“တနင်္ဂနွေသားသမီးတို့အကြောင်းသိကောင်းစရာ”

Astrology
“တနင်္ဂနွေသားသမီးတို့အကြောင်းသိကောင်းစရာ”

တနင်္ဂနွေနေ့နာမ်များဟာ လူ့ဘဝကိုစရောက်ပီဆိုကတည်းကစိတ်ကြီးတယ် ။ ငိုလွယ်တယ် ၊ ဒေါသဖြစ်လွယ်တယ် ၊ ပျော်ပျော်လည်းနေတတ်သလို ဒေါသဖြစ်ရင်လည်း သူမဟုတ်တော့အတိုင်းပါပဲ ။

မိသားစုအပေါ်တွေမှာလည်း သံယောဇဉ်ရှိတတ်သလို ဆွေမျိုးသားချင်းတွေကိုလည်း ချစ်တတ်ကြတယ် ။ တနင်္ဂနွေတွေဟာ မိသားစုအပေါ်ကိုသိတတ်တယ် ။ စွန့်စားပီးပေးဆပ်တတ်တာလည်း တနင်္ဂနွေပါ ။

တနင်္ဂနွေများဟာ စိတ်ပြတ်သားသလောက်အစွဲအလန်းလည်းကြီးတတ်ပါတယ် ။ တစ်ယောက်ဆိုတစ်ယောက်အပေါ်မှာလည်း စိတ်စွဲနေတတ်တယ် ။ ကိုယ်လိုချင်တဲ့အရာကို သူများလက်ထဲကိုမရောက်စေချင်တာ တနင်္ဂနွေ ။ တခါတလေ တစ်ယူသန်တဲ့စိတ်တွေလည်းရှိတတ်ကြတယ် ။ဒါဆိုရင်ဒါပဲ မပြောင်းလဲတတ်ဘူး ။ ခေါင်းနဲနဲမာတယ် ။

အလုပ်လုပ်တဲ့နေရာမှာ ကိုယ်ဖြစ်ချင်တဲ့နေရာကိုရောက်အောင်သွားတတ်တယ် ။ ကိုယ်လုပ်နေတဲ့ အလုပ်ကိုဖြစ်အောင်လုပ်တယ် ။ ဘယ်တော့မှလက်မလျော့တာ တနင်္ဂနွေပါ ။

တနင်္ဂနွေတွေဟာ အပြင်မှာ ပြတ်သားသလိုနေတတ်ကြပေမဲ့ ရင်ထဲမှာတော့ အစွဲအလန်းကြီးတတ်တဲ့ နေ့နာမ်များပဲဖြစ်တယ် ။ကိုယ့်ရဲ့ရှေ့မှာ စိတ်မကောင်းစရာတွေ တွေ့ရင် သနားတဲ့စိတ်ရှိတယ် ။ ကူညီလိုတဲ့စိတ်တွေလည်း တနင်္ဂနွေမှာအပြည့်ရှိပါတယ် ။အလုပ်လုပ်တဲ့နေရာတွေမှာတော့ နည်းစနစ်ရှိရှိလုပ်ကိုင်တတ်တာတနင်္ဂနွေပါ ။ လူတွေရဲ့စိတ်ကို စူးစမ်းလေ့လာတာကို ဝါသနာပါကြတယ် ။

တနင်္ဂနွေများဟာ အားနေရင် သီချင်းနားထောင်တာတို့ သီချင်းဆိုတာတို့ ဝါသနာပါပီး စိတ်အေးလက်အေးနေရတာကို နှစ်သက်ကြတယ် ။

စကားပြောရင် တည်ငြိမ်စွာနဲ့ ပြောဆိုတတ်ပီး စွဲဆောင်မှုရှိစွာနဲ့ ပြောဆိုတတ်တဲ့ အကျင့်လေးကိုပိုင်ဆိုင်ထားကြတာလည်း တနင်္ဂနွေပါ ။

တနင်္ဂနွေများရဲ့ အချစ်ရေးဟာတော့ချစ်ရတဲ့သူကိုအရမ်းချစ်ပေမဲ့ အနေဝေးနေကြတယ်

ရေးသားသူ –သာထက်ဇော်(မကွေး)

မိုးနတ်မင်း သတင်းစုံ – Telegram Channel မှလည်း ပြည်တွင်းသတင်း၊ နိုင်ငံတကာသတင်း၊ ဆယ်လီသတင်းများအပြင် ကျန်းမာရေး၊ ဗေဒင်၊ ဗဟုသုတများကိုပါ နေ့စဉ်တင်ဆက်ပေးနေပါပြီ။ အသစ်အသစ်သော သတင်းတွေမလွတ်သွားရအောင် အောက်ပါ Link လေးကိုနှိပ်ပြီး အခုပဲ join ထားလိုက်ပါ။

https://t.me/moenatminmedia

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။