဗိုလ်ချုပ်ကြီး၊ ကစထမှူး ၅ )
၅-ထိန်ဝင်း (ဗိုလ်ချုပ်၊ပဲခူးတိုင်းမှူး)
၆-ထင်လတ်ဦး( ဗိုလ်ချုပ်၊ ရခိုင်တိုင်းမှူး)
၇-သန်းထိုက် (ဗိုလ်မှူးချုပ် ၊နမခတိုင်းမှူး)
၈-ညွှန့်ဝင်းဆွေ (ဗိုလ်ချုပ်၊ ရန်ကုန်တိုင်းမှူး)
EU က စီးပွားရေးပိတ်ဆို့လိုက်သော lat nat ပွဲစား၊ စီးပွားရေးသမား
========================================
၁-တေဇ (lat nat ပွဲစား၊ စီးပွားရေးသမား)
၂-အောင်မိုးမြင့်( lat nat ပွဲစား၊ စီးပွားရေးသမား)
၃-နိုင်ထွဋ်အောင် (lat natပွဲစား၊ စီးပွားရေးသမား)

ရေးသားသူ – ခေတ်သစ်မီဒီယာ

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။