မင်္ဂလာဒုံတွင် ဒုဗိုလ်မှူးကြီးဟောင်း လှဝင်း၏ တိုင်ကြားချက်အရ ထောက်ကြန့်တိုးချဲ့ ၁ ရပ်ကွက်အတွင်းရှိ အိမ်ခြေ ၁၄၁၀ လုံးကို ဖျက်ဆီးရန် စစ်ကောင်စီက စနစ်တကျ လုံခြုံရေး ပြင်ဆင်နေ

Local News

မင်္ဂလာဒုံတွင် ဒုဗိုလ်မှူးကြီးဟောင်း လှဝင်း၏ တိုင်ကြားချက်အရ ထောက်ကြန့်တိုးချဲ့ ၁ ရပ်ကွက်အတွင်းရှိ အိမ်ခြေ ၁၄၁၀ လုံးကို ဖျက်ဆီးရန် စစ်ကောင်စီက စနစ်တကျ လုံခြုံရေး ပြင်ဆင်နေ
မင်္ဂလာပါ ပရိသတ်ကြီးရေ.. မိုးနတ်မင်း သတင်းစုံမှ ကြိုဆိုလိုက်ပါတယ်။ အခုတင်ဆက်ပေးမယ့် သတင်းလေးကတော့ မင်္ဂလာဒုံတွင် ဒုဗိုလ်မှူးကြီးဟောင်း လှဝင်း၏ တိုင်ကြားချက်အရ ထောက်ကြန့်တိုးချဲ့ ၁ ရပ်ကွက်အတွင်းရှိ အိမ်ခြေ ၁၄၁၀ လုံးကို ဖျက်ဆီးရန် စစ်ကောင်စီက စနစ်တကျ လုံခြုံရေး ပြင်ဆင်နေ ဆိုတဲ့သတင်းလေးပဲ ဖြစ်ပါတယ်။

ရန်ကုန်၊ နိုဝင်ဘာ ၁၅

ရန်ကုန်တိုင်း၊ မင်္ဂလာဒုံမြို့နယ်၊ ထောက်ကြန့်တိုးချဲ့ ၁ ရပ်ကွက်အတွင်းရှိ အိမ်ခြေ ၁၄၁၀ လုံးခန့်ကို စစ်ကောင်စီက ကျူးကျော်ဟုဆိုကာ ဖျက်ဆီးဖယ်ရှားရန် စနစ်တကျ လုံခြုံရေး ပြင်ဆင်နေကြောင်း ရဲတပ်ဖွဲ့၏ လျှို့ဝှက် ကြေးနန်းအရ သိရှိရသည်။

အငြိမ်းစား ဒုတိယဗိုလ်မှူးကြီး လှဝင်း၏ တိုင်ကြားမှုကြောင့် ထောက်ကြန့် တိုးချဲ့ ၁ ရပ်ကွက်အတွင်းရှိ ကျူးကျော်ဟုဆိုကာ အဆောက်အဦး ၁၄၁၀ လုံးကို တစ်ပြေးညီ ဖျက်သိမ်းရန် ပြင်ဆင်ခြင်းဖြစ်ကြောင်း၊ ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီကလည်း ဖျက်သိမ်းသင့်ဟု မှတ်ချက်ပေးပြီး ရန်ကုန်တိုင်းစစ်ကောင်စီကပါ ကျူးကျော်ရှင်းလင်းရေး အစီအမံများ တင်ပြရန် ရဲတပ်ဖွဲ့ကို အကြောင်း ကြားလာကြောင်း သိရှိရသည်။

ထို့ကြောင့် ထောက်ကြန့် တိုးချဲ့ ၁ ရပ်ကွက်ရှိ နွယ်ခွေဖြတ်လမ်း၊ လမ်းသစ်လမ်း၊ ဗိုလ်တေဇလမ်း၊ စွယ်တော်လမ်း၊ ပတ္တမြားလမ်း၊ လမ်းသွယ် ၄၁ လမ်း၊ အားကစားကွင်းမြေတို့ရှိသော အခိုင်အမာနှင့် ယာယီ တည်ဆောက်ထားသော နေအိမ် ၁၄၁၀ လုံးကို ဖျက်ဆီးဖယ်ရှားမည်ဖြစ်ကြောင်း၊ ထို့အတွက် လုံလောက်သော အင်အားဖြင့် လုံခြုံရေးများကို ရဲတပ်ဖွဲ့က စီစဉ်ရမည်ဖြစ်ကြောင်း သိရှိရသည်။
“ရပ်ကွက်ကိုတော့ အကြောင်းကြားတဲ့ စာမလာသေးဘူး။ ထောက်ကြန့်တိုးချဲ့ ၁ ရပ်ကွက်မှာက အိမ် ကြီးအိမ်ကောင်း တွေအတော်များတယ်။ မင်္ဂလာဒုံ ဘိုခြံဘက်မှာ ရပ်ကွက် ၅ ခုတော့ ၁၈ ရက်နေ့ဖျက်ဖို့ စာထုတ်ထားပြီ။ ဒီထောက်ကြန့်တိုးချဲ့ ၁ ရပ်ကွက်လည်း ဖျက်မယ်ဆိုပြီး မြေလာတိုင်းတာတွေ လုပ်နေတယ်။ ဖြစ်စဉ်က ၂ ခု မတူဘူး။ ကျမတို့ ထောက်ကြန့်တိုးချဲ့ ၁ ရပ်ကွက်မှာ နေလာတာ အနှစ်၂၀ကျော်ပြီ” ဟု ဒေသခံတစ်ဦးက ပြောဆိုသည်။

ရန်ကုန်တိုင်း၊ မင်္ဂလာဒုံမြို့နယ် စံသမာဓိရပ်ကွက်၊ မြဲမြံအောင်ရပ်ကွက်၊ ဂုံညှင်းနီရပ်ကွက်၊ ဓမ္မပါလ ရပ်ကွက်၊ မြ၀တီစိုက်ခင်းရပ်ကွက်ရှိ လူဦးရေ ၅ သောင်းနီးပါး နေထိုင်သော အိမ်ခြေ ၁ သောင်းနီးပါးကိုလည်း စစ်တပ်ပိုင်မြေ၊ မြေဧရိယာ ၅၆၀ ဒသမ ၀၆ ဧက ခန့်တွင်ပါဝင်နေသည်ဟုဆိုကာ နိုဝင်ဘာလ ၁၈ ရက်နေ့ နောက်ဆုံး ဖယ်ရှား ဖျက်သိမ်းရန်နှင့် ဖယ်ရှားခြင်းမရှိပါက ဥပဒေအရ အရေးယူမည်ဟု စစ်တပ်က နိုဝင်ဘာလ ၁၁ ရက်နေ့တွင် ကြေညာချက် ထုတ်ပြန်ထားသည်။

ရေးသားသူ – ခေတ်သစ်မီဒီယာ

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။