တောင်ကိုရီးယားက အထူးဗီဇာကိုင်ထားတဲ့မြန်မာတွေကို သံရုံးက နိုင်ငံကူးလက်မှတ်သက်တမ်းမတိုးပေးလို့အခက်ကြုံနေ

Local News
တောင်ကိုရီးယားက အထူးဗီဇာကိုင်ထားတဲ့မြန်မာတွေကို သံရုံးက နိုင်ငံကူးလက်မှတ်သက်တမ်းမတိုးပေးလို့အခက်ကြုံနေ

မင်္ဂလာပါ ပရိသတ်ကြီးရေ.. မိုးနတ်မင်း သတင်းစုံမှ ကြိုဆိုလိုက်ပါတယ်။ အခုတင်ဆက်ပေးမယ့် သတင်းလေးကတော့တောင်ကိုရီးယားက အထူးဗီဇာကိုင်ထားတဲ့မြန်မာတွေကို သံရုံးက နိုင်ငံကူးလက်မှတ်သက်တမ်းမတိုးပေးလို့အခက်ကြုံနေ ဆိုတဲ့သတင်းလေးပဲ ဖြစ်ပါတယ်။

တောင်ကိုရီးယားနိုင်ငံမှာရောက်နေတဲ့ အထူးဗီဇာ ကိုင်ထားသူတွေကို မြန်မာသံရုံးက နိုင်ငံကူးလက်မှတ်သက်တမ်းဆက်မတိုးပေးလို့ အခက်ကြုံနေသူ ထောင်ဂဏန်းရှိနေတယ်လို့ တောင်ကိုရီးယားနိုင်ငံဆိုင်ရာ အမျိုးသားညီညွတ်ရေးအစိုးရ ကိုယ်စားလှယ်ရုံးကနေ သိရပါတယ်။

G1-99 လို့ခေါ်တဲ့ အထူးဗီဇာဟာ မြန်မာနိုင်ငံကို လုံခြုံရေးအရ ပြန်ဖို့ အခက်အခဲရှိသူတွေကို တောင်ကိုရီးယားအစိုးရကထုတ်ပေးတဲ့ ဗီဇာဖြစ်ပြီး ၆ လတစ်ခါ သက်တမ်းတိုးရတာပါ။

နိုင်ငံကူးလက်မှတ်သက်တမ်းကုန်နေရင် ဗီဇာသက်တမ်းဆက်တိုးလို့မရဘဲ အလုပ်အကိုင်၊ ဘဏ်အသုံးပြုတာနဲ့ ဆေးကုသခွင့်တွေမှာ အခက်အခဲ တွေ့ရတဲ့အကြောင်း တောင်ကိုရီးယားနိုင်ငံဆိုင်ရာ အမျိုးသားညီညွတ်ရေးအစိုးရ ကိုယ်စားလှယ်ရုံး တာဝန်ခံ ဦးရန်နိုင်ထွန်းကပြောပါတယ်။

တောင်ကိုရီးယားနိုင်ငံမှာရောက်နေတဲ့မြန်မာတွေဟာ အာဏာသိမ်းမှုကိုတက်တက်ကြွကြွဆန့်ကျင်နေသူတွေဖြစ်လို့ အထူးဗီဇာ ကိုင်ထားသူတွေကို သံရုံးက သက်တမ်းဆက်မတိုးပေးတာလို့ ကိုရီးယားရောက်မြန်မာတစ်ဦးက ပြောပါတယ်။

ဒီကိစ္စနဲ့ပတ်သက်ပြီးမေးမြန်းဖို့ စစ်ကောင်စီရဲ့နိုင်ငံခြားရေးဝန်ကြီးဌာနရဲ့ပြောရေးဆိုခွင့်ရှိသူကို ဘီဘီစီကဆက်သွယ်ခဲ့ပေမယ့် အဆက်အသွယ်မရခဲ့ပါဘူး။

ကုလသမဂ္ဂရဲ့ မြန်မာနိုင်ငံဆိုင်ရာ လူ့အခွင့်အရေးအထူးကိုယ်စားလှယ် မစ္စတာတွမ်အင်ဒရူးက တောင်ကိုရီးယားနိုင်ငံကို ပြီးခဲ့တဲ့ ရက်ပိုင်းအတွင်းက ရောက်လာခဲ့ပြီး ကိုရီးယားရောက်မြန်မာတွေကို ပိုပြီးကူညီဖို့ တောင်ကိုရီးယားအာဏာပိုင်တွေကို တိုက်တွန်းခဲ့ပါတယ်။

တောင်ကိုရီးယားနိုင်ငံကို ရောက်နေတဲ့ မြန်မာ သုံးသောင်းခွဲကျော်ရှိနေတယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ ကိုယ်စားလှယ်ရုံးကနေ သိရပါတယ်။

ရေးသားသူ – BBC Burmese

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။