နှစ်ပေါင်း ၁၀,၀၀၀ ရှိပြီဖြစ်တဲ့ GLYPTODON သတ္တဝါကြီးရဲ့ဥကို သူ့ရဲ့လယ်ယာကွင်းထဲမှာတင် တွေ့ရှိခဲ့ရတဲ့ အမျိုးသား

International News Local News
နှစ်ပေါင်း ၁၀,၀၀၀ ရှိပြီဖြစ်တဲ့ GLYPTODON သတ္တဝါကြီးရဲ့ဥကို သူ့ရဲ့လယ်ယာကွင်းထဲမှာတင် တွေ့ရှိခဲ့ရတဲ့ အမျိုးသား

မင်္ဂလာပါ ပရိသတ်ကြီးရေ.. မိုးနတ်မင်း သတင်းစုံမှ ကြိုဆိုလိုက်ပါတယ်။ အခုတင်ဆက်ပေးမယ့် သတင်းလေးကတော့ နှစ်ပေါင်း ၁၀,၀၀၀ ရှိပြီဖြစ်တဲ့ GLYPTODON သတ္တဝါကြီးရဲ့ဥကို သူ့ရဲ့လယ်ယာကွင်းထဲမှာတင် တွေ့ရှိခဲ့ရတဲ့ အမျိုးသား ဆိုတဲ့သတင်းလေးပဲ ဖြစ်ပါတယ်။

နှစ်ပေါင်း ၁၀,၀၀၀ ရှိပြီဖြစ်တဲ့ GLYPTODON သတ္တဝါကြီးရဲ့ဥကို သူ့ရဲ့လယ်ယာကွင်းထဲမှာတင် တွေ့ရှိခဲ့ရတဲ့ အမျိုးသား

Jose Antonio Nievas အမည်ရှိအမျိုးသားဟာ Argentina နိုင်ငံ Buenos Aires မြို့ရဲ့တောင်ဘက် ၂၅ မိုင်အကွာရှိ သူ့ရဲ့လယ်ယာခြံကွင်းထဲမှ ဧရာမမျိုးဥကြီးတစ်လုံးရဲ့ရုပ်ကြွင်းကို တွေ့ရှိခဲ့ရပါတယ်။

Nievas က ကြီးမားလွန်းတဲ့၎င်းမျိုးဥကို ဒိုင်နိုဆောမျိုးဥလို့ ထင်ခဲ့ပါသေးတယ်။ သို့ပေမဲ့ ၎င်းမျိုးဥဟာ ဝတ္တုထဲကလို လွန်ခဲ့တဲ့နှစ်ပေါင်း ၁၀,၀၀၀ ခန့်က အနက်ရောင် ဒိုင်နိုဆောရဲ့မျိုးဥမဟုတ်ဘဲ ရှေးရှေးခေတ်ကာလတုန်းက ရှိခဲ့တဲ့ Glyptodon လို့ခေါ်တဲ့လိပ်ပုံပန်းသဏ္ဍာန်ပုံရှိတဲ့ကြီးမားတဲ့သတ္တဝါတစ်ကောင်ရဲ့ ကြေးခွံတစ်ခုသာ ဖြစ်နေခဲ့ပါတယ်။

ထို့‌နောက် သုတေသန သိပ္ပံပညာရှင်များဟာ Nievas ရဲ့ခြံကွင်းသို့သွားခဲ့ကြပြီး ၎င်းဥပုံသဏ္ဍာန်ရှိတဲ့အရာကို စစ်ဆေးခဲ့ရာမှာ ၎င်းရဲ့တောက်ပလွန်းတဲ့မျက်နှာပြင်ကြောင့်၎င်းက မျိုးဥမဟုတ်ဘဲ Ice Age ပါတွန်းဇာတ်ကားထဲကလို ရှေးရှေးခေတ်မှာနေထိုင်တည်ရှိခဲ့တဲ့ Glyptodon ရဲ့ကြေးခွံသာ ဖြစ်တယ် လို့ သတ် မှတ်ခဲ့ကြပါတယ်။ ၎င်းသတ္တဝါဟာ လိပ်တစ်ကောင် (သို့) သင်းခွေချပ်တစ်ကောင်နဲ့ ပုံစံတူပါတယ်။

၎င်းသတ္တဝါက လိပ်ထက်သင်းခွေချပ်နဲ့ ပိုမိုဆက်စပ်မှုရှိပေမဲ့လည်း Red Hot Awesome ရဲ့ Vlogအရ Glyptodon ကောင်များဟာ အစွမ်းထက်တဲ့သတ္တဝါများဖြစ်တဲ့အပြင် နှစ် ၁,၀၀၀ ခန့်အထိ နေထိုင်ကျက်စားနေနိုင်တဲ့အခွံမာသတ္တဝါများဖြစ်ကြောင်း ထို့ကဲ့သို့ ထောက်ပြထားခဲ့ပါတယ်။ Nievas ရဲ့လယ်ယာမြေမှာရှိနေတဲ့နမူနာကငယ်ရွယ်တဲ့ Glyptodon ကောင်သာဖြစ်ကြောင်းနှင့် ၎င်းရဲ့မာကျောတဲ့အခွံရှိအချို့သောအစိတ်အပိုင်းများက ကျိုးပဲ့နေခဲ့ပုံကို ကြည့်ခြင်းအားဖြင့် ၎င်းဟာ အခြားသော Glyptodon ကောင်နဲ့ တိုက်ခိုက်ခဲ့ပုံရကြောင်းကိုပါ ထောက်ပြခဲ့ပါတယ်။

ထို့နောက် Nievas ဟာခြံထဲရှိ၎င်းအရာကြောင့် အတော်လေးကို သိများလာကာ social media များက မေးမြန်းမှုများပါ ပြုလုပ်ခဲ့ကြပါတယ်။ ၎င်းအရာကို ပထမဆုံးတွေ့ခဲ့ရစဉ်က Niev as ဟာ ဝမ်းသာစွာ အားတက်သရောဖြင့် မိသားစုဝင်များကို ၎င်းတို့ခြံမှာ ဒိုင်နိုဆောဥတစ်မျိုးကို တွေ့ခဲ့တယ်လို့ပြောခဲ့ကြောင်းကိုNievas ရဲ့မိသားစုဝင်များက ရယ်မောပြီး Nievas ပြောခဲ့တဲ့စကားအချို့ကို ပြန်ပြောပြခဲ့ပါတယ်။

Glyptodon များဟာ Ice Age အတွင်းမှာ နေထိုင်ခဲ့ကြတဲ့ ရှားပါးပြီး ရဲရင့်တဲ့သင်းခွေချပ် ကဲ့သို့သော သတ္တဝါများသာ ဖြစ်ပါတယ်။အန္တရာယ်များနဲ့ကြုံလာတဲ့အခါ Glyptodon များဟာလိပ်များကဲ့သို့ပင် ၎င်းတို့ရဲ့ကြီးမားတဲ့ကြေးခွံထဲသို့ ပြန်လည်ဝင်ရောက်နေနိုင်ပါတယ်။ လိပ်များက ခန္ဓာကိုယ်ထိပ်ပိုင်းနှင့်အောက်ပိုင်းဘက်မှ ာသာ အခွံမာများရှိပေမဲ့လည်း Glyptodon မှာတော့ ပျော့ပြောင်းတဲ့ underbellies များလည်း ပါရှိပါသေးတယ်

ရေးသားသူ – Shwe Ka Thit News

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။