တီမောလက်စ်နိုင်ငံ ကို ၁၁ နိုင်ငံမြောက် အာဆီယံအဖွဲ့ဝင်အဖြစ် အဖွဲ့မူအားဖြင့်သဘောတူ

International News Local News

တီမောလက်စ်နိုင်ငံ ကို ၁၁ နိုင်ငံမြောက် အာဆီယံအဖွဲ့ဝင်အဖြစ် အဖွဲ့မူအားဖြင့်သဘောတူ
မင်္ဂလာပါ ပရိသတ်ကြီးရေ.. မိုးနတ်မင်း သတင်းစုံမှ ကြိုဆိုလိုက်ပါတယ်။ အခုတင်ဆက်ပေးမယ့် သတင်းလေးကတော့ တီမောလက်စ်နိုင်ငံ ကို ၁၁ နိုင်ငံမြောက် အာဆီယံအဖွဲ့ဝင်အဖြစ် အဖွဲ့မူအားဖြင့်သဘောတူ ဆိုတဲ့သတင်းလေးပဲ ဖြစ်ပါတယ်။

ဒီကနေ့နိုဝင်ဘာ ၁၁ရက် မနက်ပိုင်းက ဖွင့်ပွဲအခမ်းအနားလုပ်ခဲ့တဲ့ အာဆီယံထိပ်သီးဆွေးနွေးပွဲမြင်ကွင်းတွေဖြစ်ပါတယ်။ ဒီကနေ့မှာပဲ အရှေ့တီမောလက်စ်နိုင်ငံကို ၁၁နိုင်ငံမြောက် အာဆီယံနိုင်ငံအဖြစ် အာဆီယံက မူအားဖြင့်သဘောတူလိုက်ပါတယ်။
မနေ့သောကြာနေ့က ကမ္ဘောဒီးယားမြို့တော်မှာ ကျင်းပတဲ့ မျက်နှာစုံညီ အစည်းအဝေးမှာ တီမောလက်စ်ကို အဖွဲ့ဝင်ဖြစ်ရေး ‌ခေါင်းဆောင်တွေဆွေးနွေးကြတာပါ။ ကျင်းပနေတဲ့ အာဆီယံ ထိပ်သီးဆွေးနွေးပွဲကို အရင်ဆွေးနွေးပွဲတွေအတိုင်း မြန်မာ စစ်ကောင်စီဘက်ကတက်ရောက်ခွင့်မရခဲ့ပါဘူး။
လူဦးရေ ၁.၃၇ သန်းရှိတဲ့ တီမောလက်စ်နိုင်ငံဟာ ၂၀၀၂ခုနှစ်မှာ အင်ဒိုနီးရှားနိုင်ငံကနေလွတ်လပ်ရေးရရှိခဲ့ပြီး ၂၀၁၁ ခုနှစ်မှာ အာဆီယံအဖွဲ့ဝင်အဖြစ် တရားဝင်လျှောက်ထားခဲ့တာပါ။

စင်္ကာပူဝန်ကြီးချုပ် လီရှန်လွန်းက “ မူအားဖြင့်သဘောတူတဲ့အပေါ်မှာစင်ကာပူအနေနဲ့ တီမောလက်စ်နိုင်ငံကိုကြိုဆိုပါတယ်”လို့ ပြောခဲ့ပါတယ်။ အာဆီယံရဲ့ရည်မှန်းချက် စံနှုန်းကိုအခြေခံတဲ့ အာဆီယံ လမ်းပြမြေပုံနဲ့ အညီ ဆောင်ရွက်ကြဖို့လည်း တိုက်တွန်းခဲ့ကြပါတယ်။
အခုနှစ်ဥက္ကဋ္ဌ တာဝန်ယူတဲ့ ကမ္ဘောဒီးယားဟာ အာဆီယံကို ၁၉၉၉ ခုနှစ်မှာ အာဆီယံ အဖွဲ့ဝင် နိုင်ငံအဖြစ်နောက်ဆုံးဝင်ရောက်ခဲ့တဲ့နိုင်ငံဖြစ်ပြီး အာဆီယံကို ၁၉၆၇ ခုနှစ်မှာ အဖွဲ့ဝင်ငါးနိုင်ငံဖြစ်တဲ့ စင်္ကာပူ၊ မလေးရှား၊ အင်ဒိုနီးရှား၊ ထိုင်းနဲ့ဖိလစ်ပိုင်နိုင်ငံတို့ ပူးပေါင်းဖွဲ့စည်ခဲ့တာပါ။၁၉၈၄ခုနှစ်မှာ ဘရူနိုင်း၊ ၁၉၉၅မှု ဗီယက်နမ်နဲ့ ၁၉၉၇ခုနှစ်မှာ မြန်မာနဲ့လာအိုတို့ပါဝင်ခဲ့တာပါ။
ဒီကနေ့ ဖွင့်ပွဲမှာ အာဆီယံအလှည့်ကျဥက္ကဌ ကမ္ဘောဒီးယားဝန်ကြီးချုပ်ဟွန်ဆင်က ASEAN: One Vision, One Identity, One Community” ဆောင်ပုဒ်အတိုင်း အာဆီယံရပ်တည်ခဲ့တဲ့စံတန်ဖိုးတွေအတိုင်းလိုက်နာကြဖို့တိုက်တွန်းသလိုဒေသတွင်း ငြိမ်းချမ်းရေး၊ တည်ငြိမ်ရေးနဲ့ အပြန်အလှန် ဖွံ့ဖြိုးတိုးတက်ရေး ဘုံရည်မှန်းချက်ကို အာရုံစိုက်ကြဖို့ကိုလည်းပြောခဲ့ပါတယ်။

ဓာတ်ပုံ – ကမ္ဘောဒီးယားဝန်ကြီးချုပ်ဟွန်ဆင်ဖေ့ဘွတ်ခ်

ရေးသားသူ – BBC Burmese

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။