မင်္ဂလာဒုံတွင် တပ်ပိုင်မြေဟုဆိုကာ ရပ်ကွက် ၅ ခုမှ ပြည်သူ ၅ သောင်းနီးပါးကို အတင်းအကျပ် ရွှေ့ပြောင်းခိုင်းမှုတွင် စစ်ကောင်စီက ပဋိပက္ခ ဖြစ်စေရန် ဖန်တီးနေ

Local News

မင်္ဂလာဒုံတွင် တပ်ပိုင်မြေဟုဆိုကာ ရပ်ကွက် ၅ ခုမှ ပြည်သူ ၅ သောင်းနီးပါးကို အတင်းအကျပ် ရွှေ့ပြောင်းခိုင်းမှုတွင် စစ်ကောင်စီက ပဋိပက္ခ ဖြစ်စေရန် ဖန်တီးနေ
မင်္ဂလာပါ ပရိသတ်ကြီးရေ.. မိုးနတ်မင်း သတင်းစုံမှ ကြိုဆိုလိုက်ပါတယ်။ အခုတင်ဆက်ပေးမယ့် သတင်းလေးကတော့မင်္ဂလာဒုံတွင် တပ်ပိုင်မြေဟုဆိုကာ ရပ်ကွက် ၅ ခုမှ ပြည်သူ ၅ သောင်းနီးပါးကို အတင်းအကျပ် ရွှေ့ပြောင်းခိုင်းမှုတွင် စစ်ကောင်စီက ပဋိပက္ခ ဖြစ်စေရန် ဖန်တီးနေ ဆိုတဲ့သတင်းလေးပဲ ဖြစ်ပါတယ်။

ရန်ကုန်၊ နိုဝင်ဘာ ၂၄

ရန်ကုန်တိုင်း၊ မင်္ဂလာဒုံမြို့နယ်၊ ပျဉ်းမပင်ကျေးရွာအုပ်စုကို တပ်ပိုင် မြေ ကျူး ကျော် သည်ဟု ဆိုကာ ရပ်ကွက် ၅ ခု၊ အိမ်ခြေ ၁၀၀၀၀ နီးပါးကို စစ်တပ်က အတင်း အကျပ် ရွှေ့ပြောင်းခိုင်းနေရာတွင် စစ် တပ်၊ ရဲ နှင့် ပြည်သူများအကြား ပဋိပက္ခများ ဖြစ်ပေါ်စေရန်လည်း ရည်ရွယ်ချက်ရှိရှိ ဖန်တီး လျက် ရှိကြောင်း သိရှိရသည်။


မင်္ဂလာဒုံမြို့နယ်စစ်ကောင်စီက ရပ်ကွက် ၅ ခုကို နိုဝင်ဘာလ ၂၂ ရက်နေ့ နောက်ဆုံးထား ပြောင်း ရွှေ့ရန် အမိန့်ထုတ်ပြီး နိုဝင်ဘာလ ၂၂ ရက်နေ့မှစ၍ ရပ်ကွက်ကို လုံခြုံရေးများချကာ အတင်းအကျပ် ရွှေ့ပြောင်းခိုင်းနေကြောင်း၊ သို့ရာ တွင် အကြမ်းဖက်စစ်ကောင်စီက နိုဝင်ဘာ ၂၁ ရက်နေ့ နေ့စွဲဖြင့် မင်္ဂလာဒုံ ရပ်ကွက် ၅ ခုမှ ပြည်သူများ၏ အသနားခံ တင်ပြမှုကြောင့် အိမ်များဖျက်သိမ်းခိုင်းမှုကို ၂၀၂၃ ခုနှစ် မတ်လအထိ ၄ လ ဆိုင်းငံ့ပေးရန် ညွှန်ကြားချက်တစ်ရပ်ကို ထုတ်ပြန်လာကြောင်း၊ စစ် ကောင်စီက အိမ်ဖျက်ခိုင်းမှုများကို ဆိုင်းငံ့သည်ဟု ညွှန်ကြားထွက်သော်လည်း အောက် ခြေတွင် နေ့စဉ် ရဲ၊ စစ်တပ် လုံခြုံရေးများဖြင့် ရပ်ကွက်များရှိ နေအိမ်များကို အတင်းအကျပ် ဖျက်သိမ်း နေကြောင်း သိရှိရသည်။


