ဆားလင်းကြီးတွင် တရုတ်ဝမ်ပေါင်ကုမ္ပဏီအစောင့် စစ်တပ် တိုက်ခိုက်ခံရမှု ၂ ဦး thayဆုံး၊ ဒီးမော့ဆို၊ အရာတော်နှင့် မြင်းမူတို့တွင် စစ်ကြောင်းများကို တိုက် ခိုက် မှု စစ်သား ၈ ဦးthayဆုံး

Local News

ဆားလင်းကြီးတွင် တရုတ်ဝမ်ပေါင်ကုမ္ပဏီအစောင့် စစ်တပ် တိုက်ခိုက်ခံရမှု ၂ ဦး thayဆုံး၊ ဒီးမော့ဆို၊ အရာတော်နှင့် မြင်းမူတို့တွင် စစ်ကြောင်းများကို တိုက် ခိုက် မှု စစ်သား ၈ ဦးthayဆုံး

မင်္ဂလာပါ ပရိသတ်ကြီးရေ.. မိုးနတ်မင်း သတင်းစုံမှ ကြိုဆိုလိုက်ပါတယ်။ အခုတင်ဆက်ပေးမယ့် သတင်းလေးကတော့ ဆားလင်းကြီးတွင် တရုတ်ဝမ်ပေါင်ကုမ္ပဏီအစောင့် စစ်တပ် တိုက်ခိုက်ခံရမှု ၂ ဦး thayဆုံး၊ ဒီးမော့ဆို၊ အရာတော်နှင့် မြင်းမူတို့တွင် စစ်ကြောင်းများကို တိုက် ခိုက် မှု စစ်သား ၈ ဦးthayဆုံး ဆိုတဲ့သတင်းလေးပဲ ဖြစ်ပါတယ်။

ရန်ကုန်၊ ဒီဇင်ဘာ ၉

စစ်ကိုင်းတိုင်း၊ ဆားလင်းကြီးမြို့နယ်တွင် တရုတ်ဝမ်ပေါင်ကုမ္ပဏီအစောင့် စစ်တပ် ကို PDF များ တိုက်ခိုက်ရာ ရဲ ၂ ဦးthayဆုံးကြောင်း၊ ဒီးမော့ဆို၊ အရာ တော် နှင့် မြင်းမူတို့တွင်လည်း စစ်ကြောင်းများကို တိုက်ခိုက်မှုများ ဖြစ် ပွားပြီး စစ်သား ၈ ဦးthayဆုံးကြောင်း ဒေသကာကွယ်ရေးတပ်ဖွဲ့များက ပြောသည်။

တရုတ်ဝမ်ပေါင်ကုမ္ပဏီအစောင့် တပ်ဖွဲ့ကို PDF များက lat natကြီးဖြင့် တိုက်ခိုက်မှု
ရဲ ၂ ဦးthayဆုံး

စစ်ကိုင်းတိုင်း၊ ဆားလင်းကြီးမြို့နယ်၊ ပုသိမ်-မုံရွာလမ်းဆုံရှိ မြန်မာဝမ်ပေါင် ကုမ္ပဏီခြံစောင့် အကြမ်း ဖက်စစ်သားများကို မနေ့က ဒီဇင်ဘာလ ၈ ရက်နေ့ ည ၇ နာရီခွဲခန့်အချိန် lat natကြီးဖြင့် ပစ်ခတ် တိုက် ခိုက်ခဲ့ရာ အကြမ်းဖက် စစ်တပ် လက်အောက်ခံ ရဲ (၂)ဦး thayဆုံးခဲ့ကြောင်း သိရသည်။

“နာရီဝက်လောက်အကြာပစ်ခတ်တိုက်ခိုက်ခဲ့တာ၊ ၄၀ မမနဲ့ ၄ ချက်ပစ်ခဲ့တာ၊ ကင်းတဲပေါ်ကျပြီး ရဲ နှစ် ယောက်တော့ thayနိုင်တယ်၊ ဒီမနက်လည်း သယ် သွား တယ်ကြားတယ်၊ ညကတော့lat natငယ်တွေနဲ့ ရမ်းပစ်တယ်၊ မီးပိတ် ပြီးတော့လည်း ပတ်ဝန်းကျင်ကို လိုက်ရှာနေကြသေးတယ်၊ ကျနော်တို့ တပ်ဖွဲ့ ဝင်တွေ ဘေးကင်းစွာဆုတ်ခွာနိုင်ခဲ့ပါတယ်ဗျ” ဟု National Revolution Guards PDF တပ်ဖွဲ့မှ ဗိုလ်မော်ကွန်း က ရန်ကုန် ခေတ်သစ်သတင်းဌာနသို့ ပြောသည်။

