ရော်နယ်ဒို မန်ယူက ထွက်ပြီ

Sports

ရော်နယ်ဒို မန်ယူက ထွက်ပြီ
မင်္ဂလာပါ ပရိသတ်ကြီးရေ.. မိုးနတ်မင်း သတင်းစုံမှ ကြိုဆိုလိုက်ပါတယ်။ အခုတင်ဆက်ပေးမယ့် သတင်းလေးကတော့ ရော်နယ်ဒို မန်ယူက ထွက်ပြီ ဆိုတဲ့အားကစားသတင်းလေးပဲ ဖြစ်ပါတယ်။

၂၂ နိုဝင်ဘာ ၂၀၂၂,

ပေါ်တူဂီ ရှေ့တန်းကစားသမား ခရစ်စတီယာနို ရော်နယ်ဒို မန်ချက်စတာယူနိုက်တက်အသင်းကနေ ချက်ချင်း ထွက်ခွာတော့မှာ ဖြစ်ပါတယ်။

ရော်နယ်ဒို

ဒီဆုံးဖြတ်ချက်ကတော့ အသက် ၃၇ နှစ်အရွယ် ကစားသမားရဲ့ အငြင်းပွားဖွယ် အင်တာဗျူးထွက်လာအပြီးမှာ ဖြစ်လာခဲ့တာပါ။ အသင်းကို ဝေဖန်ပြောကြားမှုတွေ လုပ်ခဲ့တဲ့ အဲဒီအင်တာဗျူးထဲမှာ သူက မန်ယူအသင်း မန်နေဂျာ အဲရစ် တန်ဟက်ကို မလေးစားဘူးလို့ ပြောခဲ့ပါတယ်။

ဒီထွက်ခွာမှုဟာ အသင်းနဲ့ ကစားသမားကြား နှစ်ဦးနှစ်ဖက် သဘောတူညီမှု ဖြစ်တယ်လို့ ဆိုပါတယ်။

အသင်းနည်းပြနဲ့ အဆင်မပြေဖြစ်ခဲ့ပြီးနောက် စိန်ခေါ်မှု အသစ်ကို ရှာဖွေတော့မယ်လို့ဆို

“အိုးထရက်ဖို့ဒ်မှာ ၂ ­­­ကြိမ်တိုင် သူ့ရဲ့ ကြီးမားတဲ့ အထောက်အပံ့တွေကို ကလပ်က ကျေးဇူးတင်ပါတယ်” လို့ အသင်းဘက်က ထုတ်ပြန်ချက်မှာ ဆိုပါတယ်။

အသင်းနည်းပြနဲ့ အဆင်မပြေဖြစ်ခဲ့ပြီးနောက် စိန်ခေါ်မှု အသစ်ကို ရှာဖွေတော့မယ်လို့ဆို

တစ်ပတ်လုပ်ခလစာ ပေါင် ငါးသိန်းနဲ့ စာချုပ် ၇ လ ကျန်နေသေးပေမဲ့ အခု ထွက်ခွာမှုကြောင့် ဇန်နဝါရီ စျေးကွက်အဖွင့်မှာတော့ သူဟာ တခြား အသင်းတွေနဲ့ လွတ်လပ်စွာ စာချုပ်ချုပ်နိုင်တော့မှာ ဖြစ်ပါတယ်။

ရော်နယ်ဒိုဘက်ကလည်း အသင်းနဲ့ စကားပြောပြီး နှစ်ဖက်စာချုပ်ကို စောစောဖျက်သိမ်းဖို့ သဘောတူခဲ့တယ်လို့ ထုတ်ပြန်ပါတယ်။

“ကျွန်တော် မန်ချက်စတာယူနိုက်တက်ကို ချစ်တယ်။ ပရိသတ်တွေကို ချစ်တယ်။ အဲဒါ ဘယ်တော့မှ ပြောင်းလဲသွားမှာ မဟုတ်ဘူး။ ဒါပေမဲ့ အခုတော့ စိန်ခေါ်မှု အသစ်တွေကို ရှာဖွေဖို့ အချိန်ရောက်ပြီလို့ ခံစားရတယ်” လို့ ဆိုပါတယ်။

မန်ယူအသင်း အောင်မြင်ပါစေလို့လည်း သူက ဆုတောင်းခဲ့ပါတယ်။

ရော်နယ်ဒိုကတော့ အခုအခါမှာ ပေါ်တူဂီအသင်းနဲ့အတူ ကာတာမှာ ကမ္ဘာ့ဖလား ကစားဖို့ ရောက်နေပါတယ်။ သူအသင်းဟာ အုပ်စု အိတ်ချ်မှာ ကြာသပတေးနေ့မှာ ဂါနာအသင်းနဲ့ အုပ်စုအဖွင့်ပွဲ ကစားရဖို့ ရှိပါတယ်။

ရေးသားသူ –BBC Burmese

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။