“နိုဝင်ဘာလ ၂၃ ရက်နေ့မှာဆိုရင် ရပ်ကွက်တွေထဲကို ပြင်ပက ပြည်သူတွေကို ပေးမဝင်ဘူး။ ရပ်ကွက်နဲ့လမ်း၀ထိပ်တွေမှ lat natကိုင် ယာဉ်ထိန်းရဲတွေက လာသမျှ ဆိုင်ကယ်ကား၊ လူတွေကို ပြန်လှည့်ခိုင်းတယ်။ စစ်ခွေး ရဲခွေးတွေအကုန် အရပ်ဝတ်တွေနဲ့ ဘက်ဖိုးတွေ၊ မြေကော်စက်တွေနဲ့။ အထဲက အိမ်ပြောင်းနေတဲ့လူတွေကို စစ်ဆေးပြီး အပြင်ပေးထွက်တယ်။ အပြင်က လာတဲ့ ကား ဆိုင်ကယ် လူ ပေးမဝင်တော့ဘူး။ မနက် ၇ နာရီလောက်ကတည်းက ရဲခွေးစစ်ခွေးတွေ လာကြတာ။ အဲဒီတော့ အပေါ်က နောက်နှစ် မတ်လအထိ အိမ်တွေ ပြောင်းခိုင်းတာ ဆိုင်းငံ့တယ်ဆိုပြီး စာ ထုတ် တယ်။ အောက်က အတင်းဖျက်တယ်။ ဆိုတော့ အပေါ်ကစာကို ယုံပြီး မဖျက်တဲ့ ပြည်သူနဲ့ အောက်က ခွေးတွေနဲ့ ပဋိပက္ခတွေဖြစ်လာနိုင်တယ်။ အဲဒီလို ဖြစ်အောင် လုပ်တယ်လို့ ထင်ပါတယ်” ဟု ဒေသခံတစ်ဦးကဆို သည်။
ထို့ပြင် ရန်ကုန်တိုင်းစစ်ကောင်စီက မင်္ဂလာဒုံ မြို့နယ် တပ်ပိုင်မြေ ကျူးကျော်မှုကြောင် အိမ်ဖျက် သိမ်းရသော ပြည်သူများကို အိမ်မငှားရန်၊ ဧည့်သည်အဖြစ် လက်ခံခြင်းမပြုရန် အခြားသော မြို့နယ် များမှ ထွေ/အုပ်များကို အမိန့်ပေးထားကြောင်း သိရှိရသည်။


“မင်္ဂလာဒုံမှာ အိမ်ဖျက်လို့ ပြောင်းလာမယ့် မိသားစုတွေကို လက်မခံဖို့ ဒီမနက်မှာ မြောက်ဥက္ကလာပနဲ့ ရွှေပေါက်ကံ ရပ်ကွက်တော်တော်များမှာ ထွေ/အုပ်တွေက လိုက်ပြောတယ်။ မင်္ဂလာဒုံကနေ ရွှေ့ လာ မယ့် သူတို့ အခေါ်တော့ ကျူးကျော်တွေကို အဆောင်တွေ တိုက်ခန်းတွေမှာ လက်မခံဖို့ ညအိပ်ခွင့်ပြု တာတွေ မလုပ်ဖို့။ လုပ်ခဲ့ရင် အိမ်ရှင်၊ အဆောင်ပိုင်ရှင်ရော အဆောင်မှူးတွေ ရော ဖမ်းဆီးမယ်ဆိုပြီး လိုက်ပြီး ခြိမ်းခြောက်တယ်။ အိမ်ဖျက်ခံရတဲ့သူတွေက ဆူပူမှုနဲ့ အကြမ်း ဖက်မှုတွေ လှုံ့ဆော်လာမှာကို စိုးရိမ်တယ်လို့ ပြောတယ်” ဟု ရွှေပေါက်ကံမှ ဒေသခံတစ်ဦးက ဆိုသည်။
အကြမ်းဖက်စစ်ကောင်စီက အာဏာသိမ်းပြီးချိန်မှ စ၍ ပြည်သူပိုင်နေအိမ်များကို အတင်းအဓမ္မ ဖယ် ရှား ခိုင်းခြင်း၊ ဘူဒိုဇာနှင့် ထိုး၍ ဖျက်ဆီးခြင်းများကို ရန်ကုန် အပါအဝင် မြို့ကြီးများတွင် ဥပဒေမဲ့ အဆက်မပြတ် လုပ်ဆောင်လာ ခြင်းဖြစ် သည်။

ရေးသားသူ – ခေတ်သစ်မီဒီယာ

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။