ချောင်းဦး၊ ဒီးမော့ဆို၊ လားရှိုးတို့တွင် တိုက်ပွဲများဖြစ်ပြီး စစ်ကောင်စီတပ် ဘက် မှ ၂၄ ဦး thayဆုံး

Local News

ချောင်းဦး၊ ဒီးမော့ဆို၊ လားရှိုးတို့တွင် တိုက်ပွဲများဖြစ်ပြီး စစ်ကောင်စီတပ် ဘက် မှ ၂၄ ဦး thayဆုံး
မင်္ဂလာပါ ပရိသတ်ကြီးရေ.. မိုးနတ်မင်း သတင်းစုံမှ ကြိုဆိုလိုက်ပါတယ်။ အခုတင်ဆက်ပေးမယ့် သတင်းလေးကတော့ ချောင်းဦး၊ ဒီးမော့ဆို၊ လားရှိုးတို့တွင် တိုက်ပွဲများဖြစ်ပြီး စစ်ကောင်စီတပ် ဘက် မှ ၂၄ ဦး thayဆုံး ဆိုတဲ့သတင်းလေးပဲ ဖြစ်ပါတယ်။

ရန်ကုန်၊ နိုဝင်ဘာ ၁၈

စစ်ကိုင်းတိုင်း၊ ချောင်းဦးမြို့နယ်၊ ကရင်နီပြည်နယ်၊ ဒီးမော့ဆို မြို့နယ်၊ ရှမ်း ပြည် နယ်၊ လားရှိုးမြို့နယ်တို့တွင် စစ်တပ်နှင့် ပြည်သူ့ ကာကွယ် ရေးတပ် များ၊ တိုင်းရင်းသားလက်နက်ကိုင်တပ်များနှင့် တိုက်ပွဲဖြစ်ပွားပြီး စစ်ကောင်စီ တပ်ဘက်မှ ၂၄ ဦးthay ဆုံးကြောင်း သက်ဆိုင်ရာ၏ ထုတ်ပြန်ချက်များအရ သိရှိရသည်။

ချောင်းဦးတွင် မိုင်းဆွဲမှုကြောင့် ပျူစောထီး ၅ ဦး thay ဆုံး
===============================
စစ်ကိုင်းတိုင်း၊ ချောင်းဦးမြို့နယ်တွင် နိုဝင်ဘာလ ၁၇ ရက်နေ့ နံနက် ၁၁ နာရီ ၁၅ မိနစ်အချိန် တောပုရွာမှ မြောက်ဘက်သို့ ဆိုင်ကယ်များဖြင့် ထွက်လာသော စစ်ကောင်စီလက်အောက်ခံ ပျူစောထီး ၂၅ ဦးကို CHUPDF တပ်ခွဲ ၅ (IGF – Monywa) မှရဲဘော်များက မိုင်းဆွဲတိုက်ခိုက်ရာ တောပုရွာမှ ပျူစောထီး ၅ ဦးthayဆုံးကြောင်း CHUPDF က သတင်းထုတ်ပြန်သည်။
မိုင်းဆွဲတိုက်ခိုက်မှုကြောင့် ပျူစောထီးများ ဒဏ်ရာရရှိစဉ် ရမ်းသမ်းပစ် ခတ်မှု များကို ပျူစောထီးများ လုပ်ဆောင်ခဲ့ကြကြောင်း၊ CHUPDF တပ်ခွဲ ၅က ထပ်မံ၍ ပဒေသာ မိုင်းတွဲ ၂ လုံး ဖောက်ခွဲလိုက်ရာ ပျူစောထီးများ၏ ပစ်ခတ်မှုများ ငြိမ်သက်သွားကြောင်း၊ မုံရွာဘက်မှ လူနာတင်ယာဉ်များက အလောင်းကောက်ခြင်း လူနာကောက်ခြင်း၊ ဆောင်ရွက်ခဲ့ကြကြောင်း CHUPDF တပ်ခွဲ ၅က ဆိုသည်။
အဆိုပါတိုက်ခိုက်မှုကို Immortal Guerrilla Force-Monywa (IGF-Monywa)၊ CHUPDF တပ်ခွဲ ၅ (IGF-Monywa) နှင့် Chaung U Revolution အဖွဲ့တို့က ပူးပေါင်းဆောင်ရွက်၍ ပျူစောထီးများကို တိုက်ခိုက် ခဲ့ခြင်း ဖြစ်ကြောင်း သိရှိရသည်။

ဒီးမော့ဆိုတွင် စစ်တပ်ရိက္ခာတင်ကား မိုင်းဆွဲခံရပြီး စစ်သား ၃ ဦးthay ဆုံး
=======================================
ကရင်နီပြည်နယ်၊ ဒီးမော့ဆိုမြို့နယ်တွင် စစ်တပ်ရိက္ခာတင်ကား မိုင်းဆွဲခံရပြီး စစ်သား ၃ ဦးthay ဆုံးကြောင်း ကယား (ကရင်နီ) တော်လှန်ရေးတပ်ပေါင်းစု (KRU)က ပြောသည်။
နိုဝင်ဘာလ ၁၈ ရက်နေ့ ကယား (ကရင်နီ)တော်လှန်ရေးတပ်ပေါင်းစု (KRU) လှုပ်ရှား စစ်မျက်နှာ ဖြစ်သော ကုန်းသာကျေးရွာ အတွင်း ဖြတ်သန်းသွားလာခဲ့သော စစ်ကောင်စီ lat nat ၊ ရိက္ခာ ပို့ကားကို KRU တပ်ဖွဲ့ က မိုင်းဖြင့် တိုက်ခိုက်ခဲ့ပြီး ကားတစ်စီးပျက်စီး သွားခဲ့ကာ စစ်ကောင်စီ တပ်သား ၃ယောက်ထိ thayဆုံးခဲ့ကြောင်း သိရှိရသည်။
စစ်ကားကို မိုင်းဆွဲတိုက်ခိုက်ပြီးနောက် စစ်ကောင်စီ မှ အင်အား အလုံးအရင်းဖြင့်အလျင်အမြန် ရောက်ရှိလာခဲ့သောကြောင့် KRU တပ်ဖွဲ့ အနေဖြင့် ပြန်လည်ဆုတ်ခွာ ပေးခဲ့ပြီး အထိအခိုက်တစ်စုံတစ်ရာ မရှိခဲ့ကြောင်း သိရှိရသည်။

