မြိတ်မှာ ငါးမှုန့်ကြိတ်ကန်ထဲ ပြုတ်ကျတဲ့အမျိုးသား ၃ ဦးthay ဆုံး

Local News

မြိတ်မှာ ငါးမှုန့်ကြိတ်ကန်ထဲ ပြုတ်ကျတဲ့အမျိုးသား ၃ ဦးthay ဆုံး
မင်္ဂလာပါ ပရိသတ်ကြီးရေ.. မိုးနတ်မင်း သတင်းစုံမှ ကြိုဆိုလိုက်ပါတယ်။ အခုတင်ဆက်ပေးမယ့် သတင်းလေးကတော့မြိတ်မှာ ငါးမှုန့်ကြိတ်ကန်ထဲ ပြုတ်ကျတဲ့အမျိုးသား ၃ ဦးthay ဆုံး ဆိုတဲ့သတင်းလေးပဲ ဖြစ်ပါတယ်။

နိုဝင်ဘာလ ၁၄ရက်

တနင်္သာရီတိုင်း၊ မြိတ်မြို့၊ အင်းလေးမြိုင်စက်မှုဇုန်ထဲမှာရှိတဲ့ ငါးအမှုန့်ကြိတ်စက်ရုံထဲက ငါးကြိတ်ကန်ထဲကို အလုပ်သမားအချို့ ပြုတ်ကျမှုဖြစ်ပြီး အဲဒီထဲက ၃ ဦးthay ဆုံးတယ်လို့ မြို့ခံ ကူညီကယ်ဆယ်ရေးအဖွဲ့တွေက ပြောပါတယ်။

ငါးမှုန့်ပြုလုပ်ဖို့ ငါးတွေ ကြိတ်ထားတဲ့ကန်ထဲကို မနေ့ နိုဝင်ဘာလ ၁၃ ရက် ညပိုင်းမှာ လုပ်သားအမျိုးသားတစ်ဦး ပြုတ်ကျခဲ့တာကြောင့် ကျန်တဲ့အမျိုးသားတွေက ကန်ထဲဆင်းကယ်ရာကနေ အောက်စီဂျင်ပြတ်thay ဆုံးခဲ့တာလို့ ကယ်ဆယ်ရေးအဖွဲ့က ပြောပါတယ်။

‘‘ငါးအမှုန့်လုပ်ဖို့ ငါးကြိတ်ဖတ်စတွေ၊ အရည်တွေ ရောနေတဲ့ ကန်ထဲကို အဲဒီအမျိုးသားတွေ ကျသွားတာ။ ကျွန်တော်တို့ ကယ်ဆယ်ရေးအဖွဲ့တွေရောက်တော့ ကန်ထဲကနေ ကယ်ခဲ့ရသူ ၅ ဦးမှာ ၃ ဦးဆုံးတယ်။ ဆေးရုံကြီးပို့ခဲ့ရတဲ့ အမျိုးသား ၂ ဦး ဆုံးတယ်။ ကန်ထဲမြုပ်နေတဲ့ အမျိုးသားအလောင်း ၁ လောင်းထပ်တွေ့တယ်’’ လို့ ကယ်ဆယ်ရေးအဖွဲ့မှာ ပါဝင်သူတစ်ဦးက ‌ပြောပါတယ်။

ငါးအမှုန့် ကြိတ်အနံ့ဟာ အနံ့ပြင်းလွန်းတာကြောင့် မူးမေ့လုနီးပါးဖြစ်ခဲ့တဲ့ကယ်ဆယ်ရေးအဖွဲ့မှာပါဝင်သူတစ်ဦးကိုလည်း ဆေးရုံပို့ခဲ့ရတယ်လို့ သိရပါတယ်။

ရေးသားသူ – BBC Burmese

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။