အာရှလမ်း နတ်စင်ကွေ့မှာ ၂၂ဘီး ယာဉ်တိမ်းမှောက် ၃ ဦးထိခိုက်

Local News

အာရှလမ်း နတ်စင်ကွေ့မှာ ၂၂ဘီး ယာဉ်တိမ်းမှောက် ၃ ဦးထိခိုက်

မင်္ဂလာပါ ပရိသတ်ကြီးရေ.. မိုးနတ်မင်း သတင်းစုံမှ ကြိုဆိုလိုက်ပါတယ်။အခုတင်ဆက်ပေးမယ့် သတင်းလေးကတော့ အာရှလမ်း နတ်စင်ကွေ့မှာ ၂၂ဘီး ယာဉ်တိမ်းမှောက် ၃ ဦးထိခိုက် ဆိုတဲ့သတင်းလေးပဲ ဖြစ်ပါတယ်။

အောက်တိုဘာ ၁၂
ယနေ့ ညနေ ၅ နာရီကျော်က မြဝတီ မှ ဆင်းလာတဲ့ ၂၂ဘီး ယာဉ်သည် အာရှလမ်း နတ်စင်ကွေ့ အဆင်းမှာ ဘရိတ်ပေါက်ပြီး တိမ်းမှောက်ဖြစ်ပွားခဲ့ကြောင်း သိရပါတယ်။

ယင်းဖြစ်စဉ်ကို ပုလဲဖြူ လူမှုကယ်ဆယ်ရေးအဖွဲ့ သွားရောက် ကူညီပေးခဲ့ပြီး ထိခိုက်ဒဏ်ရာ ရရှိသူ ယာဉ် မောင်း၊ဇနီးနှင့်သမီးငယ်တို့အား ဆေးရုံသို့ ပို့ဆောင်ပေးခဲ့ တယ်လို့ဆိုပါတယ်။

ယာဉ်မောင်းရဲ့ အမျိုးသမီး မှာ ခေါင်းအနည်းငယ် ထိခိုက် လက်နှင့်ခြေ ပွန်းပဲ့ပြတ်ရှ ဒဏ်ရာရရှိပြီး ကလေးမှာ လက်အနည်းငယ် ထိခိုက်ထားကာ ယာဉ်မောင်း ဘယ်ခြေသလုံး ပြတ်ရှဒဏ်ရာ (အသက်အန္တရာယ် မစိုးရိမ်ရ)ရရှိခဲ့တယ်လို့ သိရပါတယ်။

ဖိုတို #ပုလဲဖြူ လူမှုကယ်ဆယ်ရေးအဖွဲ့
ရေးသားသူ – မြန်မာပလက်ဖောင်း

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း
မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။