ခင်ဦးတွင် ခရစ်ယန် ဂိုဏ်းချုပ် ကာဒီနယ် ချားလ်စ်ဘို လှူဒါန်းထားသော စာ သင်ကျောင်းကို စစ်တပ် မီးရှို့ဖျက်ဆီးပြီး ဆဲဆိုထားသော စာများရေးသားခဲ့

Local News

ခင်ဦးတွင် ခရစ်ယန် ဂိုဏ်းချုပ် ကာဒီနယ် ချားလ်စ်ဘို လှူဒါန်းထားသော စာ သင်ကျောင်းကို စစ်တပ် မီးရှို့ဖျက်ဆီးပြီး ဆဲဆိုထားသော စာများရေးသားခဲ့

မင်္ဂလာပါ ပရိသတ်ကြီးရေ.. မိုးနတ်မင်း သတင်းစုံမှ ကြိုဆိုလိုက်ပါတယ်။ အခုတင်ဆက်ပေးမယ့် သတင်းလေးကတော့ ခင်ဦးတွင် ခရစ်ယန် ဂိုဏ်းချုပ် ကာဒီနယ် ချားလ်စ်ဘို လှူဒါန်းထားသော စာ သင်ကျောင်းကို စစ်တပ် မီးရှို့ဖျက်ဆီးပြီး ဆဲဆိုထားသော စာများရေးသားခဲ့ဆိုတဲ့သတင်းလေးပဲ ဖြစ်ပါတယ်။

ရန်ကုန်၊ နိုဝင်ဘာ ၂၉

စစ်ကိုင်းတိုင်း၊ ခင်ဦးမြို့နယ်ရှိ ကျေးရွာ ၅ ခုကို စစ်တပ်က မီးရှို့ဖျက် ဆီးခဲ့ ရာတွင် ခရစ်ယန်သာသနာဂိုဏ်းချုပ် ကာဒီနယ် ချားလ်စ်ဘို လှူဒါန်း ထား သော စာသင် ကျောင်း အပါအဝင် နေအိမ် ၃၀၇ လုံးကိုပါ စစ်တပ်က မီးရှို့ ဖျက် ဆီးခဲ့ပြီး ပြည်သူ ၇ ဦးကိုလည်း thetဖြတ်ခဲ့ကြောင်း ဒေသခံ ပြည်သူ များ ထံမှ သိရ သည်။


နိုဝင်ဘာလ ၂၀ ရက်နေ့တွင် စစ်တပ်က လက်ပံကြီး ရွာကို မီးရှို့ ခဲ့ပြီး နေအိမ် ၇၃ လုံးပြာကျခဲ့ကြောင်း၊ နိုဝင်ဘာလ ၂၃ ရက်နေ့တွင် မုံလှကျေးရွာကို စစ်တပ်က မီးရှို့ဖျက်ဆီးခဲ့ပြီး နေအိမ် ၁၁၀ လုံးပြာကျခဲ့ကြောင်း၊၊ နိုဝင် ဘာလ ၂၅ ရက်နေ့တွင် မြင်းဒေါင်းရွာကို စစ်တပ်က မီးရှို့ ခဲ့ပြီး နေအိမ် ၃၉ လုံး ပြာကျ ခဲ့ကြောင်း၊ နိုဝင်ဘာလ ၂၆ ရက်နေ့တွင် မြစ်တော် ကျေးရွာ ကို စစ်တပ်က မီးရှို့ခဲ့ပြီး နေအိမ် ၇၀ လုံး ပြာကျခဲ့ကြောင်း၊ နိုဝင်ဘာလ ၂၇ ရက်နေ့တွင် အကြမ်းဖက် စစ်တပ်က ဂွေးကုန်းကျေးရွာကို မီးရှို့ဖျက်ဆီးခဲ့ပြီး နေအိမ် ၁၅ လုံးပြာကျခဲ့ကြောင်း သိရသည်။


ထို့ပြင် စစ်တပ်က နိုင်ဝင်ဘာလ ၂၃ ရက်နေ့တွင် မုံလှ ကျေးရွာ သား အသက် ၉ နှစ်အရွယ် ကလေးငယ် ၁ ဦး၊ အသက် ၅၀ အရွယ် ဦးဖိုး တောက် ၊ အသက် ၅၀ အရွယ် ဒေါ်မြတို့ကို thetဖြတ်ခဲ့ကြောင်း၊ နိုဝင်ဘာလ ၂၅ ရက်နေ့တွင် မြင်းဒေါင်းရွာ ကို စစ်တပ်က ထပ်မံ စီးနင်းခဲ့ပြီး အသက် ၅၃ နှစ်အရွယ် ကိုတင်ဝင်းမြင့်၊ အသက် ၃၂ နှစ်အရွယ် ပြည်သူတစ်ဦး၊ အသက် ၄၈ နှစ် အရွယ် ကိုဇော် တို့ကို ဖမ်းဆီးthetဖြတ်ခဲ့ကြောင်း၊ နိုဝင်ဘာလ ၂၆ ရက် နေ့တွင် မြစ် တော် ကျေးရွာသား အသက် ၆၅ နှစ်အရွယ် ဦးလှဝင်းကိုလည်း အကြမ်းဖက် စစ်တပ်က ဖမ်းဆီးthetဖြတ်ခဲ့ကြောင်း သိရသည်။

နိုဝင်ဘာလ ၂၃ ရက်နေ့တွင် စစ်တပ်က မုံလှ ကျေး ရွာကို ဝင်ရောက် မီးရှို့ ဖျက်ဆီးခဲ့ရာတွင် ခရစ်ယန် ဂိုဏ်းချုပ်ဆရာတော်ကြီး ကာဒီနယ် ချားလ်စ်ဘို လှူဒါန်းထားသော အခန်း ၁၀ ခန်းပါ သည့် ၂ ထပ် စာသင် ကျောင်းဆောင် ကြီး ကိုလည်း စစ်တပ်က မီးရှို့ ဖျက်ဆီးခဲ့ပြီး ဆဲဆိုထားသော စာများ ရေးသား ခဲ့ကြောင်း သိရသည်။

ရေးသားသူ – ခေတ်သစ်မီဒီယာ

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။