နှစ်ဂိုးပြတ်အနိုင်ရပြီး ပေါ်တူဂီအသင်း နောက်တဆင့်တက်

Sports

နှစ်ဂိုးပြတ်အနိုင်ရပြီး ပေါ်တူဂီအသင်း နောက်တဆင့်တက်

မင်္ဂလာပါ ပရိသတ်ကြီးရေ.. မိုးနတ်မင်း သတင်းစုံမှ ကြိုဆိုလိုက်ပါတယ်။ အခုတင်ဆက်ပေးမယ့် သတင်းလေးကတော့နှစ်ဂိုးပြတ်အနိုင်ရပြီး ပေါ်တူဂီအသင်း နောက်တဆင့်တက် ဆိုတဲ့သတင်းလေးပဲ ဖြစ်ပါတယ်။

ယနေ့ နံနက်အစောပိုင်းက ကစားခဲ့သည့် ဥရုဂွေးအသင်းနှင့် ပြိုင်ပွဲတွင် ပေါ်တူဂီအသင်းက နှစ်ဂိုးပြတ် အနိုင်ရပြီး နောက်တဆင့်တက်ရောက်သွားသည်။ ပေါ်တူဂီအသင်းမှာ ပြင်သစ်နှင့် ဘရာဇီးလ်တို့နည်းတူ နှစ်ပွဲဆက်နိုင်ပွဲရပြီး ၁၆ အသင်းရှုံးထွက်အဆင့်ကို စောစောစီးစီး တက်ရောက်သွားခြင်းဖြစ်သည်။


အသင်းကြီးနှစ်သင်း၏ပြိုင်ပွဲဖြစ်သော်လည်း ပထမပိုင်းတွင် တစ်ဖက်နှင့်တစ်ဖက် ဂိုးသွင်းနိုင်ခြင်းမရှိဘဲ ထင်သလောက် ကြည့်မကောင်းခဲ့ပေ။ ပေါ်တူဂီအသင်းက ဘောလုံးပိုင်ဆိုင် မှု ၇၀ ရာခိုင်နှုန်းအထိရှိခဲ့ပြီး ရော်နယ်လ်ဒို၊ ဖာနန်ဒက်စ်၊ ဖီးလစ်၊ ကာဗာဟို၊ ဆေးလ်ဗားတို့ ဦးဆောင်ပြီး အစုလိုက် ဥရုဂွေးနောက်တန်းကို ခြိမ်းခြောက်နိုင်ခဲ့သော်လည်း ဂိုးမရခဲ့ပေ။ ပွဲချိန် ၁၇ မိနစ်တွင် ဂိုးဧရိယာထိပ်နားတွင်ရရှိသည့် ပြစ်ဒဏ်ဘောကို ရော်နယ်လ်ဒို ကန်သွင်းခဲ့ပေမယ့် ဥရုဂွေးနောက်တန်းနှင့်ထိပြီး ထောင့်ကန်ဘောဖြစ်ခဲ့သည်။ နာမည်ကြီးကစားသမား ကာဗာနီဦးဆောင်သည့် ဥရုဂွေးအသင်းကလည်း ပေါ်တူဂီဂိုးပေါက်ရှေ့တွင် အပိုင်ဂိုးသွင်းခွင့် တစ်ကြိမ်သာရခဲ့သည်။

ဆွာရတ်စ်ဦးဆောင်သော ဥရုဂွေးအသင်းသားများ ကွင်းလယ်ဒိုင်ကို စောဒကတက်နေစဉ်။

ပေါ်တူဂီအတွက် ပထမဂိုးမှာ ဒုတိယပိုင်း ၅၄ မိနစ်တွင် ရရှိခြင်းဖြစ်သည်။ ပရီမီးယားလိဂ်ကလပ် မန်ချန်စတာယူနိုက်တက်အသင်းမှ ခြေစွမ်းပြကစားသမားတစ်ဦးဖြစ်သည့် ဖာနန်ဒက်စ်တင်ပေးလိုက်သည့်ဘောလုံးမှာ ခေါင်းခုန်တိုက်သည့် ရော်နယ်လ်ဒို၏ခေါင်းကိုပွတ်ကာသီကာကျော်ပြီး ဂိုးဝင်သွားခဲ့ခြင်းဖြစ်သည်။

 

 

ဥရုဂွေးအသင်းက ကာဗာနီအစား ဆွာရတ်စ်လူစားလဲစဉ်။

နောက်ပိုင်းတွင် နှစ်သင်းစလုံး လူစားလဲကာ ပွဲအရှိန်မြှင့်တင်ခဲ့သည်။
ပွဲချိန် ၇၂ မိနစ်တွင် လူးဝစ်ဆွာရတ်စ် လူစားဝင်လာခဲ့ပြီးနောက် ဥရုဂွေးအသင်း၏ ကစားပုံအနည်းငယ် လှုပ်ခတ်ခဲ့ကာ ပေါ်တူဂီဂိုးပေါက်ကို ခြိမ်းခြောက်နိုင်ခဲ့သော်လည်း ဂိုးမရခဲ့ပေ။ ပွဲချိန်မိနစ် ၉၀ ပြည့်ခါနီးတွင် ပေါ်တူဂီအသင်းက ပင်နယ်တီကန်သွင်းခွင့်ရရှိပြီး ဖာနန်ဒက်စ်ကပင် ကန်သွင်းယူခဲ့သည်။

ပင်နယ်တီကန်သွင်းပြီးနောက် ဖာနန်ဒက်စ် အောင်ပွဲခံနေစဉ်။

ပွဲအပြီးအတူတွေ့ရသည့် ရော်နယ်လ်ဒိုနှင့် ဖာနန်ဒက်စ်

ပေါ်တူဂီအသင်းအနေဖြင့် ၂၀၁၈ ကမ္ဘာ့ဖလားပြိုင်ပွဲ ၁၆ သင်းရှုံးထွက်အဆင့်တွင် ဥရုဂွေးအသင်းကို နှစ်ဂိုးတစ်ဂိုးဖြင့် အရေးနိမ့်ခဲ့သော ရှုံးကြွေးကို ပြန်ဆပ်နိုင်ခဲ့ပြီဖြစ်သည်။ ၂၀၀၂ ခုနှစ်မှစ၍ ကမ္ဘာ့ဖလား ပြိုင်ပွဲတိုင်းတွင် ဆက်တိုက်ပါဝင်ယှဉ်ပြိုင်ခွင့်ရ ဥရောပအသင်းငါးသင်းတွင် ပါဝင်နေသည့် ပေါ်တူဂီအအသင်းမှာ နောက်တဆင့်ကို လွတ်လွတ်ကျွတ်ကျွတ် တက်ရောက်သွားပြီဖြစ်သော်လည်း တစ်မှတ်သာ ရရှိသေးသည့် ဥရုဂွေးအသင်းမှာမူ အုပ်စုနောက်ဆုံးပွဲစဉ်အဖြစ် ခြေစွမ်းထက်လှသည့် အာဖရိကအသင်း ဂါနာကို ခက်ခက်ခဲခဲ ယှဉ်ပြိုင်ရတော့မည်ဖြစ်သည်။

ရေးသားသူ – Myanmar Now

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။