ဝမ်ပေါင်ကုမ္ပဏီအတွင်းရှိ အကြမ်းဖက်စစ်သားများက အင်အားအလုံးအရင်း ဖြင့် ထွက်ခွာတိုက်ခိုက်ခဲ့ သည့်အတွက် ပြန်လည်ဆုတ်ခွာခဲ့ရကြောင်း၊ lat nat ခဲယမ်းလိုအပ်ချက်ရှိနေပါသဖြင့် မိဘပြည်သူ များအနေဖြင့် ဝိုင်းဝန်း ကူညီပေးပါရန် မေတ္တာရပ်ခံပါကြောင်း ဗိုလ်မော်ကွန်းက ပြောသည်။
ယင်းတိုက်ခိုက်မှုကို အမျိုးသားတော်လှန်ရေး ပြောက်ကျားတပ်ဖွဲ့ (National Revolution Guards PDF) နှင့် တစ်ကိုယ်တော် သုဘရာဇာ အဖွဲ့တို့ပူးပေါင်း တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ဓာတ်ပုံ- တရုတ်ဝမ်ပေါင် လုပ်ကိုင်နေသော လက်ပံတောင်းတောင် ကြေးနီစီမံ ကိန်းကို လုံခြုံရေးယူထားသည့် အကြမ်းဖက်ရဲတစ်ဦး။ (ပုံအဟောင်းဖြစ်သည်)
ဒီးမော့ဆိုတွင် တိုက်ပွဲ ပြင်းထန်ပြီး စစ်တပ်ဘက်မှ ၅ ဦးthayဆုံး

ကယားပြည်နယ်၊ ဒီးမော့ဆိုမြို့နယ်၊ ကုန်းသာကျေးရွာအနီးသို့ အကြမ်းဖက် စစ်ကောင်စီတပ်မှ စစ် ကြောင်း ၃ ကြောင်းဖြင့် ဒီဇင်ဘာလ ၆ ရက် ည ၁၁ နာရီ ၄၅ မိနစ်ခန့်က ထပ်မံစစ်ကြောင်း ထိုးလာ ရာ မိုင်းမိပစ်ခတ်ခံရပြီး စစ်သား (၅) ဦးthayဆုံးခဲ့ကြောင်း KRU ထံမှ သိရသည်။
ကုန်းသာကျေးရွာနှင့် အနီးတစ်ဝိုက်ကို တပ်စွဲနေရာ ယူထားသော စစ်သားများ ကို ကယား(ကရင်နီ) တော်လှန်ရေး တပ်ပေါင်း(KRU)နှင့် ပူးပေါင်းအဖွဲ့မှ ဒီဇင်ဘာ လ ၁ ရက်နေ့တွင် တိုက် ထုတ်ရှင်းလင်းခဲ့ပြီး နယ်မြေစိုးမိုးထိန်း ချုပ် ထားစဉ် အကြမ်းဖက်စစ်ကောင်စီတပ်မှ ထပ်မံစစ်ကြောင်း ထိုးဝင်ရောက် လာသဖြင့် ခုခံတိုက်ခိုက်ရာ ဒီဇင်ဘာလ ၆ ရက်နေ့မှ ၇ ရက်နေ့အထိ တစ်ရက် တာ တိုက် ပွဲ ပြင်းထန်ခဲ့ခြင်းဖြစ်သည်။
ယင်းတိုက်ပွဲအတွင်း အကြမ်းဖက်စစ်သား ၄ ဦးမှာ မိုင်းနင်းမိ၌ thayဆုံးခဲ့ပြီး တစ်ဦးကို အနီးကပ်ပစ်ခတ် ခဲ့ရာthayဆုံးသွားကြောင်း၊ lat nat အင်အား လူအင်အားမမျှ၍ KRU ပူးပေါင်းတပ်ဖွဲ့မှ ဆုတ်ခွာပေးခဲ့ ရကြောင်း၊ ထိုသို့ ဆုတ်ခွာ စဉ် ပြည်သူ့ကာကွယ်ရေး ရဲဘော် ၅ ဦးပျောက်ဆုံးခဲ့ပြီး လိုက်လံ ရှာဖွေရာ ၄ ဦး မှာ ဒဏ်ရာဖြင့်ပြန်လည်တွေ့ရှိကာ တစ်ဦးမှာ ယနေ့ အထိ ပျောက်ဆုံးနေဆဲဖြစ်ကြောင်း သိရသည်။

