မန္တလေးမှာ ဒီမနက် ပေါက်ကွဲမှုဖြစ်၊ ကျောက်ကုန်သည်တစ်ဦးthayဆုံး

Local News

မန္တလေးမှာ ဒီမနက် ပေါက်ကွဲမှုဖြစ်၊ ကျောက်ကုန်သည်တစ်ဦးthayဆုံး
မင်္ဂလာပါ ပရိသတ်ကြီးရေ.. မိုးနတ်မင်း သတင်းစုံမှ ကြိုဆိုလိုက်ပါတယ်။ အခုတင်ဆက်ပေးမယ့် သတင်းလေးကတော့ မန္တလေးမှာ ဒီမနက် ပေါက်ကွဲမှုဖြစ်၊ ကျောက်ကုန်သည်တစ်ဦးthayဆုံး ဆိုတဲ့သတင်းလေးပဲ ဖြစ်ပါတယ်။

မန္တလေးမြို့မှာ ဒီနေ့ နိုဝင်ဘာ ၁၈ရက် မနက် ၁၁ နာရီဝန်းကျင်က ၈၅ လမ်းနဲ့ ၃၅ လမ်းထောင့်မှာ ပေါက်ကွဲမှုဖြစ်ခဲ့ပြီး အရပ်သား ကျောက်ကုန်သည်တစ်ဦး thayဆုံးခဲ့တယ်လို့ လူမှုကူညီရေးအသင်းတွေက ပြောပါတယ်။

“ဝန်ကြီးချုပ်က ဆွမ်းကပ်ရှိတယ်။ မြတောင်လမ်းဘက် အပြန် လုံခြုံရေးချတဲ့နေရာကွဲတာ။ ဒီဘက်ကနေ ဟိုဘက်လမ်း ထောင်ထားတဲ့ ဗုံးစစင်မှန်တာ နေမယ်။ ရင်ခွဲရုံပို့လိုက်တာ တွေ့တယ်”လို့ ပေါက်ကွဲမှုအနီးဝန်းကျင် ဒေသခံတဦးကပြောပါတယ်။


ပေါက်ကွဲမှုကြောင့် ၈၅ လမ်းနဲ့ ၃၅ လမ်းထောင့် အနီးနား ဆိုင်တစ်ဆိုင်၊ ကျောက်ပွဲရုံနဲ့ သွားဆေးခန်းတွေ ပျက်စီးသလို ကားတစ်စီးလည်း ပျက်စီးသွားတယ်လို့ သိရပါတယ်။ လုံခြုံရေးယူထားတဲ့ စစ်ကောင်စီအဖွဲ့နဲ့ ယာဉ်တန်းပေါ်လိုက်ပါသူတွေ ထိခိုက်ဒဏ်ရာရရှိမှု မသိရသေးဘူးလို့ ဒေသခံတွေက ပြောပါတယ်။
အဲဒီဖြစ်စဉ်အပြီးမှာ လမ်းတကြော အသွားအလာ ရှင်းနေပြီး ဖြစ်စဉ် အနီးနားလမ်းကိုသာ အစစ်ဆေးရှိခဲ့တယ်လို့ သိရပါတယ်။

ရေးသားသူ – BBC Burmese

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။