ဘုမ္မိကြီး အကြောင်း

Astrology

ဘုမ္မိကြီး အကြောင်း

မင်္ဂလာပါ ပရိသတ်ကြီးရေ.. မိုးနတ်မင်း သတင်းစုံမှ ကြိုဆိုလိုက်ပါတယ်။ အခုတင်ဆက်ပေးမယ့် သတင်းလေးကတော့ဘုမ္မိကြီး အကြောင်း ဆိုတဲ့သတင်းလေးပဲ ဖြစ်ပါတယ်။

လောကဓံ(၈)ပါးနှင့်မဂ္ဂင်(၈)ပါးသက္ခတ်ပညာ

ဆိုင်ရာ ပညာရပ်များကို ဆရာကြီးဦးကြာမြင့်ရဲ့ ဗေဒင်အချုပ်မဟာဘုတ် နိဒါန်း နှင့် ဗေဒင်အချုပ်မဟာဘုတ် အဖွင့် စာအုပ် နှစ်အုပ်မှာ ဖော်ပြခဲ့တဲ့အပြင် ဆရာကြီးရဲ့ တပည့်ဆရာ များရဲ့ ဗေဒင်စာအုပ် တွေမှာ ဖော်ပြခဲ့ကြပါတယ်။ မြန်မာပြည်မှာရှိတဲ့ ဗေဒင်ဆရာတွေ အများစုဟာ မဟာဘုတ် ဆိုင်ရာ ပညာတွေ သုံးရင် ရေးရင် ဆရာကြီးဦးကြာမြင့်နဲ့ တပည့် ဆရာတွေ ရေးခဲ့တဲ့ စာအုပ်တွေထဲက မှီငြမ်းရေးသား ဖော်ပြကြပါတယ်။
တကယ်တမ်း လေ့လာရင် အလွန် နက်ရှိုင်းတဲ့ ပညာရပ်ဆိုင်ရာ ဆက်စပ်မှုတွေကို တွေ့ရှိနိုင်မှာ ဖြစ်ပါတယ်။ ဆက်စပ်ပုံ ဆက်စပ်နည်းတွေကို နမူနာ ဖော်ပြပေးမှာဖြစ်ပြီး အရိုးကို အရွက်မဖုံးစေချင်တဲ့ သဘောအရ ဗေဒင်အချုပ်မဟာဘုတ် နိဒါန်းပါ လောကဓံ(၈)ပါးနှင့်မဂ္ဂင်း(၈)ပါးသက္ခတ်ပညာကိုသာ ဖော်ပြသွားပါ့မယ်။
လောကဓံ(၈)ပါးနှင့်မဂ္ဂင်(၈)ပါးသက္ခတ်ပညာရဲ့ အဓိက သော့ချက်က ဥာဉ်ဆိုးအားတွေကို ဖော်ပြထားပြီး လောကီလူသားတစ်ယောက်ဟာ ဥာဉ်ဆိုးအား များရင်များသလို ဘဝမှာ အခက်အခဲ အကြပ်အတည်းတွေ တွေ့ကြုံခံစားလာရတာကို ပြဆိုသွား ပါတယ်။ ဒီပညာရပ်တွေမှာ အဆိုးတွေကိုသာ ဘာကြောင့် အဓိကထား ဖော်ပြ ရသလဲ ဆိုရင် အဆိုးတွေကိုတွေ့မြင်သိရှိပြီး အဆိုးတွေကို နိုင်နင်းအောင် ကျင့်ကြံ နေထိုင်သွားနိုင်ပြီဆိုရင် ကျန်တာတွေက အကောင်းချည့်သာ ဖြစ်လာတာကြောင့်ပါ။

