စစ်ကောင်စီက တေဇ၏ သား ၂ ဦးကို လစဉ် စားအုန်းဆီ တန်ချိန်သောင်းချီ တင်သွင်းခွင့်ပေး

Local News

စစ်ကောင်စီက တေဇ၏ သား ၂ ဦးကို လစဉ် စားအုန်းဆီ တန်ချိန်သောင်းချီ တင်သွင်းခွင့်ပေး

မင်္ဂလာပါ ပရိသတ်ကြီးရေ.. မိုးနတ်မင်း သတင်းစုံမှ ကြိုဆိုလိုက်ပါတယ်။ အခုတင်ဆက်ပေးမယ့် သတင်းလေးကတော့စစ်ကောင်စီက တေဇ၏ သား ၂ ဦးကို လစဉ်
စားအုန်းဆီ တန်ချိန်သောင်းချီ တင်သွင်းခွင့်ပေး ဆိုတဲ့သတင်းလေးပဲ ဖြစ်ပါတယ်။

ရန်ကုန်၊ နိုဝင်ဘာ ၂၅

အကြမ်းဖက်စစ်ကောင်စီ့က အမေရိကန်ဒေါ်လာ လိုအပ်ချက် လျှော့ချရေးအတွက် ပြည်တွင်းသို့ သွင်း ကုန်များ တင်သွင်းခွင့် ပိတ်ပင်မှုများ လုပ်ဆောင်နေသော်လည်း စစ်တပ်၏ ဒေါက်တိုင် တေဇ၏ သား ၂ ဦးကိုမူ လစဉ် စားအုန်းဆီ တန်ချိန် ၁၅၀၀၀ တင်သွင်းခွင့်ပြုလိုက်ကြောင်း သိရှိရသည်။
တေဇ၏ သား ၂ ဦးဖြစ်သည့် ပြည့်ဖြိုးတေဇ၊ ထူးထက်‌တေဇတို့သည် ယခု နိုဝင်ဘာလမှစတင်၍ လစဉ် စားအုန်းဆီ တန်ချိန် ၁၅၀၀၀ တင်သွင်းခွင့် ရရှိခြင်းဖြစ်ကြောင်း၊ စစ်တပ်က စားအုန်းဆီ တင်သွင်းခွင့်၊ စက်သုံးဆီတင်သွင်းခွင့်များကို လုံး၀ အပြည့်အ၀ ထိန်းချုပ်ထားပြီး ယခင် သန်းရွှေ စစ်တပ်ခေတ်ကဲ့သို့ နီးစပ်ရာ ချထားပေးသည့် စနစ်ကို လုံး၀ စတင်နေပြီဖြစ်ကြောင်း သိရှိရသည်။

ဓာတ်ပုံ-တေဇနှင့်သား ၂ ဦး။

စီးပွားရေးသမား ခရိုနီ တေဇသည် ဒုဗိုလ်မှူးကြီးဟောင်း မြင့်ဆွေ၏ သားဖြစ်ပြီး ထူးကုမ္ပဏီအုပ်စု တည်ထောင်သူနှင့် ဥက္ကဋ္ဌဖြစ်ကာ စစ်တပ်အတွက် lat natတင်သွင်းပေးခြင်း၊ စစ်တပ်နှင့် အကျိုး စီးပွားရေးအတူ လုပ်ကိုင်နေသည့် မိတ်ဖက် စီးပွားရေး သမား၊ ဒေါက် တိုင်ဖြစ်နေ၍ အမေရိကန် အပါအဝင် အနောက်နိုင်ငံများ၊ ဥရောပသမဂ္ဂနိုင်ငံများက တေဇနှင့်မိသားစုဝင်များ၊ ၎င်းတို့၏ စီးပွား ရေးလုပ်ငန်းများကို ပိတ်ဆို့အရေးယူ ဒဏ်ခတ်မှုများ ချမှတ်ထား သည်။

ရေးသားသူ – ခေတ်သစ်မီဒီယာ

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။