ပုဏ္ဏားကျွန်း-ကွန်းတောင် ရထားဘူတာတွင် တပ်စွဲထားသည့် စစ်တပ်စခန်းကို AA ဝင်တိုက်၊ စစ်တပ်ဘက်မှ အထိနာနေ

Local News

ပုဏ္ဏားကျွန်း-ကွန်းတောင် ရထားဘူတာတွင် တပ်စွဲထားသည့် စစ်တပ်စခန်းကို AA ဝင်တိုက်၊ စစ်တပ်ဘက်မှ အထိနာနေ
မင်္ဂလာပါ ပရိသတ်ကြီးရေ.. မိုးနတ်မင်း သတင်းစုံမှ ကြိုဆိုလိုက်ပါတယ်။ အခုတင်ဆက်ပေးမယ့် သတင်းလေးကတော့ ပုဏ္ဏားကျွန်း-ကွန်းတောင် ရထားဘူတာတွင် တပ်စွဲထားသည့် စစ်တပ်စခန်းကို AA ဝင်တိုက်၊ စစ်တပ်ဘက်မှ အထိနာနေ ဆိုတဲ့သတင်းလေးပဲ ဖြစ်ပါတယ်။

ရန်ကုန်၊ နိုဝင်ဘာ ၁၅

ရခိုင်ပြည်၊ ပုဏ္ဏားကျွန်းမြို့နယ် ကွန်းတောင်ရထားဘူတာတွင် စစ်ကောင်စီတပ်စွဲထားသည့် စခန်းကို ရက္ခိုင့်တပ်တော် AA က ယနေ့ နိုဝင်ဘာ ၁၅ ရက် နံနက်ပိုင်းက ဝင်ရောက်တိုက်ခိုက်ခဲ့၍ နှစ်ဖက်အပြန်အလှန် တိုက်ပွဲဖြစ်ပွားမှုရှိခဲ့ကြောင်း ဒေသသတင်းရင်းမြစ်များကပြောသည်။
တိုက်ပွဲဖြစ်ပွားမှုမှာ ကွန်းတောင်ဘူတာထဲတွင် တပ်စွဲနေထိုင်သည့် စစ်ကောင် စီတပ်ဖွဲ့ကို AA ဖက်မှ ဝင်ရောက်တိုက်ခိုက်ရာမှ ဖြစ်ပွားခဲ့ကြခြင်းဖြစ်ပြီး စစ်ကောင်စီဖက် အထိခိုက်များနိုင်ကြောင်း ကွန်တောင်ဒေသခံတစ်ဦးက ပြောသည်။
“ဒီကနေ့ မနက်ပိုင်းကစဖြစ်ကတာ။ ဘူတာမှာနေတဲ့ စစ်ကောင်စီတပ်ကို AA ကဝင်တိုက်တာမျိုးပါ။ နှစ်ဖက်အထိခိုက်ဘယ်လိုရှိလည်းမသိဘူး။ ဒါပေမဲ့ စစ်ကောင်စီဖက်ကတော့ အထိအခိုက်များနိုင်တယ်။ AA ဖက်က သွားပြီးတော့ တိုက်တာကို” ဟုပြောသည်။
တိုက်ပွဲဖြစ်ပွားချိန်မှာ ယနေ့နံနက် ၅ နာရီခွဲအချိန်ခန့်မှ စတင်ခြင်းဖြစ်ပြီး နာရီဝက်ခန့်အကြာဖြစ်ပွားခဲ့ကြသည်ဟု ဒေသခံများကဆိုသည်။