မဟာဘုတ်ပါရဂူ ဆရာကြီးဦးကြာမြင့် က
(၁)သဘာဝတ္တ မဟာဘုတ်ဗေဒင်ပညာခဏ်း
(၂)လောကဓံ(၈)ပါးနှင့်မဂ္ဂင်(၈)ပါး သက္ခတ်ပညာ
(၃)အကြားအမြင် ပညာခဏ်း
(၄)ဓါတ်ဆင်၊ဓါတ်ရိုက်(ယတြာ) ပညာခဏ်း
(၅)နဝင်းစီးပွဲ ပညာခဏ်း
တို့ကို တီထွင်ဖော်ထုတ်သင်ကြားပြသခဲ့ပါသည်။၂၀၀၀ ပြည့်နှစ် မြန်မာ့တိုင်းရင်း သမားတော်များ ညီလာခံကျင်းပစဉ်မှာ ဗေဒင်အချုပ်မဟာဘုတ် နိဒန်း နဝင်းစီးပညာကို ဝိဇ္ဇာဓရ နယ ဆေးပညာအဖြစ် နိုင်ငံတော်ကသတ်မှတ် အတည်ပြုပြဌာန်းခဲ့ပါသည်။
“မဟာဘုတ်မဟုတ်ပါ”ဟုအပြောအဆိုခံရသည်အထိ အထင်လွဲမှားပြီးအနှိမ်ခံဘဝသို့ မရောက်စေရန် ဗေဒင်အချုပ်မဟာဘုတ်နိဒါန်း ပညာအား မည်သူမဆိုသိစေလို့သော စိတ်ဆန္ဒဖြင့်ဖွင့်ဆိုရေးသားထားခြင်းဖြစ်ပါသည်။
ဒီအထဲက လောကဓံ(၈)ပါးနှင့်မဂ္ဂင်(၈)ပါးသက္ခတ်ဗေဒင်ပညာကို ဖော်ပြပါမည်။

ဘုမ္မိကြီး

ဘုမ္မိကြီး ဆိုတာ ကျမ်းရင်းလင်္ကာ အရ ပြောရရင် ဆိုင်ရာနေ့ သားသမီး သည် လေးခွင်မြောက်ဂြိုလ်မှာ ဂြိုလ်အိပ်ပြီး ခုနှစ်ခွင်မြောက်ဂြိုလ်မှာ သက်ရောက် နေလျှင် ဘုမ္မိကြီး လို့ခေါ်တယ်။ လေးခွင်မြောက်ဂြိုလ်ရော ခုနှစ်ခွင်မြောက်ဂြိုလ်ရော ဘုမ္မိဂြိုလ်တွေဖြစ်ပါတယ်။ မိမိမွေးနာမ်ဂြိုလ်ကနေ ရေတွက်ရင် လေးခုမြောက်ဂြိုလ်ကို ဘုမ္မိ၊ မိမိမွေးနာမ်ဂြိုလ်ကနေ ရေတွက်ရင် ခုနှစ်ခုမြောက်ဂြိုလ်ကို ဘုမ္မိလေး ဆိုပြီး တစ်ချို့တွေက ခွဲခြား ပြောဆိုကြပါတယ်။ ကျမ်းရင်း လင်္ကာကို ဖော်ပြမယ်။
အ-ဝ-ရှာ
ကျား-တော-သူ
စံ_ပယ်_အုံး
လေး-ရွာ-က
မြ-ဦး-လူ
သူ-ဇာ-မောင်
တောင်-သာ-စွ
ကျမ်းရင်း အရ..

(၁) အ-ဝ-ရှာ

တနင်္ဂနွေ သားသမီးသည် ဗုဒ္ဓဟူးဂြိုလ်တွင် ဂြိုလ်အိပ်ပြီး ရာဟုဂြိုလ်မှာ သက်ရောက်နေလျှင်..

(၂) ကျား-တော-သူ

တနင်္လာ သားသမီးသည် စနေဂြိုလ်တွင် ဂြိုလ်အိပ်ပြီး သောကြာ ဂြိုလ်မှာ သက်ရောက်နေလျှင်.

(၃) စံ-ပယ်-အုံး

အင်္ဂါ သားသမီးသည် ကြာသာပတေးဂြိုလ်တွင် ဂြိုလ်အိပ်ပြီး တနင်္ဂနွေ ွဂြိုလ်မှာ သက်ရောက်နေလျှင်.. .