အရာတော်-မုံရွာလမ်းတွင် ကင်းပုန်းဝပ်နေသော စစ်သားများကို တိုက်ခိုက်မှု စစ်သား ၃ ဦးthayဆုံး

စစ်ကိုင်းတိုင်း၊ မုံရွာ-အရာတော်လမ်းမပေါ်ရှိ ကမ်းပြူအရှေ့ရွာအနီးတွင် ဒီဇင်ဘာ လ ၇ ရက် ညနေ ၆ နာရီခန့်က မိုင်းကွင်းပေါ်သို့ တည့်တည့် ရောက် လာသော ကင်းပုန်းဝပ်စစ်သားများကို မိုင်းဆွဲတိုက်ခိုက် ခဲ့ရာ စစ်သား ၃ ဦးthayဆုံးပြီး (၂) ဦးအပြင်းအထန်ဒဏ်ရာရရှိခဲ့ကြောင်း Danger Force LPDF ထံမှ သိရသည်။
ယင်းအကြမ်းဖက်ကင်းပုန်းဝပ်စစ်သားများကို Danger Force LPDF ၊Zero ပြောက်ကျားတပ်ဖွဲ့(မြင်းခြံ)၊ စစ်ကိုင်းနွေဦးရဲဘော်(စစ်ကိုင်းတိုင်း) ၊ ကြယ်နီ တပ်ဦး၊ မုံရွာခရိုင် တပ်ရင်း(၁၉)တို့မှ ပူးပေါင်းကာ ပဒေ သာမိုင်း (၅)လုံးဖြင့် ဖောက်ခွဲတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။

မိုင်းခွဲတိုက်ခိုက်ခံရမှုကြောင့် အကြမ်းဖက်စစ်ကောင်စီတပ်သားများကthay နတ် များ ရမ်းသမ်းပစ်ခတ် thayဆုံးဒဏ်ရာရစစ်သားများကို အရာ‌တော် ဆေးရုံ ကြီးသို့ သယ်ဆောင်သွားကြောင်း၊ အလားတူ ဒီဇင် ဘာလ ၇ ရက် ညနေ ၆ နာရီ ခန့်၌လည်း အရာတော်-မုံရွာလမ်းမပေါ် ချမ်းသာရွာ ဘုန်းကြီးကျောင်း အနီး ကင်းပုန်းဝပ်နေသော အကြမ်းဖက်စစ်သားများကို (၁၅)မိနစ်ခန့်အကြာ ပစ်ခတ်တိုက်ခိုက်ခဲ့ ကြောင်း Danger Force LPDF ထံမှ သိရသည်။

မြင်းမူမြို့နယ်၊ မုံရွာ-မန္တလေးလမ်းပေါ်တွင် စစ်ကား ၆ စီးကို မိုင်းဆွဲတိုက်ခိုက်

စစ်ကိုင်းတိုင်း၊ မြင်းမူမြိုနယ်၊ မုံရွာ-မန္တလေးလမ်းမပေါ်တွင် ဒီဇင်ဘာလ ၈ ရက် ည ၁၀ နာရီ ခန့်က အကြမ်းဖက်စစ်ကောင်စီကား ၆ စီးကို မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ ကားတစ်စီးထိမှန်ပျက်စီးပြီး ထိုးရပ် သွားကြောင်း Moe Nyo Revolution Force ထံမှ သိရသည်။
စစ်ကိုင်းမြို့၊ တပ်မ (၃၃) မှ မုံရွာဘက်သို့ ထွက်ခွာလာသော စစ်ကောင်စီ တပ်သားများ လိက်ပါလာသည့် Express ကား ၆ စီးကို နဘဲကြူးဇရပ်အနီးတွင် Moe Nyo Revolution Force (M.N.R.F) နှင့် PENTAGRAMငါးထောင့်ကြယ် ညီနောင် ၂ ဖွဲ့မှ ပဒေသာမိုင်း ၁၀ လုံးဖြင့် ဖောက်ခွဲ တိုက် ခိုက်ခဲ့ရာ ကားတစ်စီး ထိမှန်ခဲ့ပြီး မိုင်းပွိုင့်ရှေ့အကျော်၌ ထိုးရပ်သွားခဲ့ကြာင်း၊ ညပိုင်းအချိန် ဖြစ်သည့် အတွက် အကြမ်းဖက်စစ်ကောင်စီတပ်သား ထိခိုက်မှု အခြေ အနေ မသိရသေး ကြောင်း Moe Nyo Revolution Force M.N.R.F က ထုတ်ပြန်ထားသည်။