မုံရွာမြို့အဝင်တွင် တပ်စွဲထားသော စစ်သားများကို PDF တပ်ဖွဲ့ ဝင်ရောက် ပစ်ခတ်မှု စစ်သား ၈ ဦးthayဆုံးပြီး PDF ၁ ဦးကျဆုံး၊ စစ်တပ် ပစ်ခတ်သောကြောင့် ပြည်သူ ၂ ဦးthayဆုံး

Local News

မုံရွာမြို့အဝင်တွင် တပ်စွဲထားသော စစ်သားများကို PDF တပ်ဖွဲ့ ဝင်ရောက် ပစ်ခတ်မှု စစ်သား ၈ ဦးthayဆုံးပြီး PDF ၁ ဦးကျဆုံး၊ စစ်တပ် ပစ်ခတ်သောကြောင့် ပြည်သူ ၂ ဦးthayဆုံး

မင်္ဂလာပါ ပရိသတ်ကြီးရေ.. မိုးနတ်မင်း သတင်းစုံမှ ကြိုဆိုလိုက်ပါတယ်။ အခုတင်ဆက်ပေးမယ့် သတင်းလေးကတော့မုံရွာမြို့အဝင်တွင် တပ်စွဲထားသော စစ်သားများကို PDF တပ်ဖွဲ့ ဝင်ရောက် ပစ်ခတ်မှု စစ်သား ၈ ဦးthayဆုံးပြီး PDF ၁ ဦးကျဆုံး၊ စစ်တပ် ပစ်ခတ်သောကြောင့် ပြည်သူ ၂ ဦးthayဆုံး ဆိုတဲ့သတင်းလေးပဲ ဖြစ်ပါတယ်။

ရန်ကုန်၊ ဒီဇင်ဘာ ၆
စစ်ကိုင်းတိုင်း၊ မုံရွာမြို့အဝင်တွင် တပ်စွဲထားသော စစ်သားများကို PDF တပ်ဖွဲ့ဝင်ရောက် ပစ်ခတ်မှု စစ်သား ၈ ဦးthayဆုံးခဲ့ကြောင်း Golden Eagle Force-Monywa-V2 အဖွဲ့ထံမှ သိရသည်။
ဒီဇင်ဘာလ ၅ ရက်နေ့ နံနက် ၁၀ နာရီခန့်တွင် မုံရွာ-မန္တ‌လေး လမ်းပိုင်း မုံရွာမြို့အဝင် ရေဦးဆန်ဆိုင် အနီးရှိ ပြည်သူ့ပိုင် အဆောက်အဦး တစ်ခုတွင် တပ်စွဲထားသော စစ်သားများကို ကာကွယ်ရေး တပ်ဖွဲ့များက အလစ်အငိုက် ဝင်ရောက် ပစ်ခတ်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

ပစ်ခတ် တိုက်ခိုက်မှု​အတွင်း စစ်ဆေးရေး လုပ်ဆောင်နေသော စစ်သား ၂ ဦး၊ ဘန်ကာသဲအိတ်ထပ်ကာ ဝပ်ကျင်းလုပ်နေသော စစ်သား ၅ ဦးနှင့် ဝရံတာအပေါ်မှ စစ်သား ၁ ဦးတို့ thayဆုံးခဲ့ကြောင်း သိရသည်။
“ပစ်ခတ်မှုဖြစ်ပြီးတော့ စစ်ခွေးတွေက ပြန်လည် ရမ်းပစ်လို့ ပြည်သူ ၂ ဦး thayဆုံးသွားတယ်။ အဲနားက ရပ်ကွက်တွေကိုလည်း မီးရှို့မယ်ဆိုလို့ ပြေးနေရတယ်” ဟု ဒေသခံ ပြည်သူ တစ်ဦးကပြောဆိုသည်။

အကြမ်းဖက် စစ်တပ် တပ်စွဲထားသော နေရာကို Golden Eagle Force-Monywa-V2၊ Black Dragon Special Task Force-Monywa၊ Monywa Ranger Army၊ မိုင်းမင်းသားမြေအောက်ပျောက်ကြားတပ်ဖွဲ့နှင့် သပြေညို ပျောက်ကြားတပ်ဖွဲ့တို့မှ ဝင်ရောက် ပစ်ခတ်ခဲ့ခြင်းဖြစ်ပြီး အပြန်အလှန် ပစ်ခတ်မှု အတွင်း PDF ရဲဘော် ၁ ဦး ကျဆုံးကာ စစ်တပ်က ရမ်းသမ်း ပစ်ခတ်ခဲ့သော​ကြောင့် ပြည်သူ ၂ ဦး thayဆုံးခဲ့ကြောင်း Golden Eagle Force-Monywa-V2က ထုတ်ပြန်ထားသည်။

ရေးသားသူ – ခေတ်သစ်မီဒီယာ

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။