(၄) လေး-ရွာ-က

ဗုဒ္ဓဟူး သားသမီးသည် ရာဟုဂြိုလ်တွင် ဂြိုလ်အိပ်နေပြီး တနင်္လာ ဂြိုလ်မှာ သက်ရောက်နေလျှင်..

(၅) မြ-ဦး-လူ

ကြာသာပတေး သားသမီးသည် တနင်္ဂနွေဂြိုလ်တွင် ဂြိုလ်အိပ်ပြီး ဗုဒ္ဓဟူးဂြိုလ်မှာ သက်ရောက်နေလျှင်..

(၆) သူ-ဇ-မောင်

သောကြာ သားသမီးသည် အင်္ဂါဂြိုလ်တွင် ဂြိုလ်အိပ်ပြီး ကြာသာပတေး ဂြိုလ်မှာ သက်ရောက်နေလျှင်..

(၇) တောင်-သာ-စွ

စနေသားသမီးသည် သောကြာဂြိုလ်တွင် ဂြိုလ်အိပ်ပြီး အင်္ဂါဂြိုလ်မှာ သက္ခတ်နေလျှင်.. ဘုမ္မိကြီး ဖြစ်ပါတယ်။
သို့သော် လောကဓံ (၈) ပါး သက္ခတ်ပညာခဏ်းကြီးမှာ ❆ ဘုမ္မိကြီးဆိုတာ လေးခွင်မြောက်ဂြိုလ်မှာ ဂြိုလ်အိပ်ပြီး အယသော၊ ဒုက္ခံ၊ နိန္နာ၊ အလာဘော ကို သက်ရောက်နေတဲ့ ကာလတွေကို ခေါ်တယ်။ အဝရွာ ကျားတောသူ ဘုမ္မိကြီး ဟာ တစ်နှစ်သာ ခံရတယ်။ ပြင်းထန်တယ်။မြန်တယ်။ ရောဂါမဖြစ်ပဲ ခေါက်ကနဲ thayတတ်တယ်။ နဝင်းပွဲနဲ့ ကာထားရတယ်။ လောကီ အပျော်အပါးနယ် ကောင်းသော ဂြိုလ် လေးခွင်၌ ကျသော ဘုမ္မိကြီး ဖြစ်တယ်။
ဒါကြောင့်
(က)တနင်္ဂနွေ သားသမီး အသက် ၃၅နှစ်၊ ၃၆နှစ်၊ ၃၇နှစ်၊ ၃၈နှစ်၊ ၄၃နှစ်၊ ၄၄နှစ်၊ ၄၅နှစ်၊၄၆နှစ်..
၅၁ /၂၅ / ၅၃ / ၅၄နှစ်
( ခ)တနင်္လာ သားသမီး အသက် ၄၂နှစ်၊၄၃နှစ်၊၄၄နှစ်၊၄၅နှစ်၊ ၅၀နှစ်၊၅၁နှစ်၊ ၅၂နှစ်၊ ၅၃နှစ်..
( ဂ)အင်္ဂါ သားသမီး အသက် ၃၅နှစ်၊၄၁နှစ်၊၄၂နှစ်၊၄၃နှစ်၊၄၄နှစ်၊ ၄၉နှစ်၊၅၀နှစ်၊ ၅၁နှစ်၊၅၂နှစ်..
(ဃ)ဗုဒ္ဓဟူး သားသမီး အသက် ၄၈နှစ်၊၄၉နှစ်၊၅၀နှစ်၊၅၁နှစ်၊၅၆နှစ်၊၅၇နှစ်၊ ၅၈နှစ်၊၅၉နှစ်..
( င)ကြာသာပတေး သားသမီး အသက် ၅၄နှစ်၊၅၅နှစ်၊၅၅နှစ်၊၅၆နှစ်၊၅၇နှစ်..
( စ)သောကြာ သားသမီး အသက်၄၄နှစ်၊၄၅နှစ်၊၄၆နှစ်၊၄၇နှစ်၊၅၂နှစ်၊၅၃နှစ်၊၅၄နှစ်၊၅၅နှစ်…
(ဆ)စနေ သားသမီး အသက် ၄၇နှစ်၊၄၈နှစ်၊၄၉နှစ်၊၅၀နှစ်၊၅၅နှစ်၊၅၆နှစ်၊ ၅၇နှစ်၊၅၈နှစ်..များဟာ
ဘုမ္မိကြီး ခတ်နေတဲ့ နှစ်များဖြစ်တယ် ဆိုတာကို သိထားရမယ်။

