“စက္ကူဖြူတော်လှန်ရေး” အပြင် ပုံစံမျိုးစုံနဲ့ တရုတ်ပြည်သူတွေ ဆန္ဒဆက်ပြနေ

Local News

“စက္ကူဖြူတော်လှန်ရေး” အပြင် ပုံစံမျိုးစုံနဲ့ တရုတ်ပြည်သူတွေ ဆန္ဒဆက်ပြနေ

မင်္ဂလာပါ ပရိသတ်ကြီးရေ.. မိုးနတ်မင်း သတင်းစုံမှ ကြိုဆိုလိုက်ပါတယ်။ အခုတင်ဆက်ပေးမယ့် သတင်းလေးကတော့“စက္ကူဖြူတော်လှန်ရေး” အပြင် ပုံစံမျိုးစုံနဲ့ တရုတ်ပြည်သူတွေ ဆန္ဒဆက်ပြနေ ဆိုတဲ့သတင်းလေးပဲ ဖြစ်ပါတယ်။

အဲဒီလို ဆန္ဒပြကြတာကို လူအများက “စက္ကူဖြူတော်လှန်ရေး”၊ “စာရွက်လွတ်တော်လှန်ရေး” သို့မဟုတ် “A4 တော်လှန်ရေး” လို့ ရည်ညွှန်းပြောဆိုလာကြပါတယ်။

အခုလိုစာရွတ်အလွတ်တွေကို ကိုင်ဆောင်ဆန္ဒပြရတာကလည်း တရုတ်ရဲ့ ဆင်ဆာဖြတ်ခြင်းကို ရှောင်ရှားဖို့ နည်းလမ်းတစ်ခုလို့ လည်း ပြေ

အခုလိုစာရွတ်အလွတ်တွေကို ကိုင်ဆောင်ဆန္ဒပြရတာကလည်း တရုတ်ရဲ့ ဆင်ဆာဖြတ်ခြင်းကို ရှောင်ရှားဖို့ နည်းလမ်းတစ်ခုလို့ လည်း ပြောဆိုကြပါတယ်။

စနေနေ့က ပျံ့နှံ့ခဲ့တဲ့ ဗီဒီယိုတစ်ခုမှာတော့ Nanjing ဆက်သွယ်ရေးတက္ကသိုလ်က အမျိုးသမီးတစ်ဦးဟာ အမည်မသိအမျိုးသားတစ်ဦးဆန္ဒပြပွဲကိုလာရောက်မတားမြစ်ခင်အထိ စာရွက်အလွတ်တစ်ခုကို ကိုင်ဆောင်ထားခဲ့ပါတယ်။

ထိုညနောက်ပိုင်း နောက်ထပ်ဗီဒီယိုတစ်ခုမှာလည်း စက္ကူဖြူအပိုင်းအစများကိုင်ဆောင်ကာ ကျောင်းဝင်းအတွင်း ငြိမ်သက်စွာရပ်နေတဲ့ ကျောင်းသား ဒါဇင်ပေါင်းများစွာကို မြင်တွေ့ခဲ့ရပါတယ်။ အလားတူ မြင်ကွင်းတွေကို အခြားမြို့ကြီးတွေမှာ ဒီသီတင်းပတ်အကုန်က ဖြစ်ပွားခဲ့တာကို ‌မြင်ခဲ့ရပါတယ်။

 

“စာရွက်ပေါ်မှာ ဘာမှသေချာပေါက်မရှိဘူး၊ ဒါပေမယ့်အဲဒီမှာဘာတွေရှိနေလဲဆိုတာငါတို့သိတယ်” လို့ ရှန်ဟိုင်းမှာ စနေနေ့ညကဆန္ဒပြပွဲတွေမှာပါဝင်ခဲ့တဲ့ အမျိုးသမီးတစ်ဦးက ဘီဘီစီကို ပြောခဲ့ပါတယ်။

အိမ်ထဲက အိမ်ပြင် မထွက်ရ လော့ခ်ဒေါင်းချထားတဲ့ တရုတ်နိုင်ငံ အနောက်ပိုင်း ရှင်ကျန်းဒေသထဲက Urumqi ဝူးလူမုချီ ဆိုတဲ့ မြို့မှာ ၊ ပြီးခဲ့တဲ့ ကြာသာပတေး ညက အထပ်မြင့်အဆောက်အအုံ တစ်လုံး မီးလောင်ရာကနေ လူ ၁၀ ယောက် အထိ thayဆုံးခဲ့ပါတယ်။

အဲဒီနောက်ပိုင်း ကိုဗစ်စည်းမျဉ်းတွေ ဖြေလျှော့ရေး အခုလိုဆန္ဒပြပွဲတွေဟာ တရုတ်နိုင်ငံ မြို့ကြီးတွေအထိ ပေါ်ပေါက်လာတာ ဖြစ်ပါတယ်။

ဘေဂျင်းနဲ့ နန်ကျင်းမြို့က တက္ကသိုလ်ကျောင်းသားတွေလည်း ဆန္ဒပြနေကြတယ်လို့ သိရပါတယ်။

ရှန်ဟိုင်းမြို့က နိုင်ငံခြား သတင်းထောက်တွေရဲ့ ဆိုရှယ်မီဒီယာမှာ တင်တဲ့ ဗီဒီယိုတွေမှာ သမ္မတ ရှီကျင့်ဖျင်ကို ရာထူးကနေ ဆင်းပေးဖို့ လူရာနဲ့ချီ တောင်းဆိုနေတာကို တွေ့ရပါတယ်။

ရေးသားသူ – BBC Burmese

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။