ပုသိမ်ထောင်ဖြစ်စဥ်နဲ့ ဆက်စပ်ပြီး ပုသိမ်မြို့က အမျိုးသမီးတစ်ဦးဖမ်းဆီးခံထားရ

Local News

ပုသိမ်ထောင်ဖြစ်စဥ်နဲ့ ဆက်စပ်ပြီး ပုသိမ်မြို့က အမျိုးသမီးတစ်ဦးဖမ်းဆီးခံထားရ

မင်္ဂလာပါ ပရိသတ်ကြီးရေ.. မိုးနတ်မင်း သတင်းစုံမှ ကြိုဆိုလိုက်ပါတယ်။ အခုတင်ဆက်ပေးမယ့် သတင်းလေးကတော့ ပုသိမ်ထောင်ဖြစ်စဥ်နဲ့ ဆက်စပ်ပြီး ပုသိမ်မြို့က အမျိုးသမီးတစ်ဦးဖမ်းဆီးခံထားရ ဆိုတဲ့သတင်းလေးပဲ ဖြစ်ပါတယ်။


အကျဥ်းသားတစ်ဦး thayဆုံးပြီး လူ ၇၀ ခန့်ဒဏ်ရာရခဲ့တဲ့ ပုသိမ်ထောင်ဖြစ်စဥ်နဲ့ ဆက်စပ်ပြီး ပုသိမ်မြို့က အမျိုးသမီးတစ်ဦးကို စစ်ကောင်စီက ဇန်နဝါရီလ ၇ ရက်နေ့ ညက ဖမ်းဆီးခဲ့တယ်လို့ ပုသိမ်ဒေသခံတစ်ဦးက ဘီဘီစီကို ပြောပါတယ်။

အဖမ်းခံရတဲ့ အမျိုးသမီးက ကိုးသိန်း ရဲစခန်းအနီး အမှတ် ၃ ရပ်ကွက်မှာ နေထိုင်တဲ့ မစန္ဒာအေးဆိုသူ ဖြစ်ပြီး ပုသိမ်ထောင်မှာ အကျဉ်းကျနေတဲ့ နိုင်ငံရေးအကျဥ်းသား ကိုဝင်းထွန်းနိုင်ရဲ့ ဇနီးဖြစ်တယ်လို့ သိရပါတယ်။

ပုသိမ်အကျဥ်းထောင်ဖြစ်စဥ်ဟာ အကျဥ်းသားတစ်ဦးဆီမှာ ကီးပက်ဖုန်းတစ်လုံးတွေ့ရှိမူကို လိုအပ်သလို အရေးယူဖို့ လုပ်နေစဥ် ရုန်းရင်းဆန်ခတ်ဖြစ်အောင် အကျဉ်းသားတွေဘက်က ကြိုးပမ်းခဲ့တာကနေ စတင် ဖြစ်ပွားခဲ့တာလို့ စစ်ကောင်စီဘက်က ထုတ်ပြန်ခဲ့ပါတယ်။

ကီးပက်ဖုန်းတွေ့လို့ ထောင်အာဏာပိုင်တစ်ဦးက ဇန်နဝါရီလ ၅ ရက်နေ့ညက ခေါ်ယူ စစ်ဆေးခဲ့သူတွေထဲမှာ နိုင်ငံရေးအကျဥ်းသား ကိုဝင်းထွန်းနိုင် အပါအဝင် ၄ ဦးဖြစ်တယ်လို့ ပုသိမ်ထောင်နဲ့ နီးစပ်သူတွေထံက သိရပါတယ်။

လူသေဆုံးခဲ့တဲ့ ပုသိမ်ထောင်အတွင်းမှာ ဖြစ်ပွားခဲ့တဲ့ ဖြစ်စဥ်တွေနဲ့ ပတ်သက်ပြီး ထောင်အာဏာပိုင်တွေက အကျဉ်းသားတွေကို ဆက်လက်ပြီးခေါ်ယူစစ်ဆေးမှုတွေ လုပ်နေတယ်လို့ ပုသိမ်မြို့ နိုင်ငံရေးအကျဥ်းသား မိသားစုဝင်အချို့ထံက တစ်ဆင့်သိရပါတယ်။

