ခင်ဦးမြို့နယ်အနောက်ဘက်ခြမ်း ရွာများကို စစ်တပ်က ရဟတ်ယာဉ် ဖြင့် ပစ် ခတ်နေပြီး ရွာများကို မီးတင်ရှိုနေ့၊ တိုက်ပွဲပြင်းထန်ပြီး စစ်တပ်ဘက်မှ ၁၀ ဦး thayဆုံးကာ ပြည်သူတစ်ဦး lat nat ကြီးထိမှန်thayဆုံး

Local News

ခင်ဦးမြို့နယ်အနောက်ဘက်ခြမ်း ရွာများကို စစ်တပ်က ရဟတ်ယာဉ် ဖြင့် ပစ် ခတ်နေပြီး ရွာများကို မီးတင်ရှိုနေ့၊ တိုက်ပွဲပြင်းထန်ပြီး စစ်တပ်ဘက်မှ ၁၀ ဦး thayဆုံးကာ ပြည်သူတစ်ဦး lat nat ကြီးထိမှန်thayဆုံး
မင်္ဂလာပါ ပရိသတ်ကြီးရေ.. မိုးနတ်မင်း သတင်းစုံမှ ကြိုဆိုလိုက်ပါတယ်။ အခုတင်ဆက်ပေးမယ့် သတင်းလေးကတော့ ခင်ဦးမြို့နယ်အနောက်ဘက်ခြမ်း ရွာများကို စစ်တပ်က ရဟတ်ယာဉ် ဖြင့် ပစ် ခတ်နေပြီး ရွာများကို မီးတင်ရှိုနေ့၊ တိုက်ပွဲပြင်းထန်ပြီး စစ်တပ်ဘက်မှ ၁၀ ဦး thayဆုံးကာ ပြည်သူတစ်ဦး lat nat ကြီးထိမှန်thayဆုံးဆိုတဲ့သတင်းပဲ ဖြစ်ပါတယ်။

ရန်ကုန်၊ နိုဝင်ဘာ ၂၃

စစ်ကိုင်းတိုင်း၊ ခင်ဦးမြို့နယ်၊ ကန့်ဘလူမြို့နယ်နှင့်ရေဦးမြို့နယ်အစပ် ကျေးရွာ များ ကို ယနေ့ မွန်းလွဲပိုင်းတွင် စစ်တပ်က တိုက်ခိုက်ရေးရဟတ်ယာဉ်များဖြင့် ပစ်ခတ်လျက်ရှိပြီး မြေပြင်တွင်လည်း စစ်ကြောင်းများက ကျေးရွာများကို မီး တင် ရှို့နေကြောင်း ဒေသခံများက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆို သည်။
နိုဝင်ဘာလ ၂၃ ရက်နေ့ မွန်းလွဲ ၁ နာရီ ၅၃ မိနစ်အချိန် တိုက်ခိုက်ရေး ရဟတ် ယာဉ်တစ်စီးဖြင့် ခင်ဦးမြို့နယ်၊ မုံလှကျေးရွာ၊ ရေဦးမြို့နယ် ပင်စိမ်းခင်း ကျေး ရွာ၊ ကန့်ဘလူမြို့နယ် ကျီစုကျေးရွာတို့ကို ပစ်ခတ်လျက်ရှိကြောင်း၊ စစ်ကြောင်း များကလည်း ယင်းကျေးရွာများကို မီးတင်ရှို့နေကြောင်း သိရှိရသည်။
“ကျီစုကျေးရွာကို မနေ့ကရော ဒီနေ့ရောမှာပါ မီးရှို့ပြီး lat nat ကြီး တွေနဲ့ ပစ်နေပါတယ်။ ပင်စိမ်းခင်းကျေးရွာကို ဝင်တဲ့အချိန်မှာ ရေဦးမြို့နယ် ကြာပန်း ညို ရွာဘက်ကနေ lat nat ကြီးတွေနဲ့ ​ပစ်ကူပြီးတော့ စစ်ကြောင်းတွေ ဝင် လာတယ်။ ခင်ဦးမြို့နယ် သာဝတ္ထိ မုံလှကျေးရွာကိုတော့ ရဟတ်ယာဉ်နဲ့ ပစ် နေ ပါတယ်”ဟု ဒေသခံတစ်ဦးက ပြောဆိုသည်။
လက်ရှိတွင် ခင်ဦးမြို့နယ်တွင် တိုက်ပွဲများ အပြင်းအထန်ဖြစ်ပွားလျက်ရှိပြီး ကျေးရွာများသို့ မီးရှို့ရန် ကြိုးစားနေသည့် စစ်ကြောင်းကို PDF တပ်များက ခုခံတိုက်ခိုက်လျက်ရှိကြောင်း သိရှိရသည်။
ယမန်နေ့ ကျီစုရွာကို မီးရှို့ခဲ့သော အင်အား ၂၀၀ ခန့်ပါ စစ်ကြောင်းသည် နိုဝင် ဘာလ ၂၃ ရက်နေ့ နံနက် ၈ နာရီ ၈ မိနစ်အချိန် ပင်စိမ်းခင်းရွာဟောင်းဘက်မှ စစ်ကြောင်းထိုးလာသဖြင့် ခင်ဦးမြို့နယ် တပ်ရင်း (၃) L.G R.F အဖွဲ့နှင့် မဟာ မိတ် တပ်ဖွဲ့များက ပူးပေါင်းခုခံတိုက်ခိုက်ခဲ့ရာ စစ်သား၁၀ ဦးထက် မနည်း thayဆုံးကြောင်း ၊ ရေဦးမှ စစ် ကြောင်းက ကား ၂စီးဖြင့် ကြာပန်းညို ကျေးရွာ ဘက်သို့ စစ်ကူရောက်ရှိပြီး lat nat များ တပ်ဆင်နေကြောင်း L.G R.F တပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ် သတင်း ဌာန ထံသို့ ပြောဆို သည်။
“ပင်စိမ်းခင်းရွာဟောင်းဘက်မှ စစ်ကြောင်းထိုးလာသောခွေးတွေရဲ့ ရမ်းသမ်း ပစ်ခတ်မှုကြောင့် ပြည်သူ အမျိုးသမီးတစ်ဦး lat nat ကြီးစ ထိမှန် thayဆုံး သွားပါတယ်။ ကာကွယ်ရေးအဖွဲ့သားများမှ ၂ ယောက်lat nat ကြီး ထိမှန် ပေမယ့် မစိုးရိမ်ရပါဘူး” L.G R.Fတပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန် ခေတ် သစ် သတင်းဌာနထံသို့ပြောဆိုသည်။

ရေးသားသူ – ခေတ်သစ်မီဒီယာ

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။