မြန်မာကို အာဆီယံမှ ထုတ်ပယ်ရန် နိုင်ငံတချို့က တင်ပြကြပြီး မြန်မာစစ်ဗိုလ်ချုပ်များကို မည်သူကမှ မဆက်ဆံလိုကြတော့၊ ထိပ်သီးအစည်းအဝေးတွင် မြန်မာ့အရေး အငြင်းပွားကြဟု ဖိလစ်ပိုင်သမ္မတ ပြော

International News Local News

မြန်မာကို အာဆီယံမှ ထုတ်ပယ်ရန် နိုင်ငံတချို့က တင်ပြကြပြီး မြန်မာစစ်ဗိုလ်ချုပ်များကို မည်သူကမှ မဆက်ဆံလိုကြတော့၊ ထိပ်သီးအစည်းအဝေးတွင် မြန်မာ့အရေး အငြင်းပွားကြဟု ဖိလစ်ပိုင်သမ္မတ ပြော
မင်္ဂလာပါ ပရိသတ်ကြီးရေ.. မိုးနတ်မင်း သတင်းစုံမှ ကြိုဆိုလိုက်ပါတယ်။ အခုတင်ဆက်ပေးမယ့် သတင်းလေးကတော့ မြန်မာကို အာဆီယံမှ ထုတ်ပယ်ရန် နိုင်ငံတချို့က တင်ပြကြပြီးမြန်မာစစ်ဗိုလ်ချုပ်များကို မည်သူကမှ မဆက်ဆံလိုကြတော့၊ ထိပ်သီးအစည်းအဝေးတွင် မြန်မာ့အရေး အငြင်းပွားကြဟု ဖိလစ်ပိုင်သမ္မတ ပြော ဆိုတဲ့သတင်းလေးပဲ ဖြစ်ပါတယ်။


ရန်ကုန်၊ နိုဝင်ဘာ ၁၄

မြန်မာနိုင်ငံကို အာဆီယံအဖွဲ့ဝင်အဖြစ်မှ ထုတ်ပယ်ရန် နိုင်ငံတချို့က ပြောဆိုကြပြီး မြန်မာစစ်ဗိုလ်ချုပ်များကို မဆက်ဆံလိုကြကြောင်း၊ အာဆီယံ ထိပ်သီးအစည်းအဝေးတွင် မြန်မာ့အရေးနှင့်ပတ်သက်၍ အာဆီနိုင်ငံများအကြား အငြင်း ပွားမှုများ ဖြစ်ပေါ်ခဲ့ကြောင်း ဖိလစ်ပိုင်သမ္မတ Ferdinand Marcosက ပြောဆိုလိုက်သည်။
နိုဝင်ဘာလ ၁၁ ရက်နေ့တွင် ကမ္ဘောဒီးယားနိုင်ငံ ဖနွမ်းပင်မြို့တွင် ကျင်းပသည့် ၄၀ နှင့် ၄၁ ကြိမ်မြောက် အရှေ့ တောင်အာရှနိုင်ငံများအဖွဲ့ (အာဆီယံ) ထိပ်သီးအစည်းအဝေးသို့ သမ္မတ Ferdinand Marcos Jr. တက်ရောက်ခဲ့ပြီး အာဆီယံနိုင်ငံများအကြား မြန်မာ့အရေးနှင့်ပတ်သက်၍ ဆွေးနွေးမှုများသည် အနည်းငယ် အငြင်းပွားစရာ ဖြစ်လာကြောင်း၊ မြန်မာ့အရေးသည် အာဆီယံနိုင်ငံခေါင်းဆောင်များ ၏ စိုးရိမ်မှု ဖြစ်နေကြောင်း သမ္မတ Ferdinand Marcos Jr က နိုဝင်ဘာလ ၁၃ ရက်နေ့တွင် ပြောဆိုကြောင်း ဖိလစ်ပိုင်သတင်းဌာန ABS-CBN Newsက သတင်းဖော်ပြသည်။