အမျိုးသားညီညွှတ်ရေး အစိုးရကတော့ ပုသိမ်အကျဥ်းထောင်ဖြစ်စဥ်အတွင်းမှာ thayဆုံးသူ ၁ ဦး ၊ ပျောက်ဆုံးသူ ၁ ဦးနဲ့ ထိခိုက်ဒဏ်ရာရသူ ၇၀လောက်ရှိနေပြီး ဒီအထဲ ၉ဦးဟာ အသက်အန္တရာယ်စိုးရိမ်ရတဲ့ အခြေအနေမှာ ရှိနေတယ်လို့ ထုတ်ပြန်ထားပါတယ်။

ပုသိမ်ထောင် အကြမ်းဖက်ခံရမှု ဖြစ်စဥ်မှာ ထောင်ဝန်ထမ်းမဟုတ်ဘဲ ရဲနဲ့ စစ်တပ်က အကျဉ်းကျနေသူ ၂၀ ဦးခန့် ပါဝင်နေတယ်လို့ ပြောထားပြီး ဒီဖြစ်စဥ်နဲ့ ပတ်သက်ပြီး ကုလသမဂ္ဂက အထူးစုံစမ်းစစ်ဆေးရေးအရာရှိတွေကို အချက်အလက်တွေပေးပို့ထားသလို မကြာမီတင်သွင်းမယ့် ကုလသမဂ္ဂ လူ့အခွင့်ရေးအကောင်စီ အစီရင်ခံစာမှာ အမျိုးသားညီညွှတ်ရေးအစိုးရဘက်က တင်ပြသွားဖို့ရှိတယ်လို့ NUG လူ့အခွင့်အရေးဆိုင်ရာဝန်ကြီးဌာနဝန်ကြီး ဦးအောင်မျိုးမင်းက ပြောပါတယ်။

နိုင်ငံရေး အကျဉ်းသားဟောင်းများအဖွဲ့ ဦးဆောင်ကော်မတီဝင် ဦးထွန်းကြည်ကတော့ စစ်ကောင်စီထောင်အာဏာပိုင်တွေရဲ့ ဒီလုပ်ရပ်ကို နိုင်ငံတကာက နှုတ်ပိတ်မနေဖို့တိုက်တွန်းလိုက်သလို ဒါဟာ အကျဥ်းသားရဲ့ လုံခြုံရေးဆိုင်ရာအခွင့်အရေးကိုချိုး‌ဖောက်တာလို့ မှတ်ချက်ပြုပါတယ်။

နိုင်ငံရေး အကျဉ်းသားများ ကူညီစောင့်ရှောက်ရေး အသင်း အေအေပီပီကတော့ ထောင်အာဏာပိုင်တို့ဘက်က လူကိုသေစေနိုင်တဲ့ လက်နက်တွေနဲ့ ပစ်ခတ်တာ၊ အုပ်စုလိုက် ဝိုင်းဝန်းရိုက်နှက်တာ ၊ လက်ပြန် ကြိုးတုပ်ပြီး အပြင်းအထန်ရိုက်နှက်တာ တို့ကြောင့် နိုင်ငံရေးအကျဉ်းသားအနည်းဆုံးတစ်ဦး thayဆုံးခဲ့ရပြီး နိုင်ငံရေးအကျဉ်းသားအများအပြား အပြင်းအထန် ဒဏ်ရာရရှိခဲ့တာလို့ ထုတ်ပြန်ခဲ့ပါတယ်။
ပုသိမ်မြို့က အမျိုးသမီးတစ်ဦး ဖမ်းဆီးတဲ့ ဖြစ်စဉ်နဲ့ ပတ်သက်ပြီး စစ်ကောင်စီဘက်က သတင်းထုတ်ပြန်တာ မတွေ့ရသေးပါဘူး။

ရေးသားသူ – BBC Burmese

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။