မြန်မာ-တရုတ်နယ်စပ်မှာ စစ်တပ်နဲ့MNDAA တိုက်ပွဲဖြစ်

Local News

မြန်မာ-တရုတ်နယ်စပ်မှာ စစ်တပ်နဲ့MNDAA တိုက်ပွဲဖြစ်

မင်္ဂလာပါ ပရိသတ်ကြီးရေ.. မိုးနတ်မင်း သတင်းစုံမှ ကြိုဆိုလိုက်ပါတယ်။ အခုတင်ဆက်ပေးမယ့် သတင်းလေးကတော့ မြန်မာ-တရုတ်နယ်စပ်မှာ စစ်တပ်နဲ့MNDAA တိုက်ပွဲဖြစ် ဆိုတဲ့သတင်းလေးပဲ ဖြစ်ပါတယ်။


မြန်မာ-တရုတ်နယ်စပ်၊ ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ရဒေသ၊ ချင်းရွှေဟော်မှာရှိတဲ့ မြန်မာအမျိုးသား ဒီမိုကရက်တစ်မဟာမိတ်တပ်-ကိုးကန့်(MNDAA) နဲ့ စစ်ကောင်စီတပ်တို့ ၃ ရက်ဆက်တိုက် တိုက်ပွဲဖြစ်ခဲ့တယ်လို့ MNDAA ဘက်က သတင်းထုတ်ပြန်လာပါတယ်။

ကိုးကန့် MNDAA တပ်ဖွဲ့ဝင်တွေ

ချင်းရွှေဟော်မှာရှိတဲ့ ကိုးကန့်တပ်စခန်းတစ်ခုကို စစ်ကောင်စီတပ်ဖွဲ့က နိုဝင်ဘာလ ၂၇ ရက်၊ ၂၈ ရက်နဲ့ ၂၉ ရက်တို့မှာ လာရောက်တိုက်ခိုက်ရာကနေ တိုက်ပွဲဖြစ်ခဲ့တာလို့လည်း ဆိုပါတယ်။

အဲဒီတိုက်ပွဲမှာ စစ်ကောင်စီတပ်ဘက်က အင်အားရာချီ ဖြန့်ကျက်အသုံးပြုနေပြီး ၂၈ ရက် တိုက်ပွဲမှာ စစ်ကောင်စီတပ်ဘက်က ၂ ဦးthayဆုံးကာ နောက်ထပ် ၇ ဦး ဒဏ်ရာရရှိခဲ့တယ်လို့လည်း ထုတ်ပြန်ချက်က ဆိုပါတယ်။ MN

DAA က ထုတ်ပြန်တဲ့ တိုက်ပွဲဖြစ်ပွားချိန်ကို ရိုက်ကူးထားတဲ့ရုပ်သံမှာတော့ နှစ်ဖက် အပြန်အလှန်ပစ်ခတ်သံတွေကို ကြားနေရပါတယ်။

စစ်ကောင်စီတပ်ဘက်ကတော့ ကိုးကန့်တပ်နဲ့ အခုဖြစ်တဲ့တိုက်ပွဲနဲ့ ပတ်သက်ပြီး တစုံတရာ သတင်းမထုတ်ပြန်သေးပါဘူး။

ရေးသားသူ – BBC Burmese

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။