ကန့်ဘလူတွင် စစ်တပ်က ပြည်သူ ၅ ဦးကို မီးရှို့thetဖြတ်ပြီး ဘာသာရေး အဆောက်အအုံ၊ စာသင် ကျောင်း အပါအဝင် လူနေအိမ် ၈၆၂ လုံးကို မီးရှို့ဖျက်ဆီး

Local News

ကန့်ဘလူတွင် စစ်တပ်က ပြည်သူ ၅ ဦးကို မီးရှို့thetဖြတ်ပြီး ဘာသာရေး အဆောက်အအုံ၊ စာသင် ကျောင်း အပါအဝင် လူနေအိမ် ၈၆၂ လုံးကို မီးရှို့ဖျက်ဆီး

မင်္ဂလာပါ ပရိသတ်ကြီးရေ.. မိုးနတ်မင်း သတင်းစုံမှ ကြိုဆိုလိုက်ပါတယ်။ အခုတင်ဆက်ပေးမယ့် သတင်းလေးကတော့ကန့်ဘလူတွင် စစ်တပ်က ပြည်သူ ၅ ဦးကို မီးရှို့thetဖြတ်ပြီး ဘာသာရေး အဆောက်အအုံ၊ စာသင် ကျောင်း အပါအဝင် လူနေအိမ် ၈၆၂ လုံးကို မီးရှို့ဖျက်ဆီး ဆိုတဲ့သတင်းလေးပဲ ဖြစ်ပါတယ်။

ရန်ကုန်၊ နိုဝင်ဘာ ၂၉

စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ် အတွင်းရှိ ကျေးရွာ ၄ ရွာကို အကြမ်းဖက် စစ်တပ်က ၄ ရက် ဆက် တိုက် မီးရှို့မှုကြောင့် ဘာသာရေးဆိုင်ရာ အဆောက်အဦး၊ စာသင်ကျောင်းများ အပါအဝင် လူနေအိမ် ၈၆၂ လုံး ပြာကျခဲ့ပြီး ပြည်သူ ၅ ဦးကိုလည်း စစ်တပ်က မီးရှို့thetဖြတ်ခဲ့ကြောင်း ကျွန်းလှ တက်ကြွ လှုပ်ရှားသူများအဖွဲ့ထံမှ သိရသည်။

နိုဝင်ဘာလ ၂၂ ရက်နေ့ နံနက် ၇ နာရီ ၁၅ မိနစ်ခန့်

ကာဘိုးမှ ထွက်ခွာလာသည့် အင်အား ၁၀၀ ခန့်ပါ စစ်ကြောင်းက ကျောက်တိုင်ရွာကို lat natကြီး၊ lat nat ငယ်များဖြင့် ပစ်ခတ်ကာ ဝင် ရောက် စီးနင်းမီးရှို့ခဲ့ပြီး ပြည်သူပိုင် နေအိမ် ၁၇၇ လုံးကို မီးရှို့ဖျက်ဆီးခဲ့ကြောင်း၊ ကျေးရွာရှိ ဒက္ခိဏရာမ ဘုန်းကြီး ကျောင်းတိုက်ရှိ ဆွမ်းစားဆောင်ကိုလည်း စစ်တပ်က မီးရှို့ ဖျက်ဆီး သွားကြောင်း သိရှိရသည်။


ထို့ပြင် ကျောက်တိုင်ရွာနေ ပြည်သူများဖြစ်ကြသော အသက် ၉၀ အရွယ် အဘွားအို ဒေါ်ပြား၊ အသက် ၇၅ နှစ်အရွယ် အဘွားအို ဒေါ်ထူးတို့ကနှင့် အသက် ၃၇ နှစ်အရွယ် ကိုကျော်ဇင်ဦးတို့ကို လက်ပြန် ကြိုးတုပ်လျက် မီးရှို့thetဖြတ်သွားကြောင်း ဒေသပြည်သူများက ပြောသည်။
နိုဝင်ဘာလ ၂၂ ရက်နေ့ မွန်းလွဲ ၂ နာရီခန့်တွင် အဆိုပါ အကြမ်းဖက် စစ်တပ် စစ်ကြောင်းသည် ကျီစုရွာကို lat nat ကြီး၊ lat natငယ် များဖြင့် ပစ်ခတ် ဝင်ရောက် စီးနင်း မီးရှို့ခဲ့ပြီး ပြည်သူ ပိုင်နေအိမ် ၆၀၀ ခန့် နှင့် အစ္စလမ် ဘာသာရေးဆိုင်ရာ အဆောက်အဦး၊ ဗလီများကိုလည်း မီးရှို့ဖျက် ဆီးခဲ့ကြောင်း သိရှိရသည်။


ကျီစုရွာတွင်နေထိုင်သည် အသက် ၅၃ နှစ်အရွယ် ဒေါ်တိုက်နှင့် အသက် ၄၅ နှစ်အရွယ် ဦးကျော်မင်းဦး တို့ကိုလည်း ဝါယာကြိုးဖြင့် လက်နောက်ပြန် ကြိုးတုပ်ကာ နေအိမ်အတွင်းထည့်ပြီး မီးရှို့ thetဖြတ် သွားကြောင်း သိရသည်။

နိုဝင်ဘာလ ၂၃ ရက်နေ့ နံနက် ၈ နာရီခန့်

ခင်ဦးမြို့နယ်၊ မဒေါင်းလှမှ ထွက်လာသည့် အကြမ်း ဖက် စစ်တပ် စစ်ကြောင်းက ကန့်ဘလူမြို့နယ်၊ ဖိုလ်ကုန်းရွာကို မီးရှို့ဖျက်ဆီးခဲ့ပြီး ကျေးရွာ စာသင် ကျောင်းဆောင် ၁ ခုနှင့် ပြည်သူပိုင် နေအိမ် ၈ လုံး ပြာကျခဲ့ကြောင်း သိရသည်။
နိုဝင်ဘာလ ၂၄ ရက်နေ့ နံနက် ၇ နာရီခွဲခန့်တွင် စစ်တပ်က သောက္ကန်ရွာကို lat natကြီးများဖြင့် ပစ်ခတ်ကာ ဝင်ရောက် မီးရှို့ခဲ့သဖြင့် နေအိမ် ၇၇ လုံး ပြာကျ သွားကြောင်း သိရသည်။
အကြမ်းဖက် စစ်တပ်က ကျေးရွာအတွင်း အကြောင်းမဲ့lat natကြီးများဖြင့် ပစ်ခတ်ခဲ့သောကြောင့် အသက် ၁၄ နှစ်အရွယ် မောင်ကျော်စွာထွန်းနှင့် အသက် ၈၅ နှစ်အရွယ် ဦးအေးဆောင်တို့ ထိမှန်ခဲ့ပြီး ဆေးကုသမှု ခံယူခဲ့ကြရသည်။

လက်ရှိချိန်တွင် ကန့်ဘလူမြို့နယ် အတွင်း အကြမ်းဖက် စစ်တပ်က ကျေးရွာများကို မီးရှို့ဖျက်ဆီးခြင်း၊ အကြောင်းမဲ့lat nat ကြီး၊ lat natငယ်များဖြင့် ပစ်ခတ်နေသောကြောင့် သောင်းနှင့်ချီသော ဒေသခံပြည်သူများသည် ထွက်ပြေး တိမ်းရှောင်နေရပြီး စားနပ်ရိက္ခာနှင့် ဆေးဝါး အကူအညီများ အရေး ပေါ် လိုအပ်လျက် ရှိကြောင်း သိရှိရသည်။

ရေးသားသူ – ခေတ်သစ်မီဒီယာ

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။