ထို့နောက်ပိုင်းတွင် စစ်ကောင်စီဖက်မှ lat nat ကြီးများဆက်တိုက်ပစ်ခတ်ခဲ့ရာ ပဒေသာကျေးရွာနှင့် ကွန်းတောင်ဖက်သို့ ကျရောက်မှုတို့ရှိခဲ့သည်ဟု ပဒေသာဒေသခံတစ်ဦးက ပြောသည်။
“ဘူတာရုံကပစ်တာလို့ခန့်မှန်းရတယ်။ ရွာအနီးဝန်းကျင်ကို ၂ လုံးကျပါတယ်။ ပါဒလိတ်မှာရှိတဲ့ တပ်ကပစ်တာ ကွမ်းတောက်ဖက်ကိုကျလို့ ဂဏန်းကန်လုပ်သားတစ်ဦး ဒဏ်ရာရသွားတာရှိတယ်” ဟုပြောသည်။
အဆိုပါကိစ္စနှင့်ပတ်သက်၍ ရက္ခိုင့်တပ်တော် AA ၏ ပြောရေးဆိုခွင့်ရှိသူခိုင်သုခအား ယနေ့ မနက်ပိုင်းက ဆက်သွယ်မေးမြန်းရာတွင် တိုက်ပွဲဖြစ်ပွားသည်ဆို သည်ကို မသိရသော်လည်း ယမန်နေ့ က စကခ(၉) ဌာနချုပ်က lat nat ကြီးများဖြင့် ပစ်ခတ်မှုများ ပြုလုပ်ခဲ့ကြောင်းဆိုသည်။
“တိုက်ပွဲဖြစ်လား မဖြစ်ဘူးလားဆိုတာတော့ ကျနော်လည်း မသိရသေးဘူး။ ဌာနချုပ်ကို မေးရဦးမယ်။ ဒါပေမဲ့ မနေ့ ကတော့ ကျောက်တော် စကခ(၉) ဌာနချုပ်ကနေပြီးတော့ lat nat ကြီးတွေနဲ့ပစ်တယ်။ ပြီးတော့ သူတို့ရဲ့ လက်အောက်ခံ ၃၇၄၊ ၃၇၅၊ ၃၇၆ အဲ့ဒီတပ်ရင်းတွေက ကုလားတန်းမြစ်ကမ်းတစ်လျှောက်မှာရှိနေတဲ့ ကျေးရွာတွေကို lat nat ကြီးတွေနဲ့ ပစ်ကူပေးခဲ့တာတွေရှိတယ်။ ပြီးတော့ ပုဏ္ဏားကျွန်းဖက်က ရေဖြူကန်ဖက်ကို ၅၅၀ တပ်ရင်းက lat nat ကြီးတွေနဲ့ ရမ်းသန်း ပစ်ခဲ့တယ်” ဟုပြောသည်။

ဓာတ်ပုံ- AA တပ်ဖွဲ့ဝင်များ။

ယနေ့ နိုဝင်ဘာ ၁၅ ရက်နေ့တွင် စစ်ကောင်စီဖက်မှ lat nat ကြီးပစ်ခတ်မှုမှာ ပုဏ္ဏားကျွန်းအပြင် မြောက်ဦးဖက်တွင်လည်း ပစ်ခတ်မှုတို့ရှိခဲ့ပြီး မြောက်ဦး သင်းကျိတ်တော်တောင်နှင့် ပေါက်တောပြင်အနီးရှိ ဘုရားတောင်တို့မှ ၉ နာရီဝန်း ကျင်ခန့်တွင် ဆက်တိုက်ပစ်ခတ်မှုရှိခဲ့သည်။
နိုဝင်ဘာ ၁၀ ရက်နေ့ကလည်း ပုဏ္ဏားကျွန်းမြို့နယ် ပဒေသာနှင့် ဆင်အင်းကြီးကျေးရွာကြားတွင် စစ်ကောင်စီ၏ ရိက္ခာတင်ကား ၂ စီးကို ရက္ခိုင့်တပ်တော်မှ မိုင်းဆွဲတိုက်ခိုက်မှုပြုလုပ်ခဲ့သည်။
ထိုအခြေနေကြောင့် စစ်ကောင်စီမှ အနီးဝန်းကျင်ရှိရွာများသို့ ဦးတည်၍ lat natကြီး ဆက်တိုက်ပစ်ခတ်ခြင်း၊ ကျေးရွာများသို့ ဝင်ရောက်မီးရှို့ခြင်း၊ ဒေသခံများကိုthetဖြတ်ခြင်းတို့လုပ်ဆောင်ခဲ့သည်။
ပုဏ္ဏားကျွန်း-ကျောက်တော် ကားလမ်းကိုလည်း စစ်ကောင်စီမှ နိုဝင်ဘာ ၁၀ ရက်နေ့ကစ၍ လက်ရှိအချိန်ထိပိတ်ဆို့ထားဆဲဖြစ်ပြီး စစ်ဘေးရှောင်များအပါ အဝင် ခရီးသည်များ၊ ကားသမားများ များစွာအခက်ကြုံလျက်ရှိကြသည်။

ရေးသားသူ – ခေတ်သစ်မီဒီယာ

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။