ဘုမ္မိကြီး ၏အဓိပ္ပါယ်

ဘုမ္မိကြီး ကာလကို ဖြတ်သန်းနေချိန်ဟာ ဘဝတစ်လျှောက်လုံး အဆိုးဆုံးဖြစ်တယ်။ လူthayလျှင် thay၊ မ thayလျှင် ဘဝthayရတယ်။ ကိုယ် စိတ် နှုတ် သုံးပါးစလုံး အကျဉ်းအကြပ် အခက်အခဲ မျိုးစုံ ဖြစ်ရတယ်။ ရှိသမျှ စည်းစိမ်ဥစ္စာ တွေ ရန်သူမျိုး ငါးပါး ကြောင့် ကုန်ရပြန်တယ်။အလွန် ကုသရ ခက်ခဲတဲ့ပြင်းထန်တဲ့့ရောဂါမျိုးစုံ ဖြစ်ကြတယ်။ ရုတ်တရက် ဘေးအန္တရာယ်များ ကြုံတွေ့တယ်။ ထိခိုက်ဒဏ်ရာ အနာတရ ခွဲစိတ်မှု စတဲ့ ခန္ဓာကိုယ် သွေးခြည်သွေးပေါက်ထွက်တဲ့ ဥပါဒ်ဘေးတွေ ဖြစ်ရတယ်။ အမှုဖြစ် ထောင်ကျ အလုပ်ပြုတ် ပြောင်းရွှေ့ရတာတွေ ဖြစ်တယ်။ အတူနေ အုပ်စုတွေ ကွဲကုန်တယ်။ ဂုဏ်သိက္ခာတွေအားလုံး ကျဆင်းရတယ်။ အရှက်တွေ ကွဲကြတယ်။ဘဝ ရဲ့ အဆိုးဆုံး အချိန်တွေ ဖြစ်လို့ ဘုမ္မိကြီး ကာလကို ဖြတ်ကျော်ပြီးတဲ့ ထိုလူသားသည် အတွေးအမြင်များ ပြောင်းလဲပြီး လူသစ် စိတ်သစ်၊ အတွေးအခေါ် အယူအဆသစ်တွေနဲ့ အသစ်တဖန် မွေးဖွားလာတယ်။ ဘဝအသစ် မွေးဖွားလာလို့ တစ်သက်မှာ နှစ်ဘဝ လို့ ခေါ်ရမှာ ဖြစ်တယ်။
ကြာသာပတေး သားသမီးတွေ ဘုမ္မိကြီး တစ်ခါပဲ ခတ်ကြတယ်။ ဝမ်းမသာပါနဲ့၊ တစ်ကြိမ်ပဲခတ်လို့ တခြားနေ့ သားသမီးတွေထက် ပြင်းထန်တယ်။ ပိုခံရတယ်။
လောကုတ္တရာ ဆိုးသောနယ်မှာ ကျတဲ့ ဘုမ္မိကြီး ဟာ လောကီနယ်မှာ ကျတဲ့ အဝရွာ၊ကျားတောသူ ဘုမ္မိကြီးလို ခေါက်ကနဲ မဖြစ်၊ ဆေးကုချိန် ရတယ်။ မြှင်း၍ ခံရပြန်တယ်။
စနေမှာ ဂြိုလ်အိပ်ပြီး အယသော၊ ဒုက္ခံ၊ နိန္နာမှာ သက္ခတ်လျှင် ရောဂါဖြစ်လျှင် ဖြစ်တယ်။ သို့မဟုတ် ဥပစ္ဆေဒကကံ နဲ့ ခံရတတ်တယ်။ ရောဂါဖြစ်တယ်..လို့ ပုံသေ မမှတ်ရ၊၊ ဘုမ္မိကြီး ထက်ပြင်းထန်တဲ့နေရာ ဖြစ်တယ်ဆိုတာလည်း သိထားရမယ်။

