ထူးအိမ်သင်ရဲ့ အနုပညာကို ကျော်ကြားမှု၊ငွေကြေးတွေနဲ့ လုံးဝမလဲတာကို သက်သေပြခဲ့တဲ့ အဖြစ်အပျက်တစ်ခု

Celebrity Local News
ထူးအိမ်သင်ရဲ့ အနုပညာကို ကျော်ကြားမှု၊ငွေကြေးတွေနဲ့ လုံးဝမလဲတာကို သက်သေပြခဲ့တဲ့ အဖြစ်အပျက်တစ်ခု

အဆိုတော် ထူးအိမ်သင်လို့ဆိုလိုက်ရင် အသက်အရွယ်မရွေး လူတိုင်းသိတဲ့ နိုင်ငံကျော်အဆိုတော် တယောက်ပဲဖြစ်ပါတယ်။ နာရီပေါ်ကမျက်ရည်စက်များ albumနဲ့ ဝက်ဝက်ကွဲအောင်မြင်ခဲ့ပြီး ဂီတလောကရဲ့ အထွဋ်အထိပ်ထိတက်လှမ်းပြီးအောင်မြင်ခဲ့တဲ့ အဆိုတော်ကြီးတယောက်ဖြစ်ပါတယ်။ သူ့ရဲ့ဘဝဇာတ်ကြောင်းက အခက်အခဲများစွာနဲ့ ဖြတ်သန်းခဲ့ရပေမဲ့ အေးအေးဆေးဆေး နဲ့ ကိုယ်မှန်တယ်ထင်တာ လုပ်တတ်တဲ့ အကျင့်တွေကြောင့် ပရိတ်သတ်တွေက ဘယ်လိုနေနေအားပေးချစ်ခင်ခဲ့ကြတာပဲဖြစ်ပါတယ်။

ထူးအိမ်သင်ရဲ့ပရိသတ်တွေအတွက် အမှတ်တရအဖြစ်အပျက်တစ်ခုကို ပြန်လည်ဝေမျှပေးလိုက်ပါတယ်။ “ရှစ်မိုင်က ပန်းကုံးဆိုင်တစ်ဆိုင်မှာ ထူးအိမ်သင်နဲ့ ပရိ သတ် တချို့ ကွိုင်တက်ခဲ့ဖူးတယ်။ ထူးအိမ်သင်က ပန်းကုံးဆိုင်တွေကို ရှောင်လေ့ရှိပေမယ့် တောင်ကြီးက သူ့ဘော်ဒါတစ်ယောက်ရဲ့ အခွေသစ်ပရိုမိုးရှင်းကို အဲဒီလို ဆိုင်တစ်ဆိုင်မှာ လုပ်တော့ သူ့ဘော်ဒါကို အားပေးချင် စိတ်နဲ့ ရောက်သွားတယ်။ ပွဲစတော့ နောက်ပေါက်ကနေ ဘယ်သူမှ မမြင်အောင် ပုန်းဝင်ပြီး ဟာမိုနီကယ်လိုက် ပေးတယ်။ သူ့ဘော်ဒါ သုံးပုဒ်လောက် ဆိုအပြီးမှာ ဘီယာဝိုင်းတစ်ဝိုင်းက ပန်းကုံးတွေနဲ့ ထလာပြီး ဆိုင်မန်ဂျာကို ပြောတယ်။ ထူးအိမ်သင် သီချင်းထွက်ဆို ပေးပါတဲ့။

မန်နေဂျာက နောက်ဘက် ဝင်ပြီး လာပြောတော့ ထူးအိမ်သင်က ကောင်းကောင်းမွန်မွန်ပဲ ပြန်ပြောတယ်။ ကျွန်တော့် သူငယ်ချင်း တာရာရဲ့ပွဲကို လာအားပေးတာ ပါ။ ပန်းကုံးပွဲတွေကိုလည်း ကျွန်တော် ဆိုလေ့ မရှိဘူး။ တာရာ့ကိုပဲ အားပေးပါ၊ ကျေးဇူးလည်း တင်ပါ တယ်၊ ကျွန်တော့် သဘောထားကိုသာ သေချာ ပြန်ပြောပေးပါ ပေါ့။ တာရာလည်း သီချင်းတက်ဆိုရော ” ငှက်ကြီး ငှက်ကြီး ” ဆိုပြီး ထအော်ကြတယ်။ ဝိုင်းတွေက မူးနေ ကြတော့ တစ်ဝိုင်းပြီးတစ်ဝိုင်း ပါလာတယ်။ တာရာ လည်း သီချင်းဆိုလို့ မရတော့ဘူး။ ဘီယာဆိုင်ဆိုတော့ အားလုံး မူးနေကြတာ မဆန်းဘူး။ ဒါပေမယ့် သူတို့ အော်ပြီး ပွဲတောင်းလည်း ထူးအိမ်သင်က ထွက်မလာ တော့ ” ငှက်ကြီး -းပဲ ငှက်ကြီး -ပီးပဲ ” လို့ ပြောင်းအော်ကြရော။

ထူးအိမ်သင်တစ်ယောက် နောက်ပေါက်ကနေပဲ တိတ်တိတ်လေး ပြန်ထွက်လာခဲ့တယ်။ အိမ်ကနေ သူ ယူလာတဲ့ပုလွေတစ်ချောင်းကိုတော့ ဒေါသစိတ်နဲ့ ရိုက်ခွဲပစ်လိုက်တယ်။ ဒါ့ထက်လည်း ဘာမှ ပိုမလုပ် ခဲ့ဘူး။ လုပ်စရာလည်း မလိုဘူးလေ။ ဒီအကြောင်း နောက်ပိုင်း ပြန်ပြောတော့ ပရိသတ်ဆိုတာနဲ့ပဲ ကိုယ့် ထမင်းရှင်ဆိုပြီး အနုပညာရှင်တွေက ကိုးကွယ်နေစရာ မလိုဘူး။ ပြီးတော့ အနုပညာကို မြတ်နိုးတဲ့ ပရိသတ် လား၊ ကျော်ကြားမှုကိုသာ ကြိုက်တဲ့ ပရိသတ်လား ဆိုတာ ခွဲသိဖို့လည်း လိုသေးတယ်လို့” သူ ဆိုတယ်။ (မူရင်းရေးသားသူအား လေးစားမှုဖြင့် – crd)

ရေးသားသူ –Let Pan NEws

မိုးနတ်မင်း သတင်းစုံ – Telegram Channel မှလည်း ပြည်တွင်းသတင်း၊ နိုင်ငံတကာသတင်း၊ ဆယ်လီသတင်းများအပြင် ကျန်းမာရေး၊ ဗေဒင်၊ ဗဟုသုတများကိုပါ နေ့စဉ်တင်ဆက်ပေးနေပါပြီ။ အသစ်အသစ်သော သတင်းတွေမလွတ်သွားရအောင် အောက်ပါ Link လေးကိုနှိပ်ပြီး အခုပဲ join ထားလိုက်ပါ။

https://t.me/moenatminmedia

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။