“အဲဒါက နည်းနည်းတော့ ငြင်းစရာရှိတယ်။ တချို့နိုင်ငံတွေက မြန်မာနိုင်ငံကို အာဆီယံထဲက ထုတ်ပစ်သင့်တယ်လို့ ပြောကြတယ်။ မြန်မာကို အစည်းအဝေးတွေ ဖိတ်တာကို ရပ်သင့်တယ်လို့ တချို့နိုင်ငံတွေ ပြောကြတယ်။ တချို့က မြန်မာ ထိပ်တန်းခေါင်းဆောင်တွေသာမက လက်အောက်ခံ ယန္တရားတွေကိုပါ ပြောသင့်တယ်လို့ ပြောကြတယ်” ဟု ဖိလစ်ပိုင်သမ္မတ Ferdinand Marcos Jr က ပြောသည်။

ဓာတ်ပုံ- နိုဝင်ဘာလ ၁၁ ရက်နေ့ အာဆီယံထိပ်သီးအစည်းအဝေးတွင် မြန် မာနိုင်ငံနေရာကို ထိုင်ခုံအလွတ်ထား၍ အစည်းအဝေး ကျင်းပခဲသည်။

ဖိလစ်ပိုင်အနေဖြင့်မူ စစ်တပ်နှင့် အတိုက်အခံများနှင့်ပါ တိုက်ရိုက်ဆက်ဆံပြီး အဖြေရှာရန် လိုလားကြောင်း၊ စစ်တပ်အုပ်ချုပ်ရေးနှင့် အတိုက်အခံလှုပ်ရှားမှုများအပါအဝင် သက်ဆိုင်သူအားလုံးနှင့် အာဆီယံမှ တိုက်ရိုက်ထိတွေ့ဆက်ဆံမှုသည် မြန်မာနိုင်ငံတွင် အကြမ်းဖက်မှုအဆုံးသတ်ရန် အရေးကြီးကြောင်း ဖိလစ်ပိုင်သမ္မတ မားကို့စ်ကဆိုသည်။


“အားလုံးနဲ့ စကားပြောသင့်တယ်လို့ ကျနော်ပြောခဲ့ပါတယ်။ လက်ရှိ အာဏာသိမ်းထားသူတွေအပါအဝင် ဒီအရေးစိတ်ဝင်စားသူအားလုံးနဲ့ စကား ပြောသင့်ပါတယ်” ၎င်းက ဆိုသည်။
သို့ရာတွင် အာဆီယံတွင် မြန်မာစစ်ဗိုလ်ချုပ်များနှင့် မည်သူကမှ မညှိနှိုင်း မဆွေးနွေးလိုကြကြောင်း ၎င်းက ဆက် လက် ပြောဆိုသည်။
“ဘယ်သူကမှ မြန်မာ စစ်ဗိုလ်ချုပ်နဲ့ မဆက်ဆံချင်ဘူး။ ဘယ်သူကမှ အဆင့်မြင့်အရာရှိတွေနဲ့ မဆက်ဆံချင်ကြဘူး” ဟု ဖိလစ်ပိုင်သမ္မတက အခြေအနေကို ရှင်းပြသည်။
အာဆီယံအနေဖြင့် ဘုံသဘောတူညီချက် ၅ ရပ်ကို အကောင်အထည်ဖော်ရန် အချိန်ကာလ သတ်မှတ်ပေးမည်ဖြစ်ပြီး ယင်းကာလအတွင်း အကောင်အထည်မဖော်ပါက မြန်မာနိုင်ငံကို အရေးယူရန် အာဆီယံခေါင်းဆောင်များက ဆုံးဖြတ် ချက်များ ချမှတ်ကြမည်ဖြစ်သည်။
ဓာတ်ပုံ- နိုဝင်ဘာလ ၁၁ ရက်နေ့ အာဆီယံထိပ်သီးအစည်းအဝေးတွင် မြန် မာနိုင်ငံနေရာကို ထိုင်ခုံအလွတ်ထား၍ အစည်းအဝေး ကျင်းပခဲသည်။

ရေးသားသူ – ခေတ်သစ်မီဒီယာ

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။