ဘုမ္မိကြီး ခတ်လျှင်

1/ မိမိရဲ့ စိတ် သဏ္ဍန်မှာ ဖြစ်ပေါ်နေကျ
လောဘ၊ ဒေါသ၊မောဟ တွေကို လျှော့ထားရမယ်။
2/ ဇနီးမယား၊ သမီးသား၊ စီးပွားရေး၊ ကြီးပွားရေး၊ လူမှုရေး၊ အိမ်ထောင်ရေး၊ အသင်းအဖွဲ့ရေး မှန်သမျှ ဦးဆောင်မှု့ (တနည်းအားဖြင့် ဥပက္ခော ရှုရမယ်။
3/ အိမ်ကို လာတဲ့၊ ကိုယ့်ဆီလာတဲ့ ဒုက္ခသည်တွေ ကျမ်းမာရေး မကောင်းတဲ့ သူတွေကို တတ်နိုင်သမျှကူညီရမယ်။ အိမ်လာဆေးကုတဲ့သူတွေ ကြုံလာမယ်။ ဆေးကုပေးရမယ်။
4/ ကိုယ့်အထွာနဲ့ကိုယ် တတ်နိုင်သလောက် လမ်းခင်းတာ၊ တံတားခင်းတာ၊ ခရီးသွားရင်း အခက်အခဲ တွေ့နေသူတွေကို ကူညီရမယ်။
5/ နာရေးတွေကူညီပါ။
6/ ဘေးမဲ့ ဇိဝိတဒါန အလှူတွေ လုပ်ပေးရမယ်။
7/ တစ်လခွဲ တစ်ကြိမ်လောက် နဝင်း ထိုင်ထားရမယ်။
8/ နာရေးကူညီမှု တွေ ပြုလုပ်ပေးရမယ်။ ဘုမ္မိကြီး ခတ်တာ လွတ်အောင် ဆိုပြီး တစ်နှစ်တန်သည်၊ နှစ်နှစ်တန်သည် ဘုန်းကြီးဝတ်တာ၊ သီလရှင် ဝတ်တာ သွားလုပ်လို့ ဘုမ္မိကြီး ခတ်တာ မလွတ်ပါ
9/ လွတ်ရာကျွတ်ရာမှာရှောင်လို့မရပါ
10/ ပညာရပ်တွေလိုက်စားရင်၊ တရား ဓမ္မ တွေ လေ့လာလိုက်စားရင် အလွန်ကောင်းတယ်။ မသိတဲ့ မတတ်သေးတဲ့ နက်ရှိုင်းတဲ့ ပညာ အတွေးအခေါ်တွေ တရားဓမ္မ တွေ ရရှိမယ်။
11/ လောက သဘာဝ ဖြစ်အပျက်တွေကိုသေချာမြင်အောင်ကြည့်နိုင်ရင် တရားဓမ္မတွေပညာတွေရတယ်အေးချမ်းပါတယ်
သက္ခတ်ပညာခဏ်းနဲ့ ပတ်သက်ပြီး တော်တော် စုံသလောက်တော့ ရှိသွားပါပြီ၊ ကိုယ် ဖြတ်သန်းခဲ့တဲ့ ဘဝတစ်လျှောက် ဒီသက္ခတ်ပညာနဲ့ ကြည့်ရင် တော်တော်များများ တိုက်ဆိုင်ပါလိမ့်မယ်။ တစ်ချို့ ဂြိုလ်ခွင်တွေကို ဖြတ်သန်းတဲ့အခါ ပြဆိုထားသလောက် ဆိုးကျိုးတွေ မဖြစ်ခဲ့ပဲ အပရိကလောက်နဲ့ပဲ ပြီးသွားတာကိုလည်း တွေ့မှာပါ။ ဆိုးကျိုးတွေ ဖော်ပြထားတာ ကြိုတင်ရှောင်ကျဉ်နိုင်ဖို့ ဆိုတာ
သိထားသင့်ပါတယ်။

ရေးသားသူ –ဆရာကြီးဦးကြာမြင့်

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။