ဓာတ်ပုံ- ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တချို့၏ ပုံရိပ်များ။

လားရှိုးတိုက်ပွဲများတွင် စစ်ကောင်စီဘက်မှ ၁၆ ဦးthayဆုံး
================================
ရှမ်းပြည်နယ်၊ လားရှိုးမြို့နယ်အတွင်း နိုဝင်ဘာလ ၁၄ ရက်နေ့မှ နိုဝင်ဘာလ ၁၆ ရက်နေ့အထိ ကိုးကန့် MNDAA တပ်များနှင့် စစ်ကောင်စီတပ်များအကြား တိုက်ပွဲများဖြစ်ပွားခဲ့ပြီး စစ်တပ်ဘက်မှ ၁၆ ဦးthay ဆုံးကြောင်း MNDAA ဘက်က ပြောဆိုသည်။
နိုဝင်ဘာလ ၁၅ ရက်နေ့ နံနက် ၆ နာရီအချိန် လားရှိုးမြို့နမ့်ပုံကျေးရွာတွင်အခြေချထားသည့် ကိုးကန့်(MNDAA)တပ် ဖွဲ့စခန်းကို စစ်ကောင်စီတပ်ဘက်ကအင်အား(၇၀)နီးပါးဖြင့် ကိုးကန့်(MNDAA)ရှိရာကို ရှေ့တိုးလာ ချီတက်လာကြောင်း၊ ထို့ကြောင့် ယင်းနေ့ ၇ နာရီ ၄၆ မိနစ်အချိန်တွင် ကိုးကန့်တပ်ဖွဲ့က စစ်တပ်ကို မိုင်းဆွဲတိုက်ခိုက်ရာ စစ်ကောင်စီဘက်မှ ၁၃ ဦးနေရာတွင် ပွဲချင်းပြီးthay ဆုံးပြီး ၁၅ ယောက်ဒဏ်ရာ ရရှိခဲ့ကြောင်း၊ မိနစ်အနည်းငယ်ကြာပြီးနောက် စစ်ကောင်စီမှ ကိုးကန့်(MNDAA)တပ်ကို စတင် ပစ်ခတ်လာ ကြောင်းသိရှိရသည်။
ယခုလဆန်းပိုင်းတွင်လည်းစစ်ကောင်စီနှင့် ကိုးကန့်(MNDAA)တပ်သည် လားရှိုးမြို့ဝန်းကျင်တွင် တိုက်ပွဲဖြစ်ပွားခဲ့ပြီး အဆိုပါ တိုက်ပွဲတွင် ကိုးကန့် (MNDAA) ဘက်မှ ၁ ဦးဒဏ်ရာရရှိပြီး စစ်ကောင် စီဘက်မှ ၂ ဦးthayဆုံး ၆ ဦးဒဏ်ရာရရှိခဲ့ကြောင်း သိရှိရသည်။
နိုဝင်ဘာလ ၁၅ ရက်နေ့တွင် လားရှိုးမြို့ နမ့်ပုံကျေးရွာတွင် မြန်မာအမျိုးသား ဒီမိုက ရက်တစ် မဟာမိတ် တပ်မတော်ကိုးကန့်(MNDAA)နှင့် တိုက်ပွဲ ဖြစ်ပွား ခဲ့ပြီးနောက် နိုဝင်ဘာလ ၁၆ ရက်နေ့ တွင်လည်း ဆက်လက် ဖြစ်ပွား ခဲ့ ကြောင်း၊ စစ်တပ် ဘက်မှ အင်အား(၁၅၀)ဖြင့် နမ့်ပုံဒေသ တစ်လျှောက် စုဝေးနေသဖြင့် နိုဝင်ဘာလ ၁၆ ရက်နေ့ နံနက် ၃ နာရီ ၁၅ မိနစ် အချိန် စစ်ကောင်စီ၏စုဝေးနေရာ ကိုပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း၊ ကိုးကန့်တပ်ဖွဲ့က စစ်တပ်ဘက်မှ ကင်းသမားကိုပစ်thetပြီးမှ အင်အားအရှိန်ဖြင့် စစ်ကောင်စီတပ်စခန်းကိုပစ်ခတ်ကြောင်း၊ စစ်တပ်ဘက်မှ စစ်သား ၁ ဦး thayyဆုံးပြီး တပ်စခန်းအဆောင်တစ်ဆောင်ကိုလည်း ဖျက်ဆီးခဲ့ကြောင်း သိရှိရသည်။

ရေးသားသူ – ခေတ်သစ်မီဒီယာ

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။