အကြမ်းဖက်စစ်ကောင်စီကျူးလွန်သော စစ်ရာဇဝတ်မှုများကို ခွင့်လွှတ်ပေးစရာ တစ်ကွက်မှ မရှိဟု NUG ယာယီသမ္မတ ဒူဝါလရှီးလ ပြော

Local News

အကြမ်းဖက်စစ်ကောင်စီကျူးလွန်သော စစ်ရာဇဝတ်မှုများကို ခွင့်လွှတ်ပေးစရာ တစ်ကွက်မှ မရှိဟု NUG ယာယီသမ္မတ ဒူဝါလရှီးလ ပြော

မင်္ဂလာပါ ပရိသတ်ကြီးရေ.. မိုးနတ်မင်း သတင်းစုံမှ ကြိုဆိုလိုက်ပါတယ်။ အခုတင်ဆက်ပေးမယ့် သတင်းလေးကတော့အကြမ်းဖက်စစ်ကောင်စီကျူးလွန်သော စစ်ရာဇဝတ်မှုများကို ခွင့်လွှတ်ပေးစရာ တစ်ကွက်မှ မရှိဟု NUG ယာယီသမ္မတ ဒူဝါလရှီးလ ပြောဆိုတဲ့သတင်းလေးပဲ ဖြစ်ပါတယ်။

ရန်ကုန်၊ ဒီဇင်ဘာ ၆


အကြမ်းဖက်စစ်ကောင်စီကျူးလွန်ခဲ့သော စစ်ရာဇဝတ်မှုများနှင့်ပတ်သက်၍ ခွင့်လွှတ်ပေးစရာ၊ နားလည် ပေးစရာတစ်ကွက်မှမရှိဟု အမျိုးသားညီညွတ်ရေးအစိုးရ၊ ယာယီသမ္မတ ဒူဝါလရှီးလ က အမျိုးသားညီ ညွတ် ရေးအစိုးရ၏ (၇၇) ကြိမ်မြောက် အစိုးရအဖွဲ့ အစည်းအဝေးတွင် ပြောကြားသည်။
လွန်ခဲ့သော ဒီဇင်ဘာ (၁) ရက်နေ့၊ REUTER NEXT အစီအစဉ်တွင် ကမ္ဘာ့ခေါင်းဆောင်များ၊ စီးပွားရေး ပညာရှင်များနဲ့ စီးပွားရေးသမားများ ပါဝင်သည့် ညီလာခံတွင် အကြမ်းဖက်စစ်ကောင်စီနှင့်ပတ်သက်၍ တွေ့ဆုံဆွေးနွေးရေးအချက်(၅)ကို ပြောဆိုခဲ့ရာ ပြည်သူလူထု၏ စိုးရိမ်ပူပန်မှုများနှင့်ပတ်သက်၍ ရှင်း လင်းပြောဆိုရာတွင် ၎င်းက ထည့်သွင်းပြောဆိုခဲ့ခြင်းဖြစ်သည်။
“ပြည်သူလူထုစိုးရိမ်ပူပန်နေတဲ့ ကိစ္စကို ပြောချင်ပါတယ်။ လူထုဟာ စစ်အုပ်စုကို သူတို့ကျူးလွန်ခဲ့တဲ့ စစ် ရာဇဝတ်မှုတွေအတွက် ပြစ်ဒဏ်ကင်းလွတ်ခွင့်ပေးဖို့ ကျွန်တော်တို့ အမျိုးသားညီညွတ်ရေးအစိုးရက စဉ်း စား ခန်းထုတ်နေပြီလားလို့ ထင်မြင်နေကြပါတယ်။ အကြမ်းဖက်စစ်ကောင်စီက ကျူးလွန်တဲ့ စစ်ရာဇ ဝတ်မှု တွေဟာ ခွင့်လွှတ်နိုင်စရာ/ နားလည်ပေးချင်စရာ တစ်ကွက်မှ မရှိပါဘူး။ ကျွန်တော်တို့ အစိုးရရဲ့ မူဝါဒလမ်းစဉ် ကလည်း တရားမျှတမှုအတွက် တော်လှန်တိုက်ပွဲဝင်နေခြင်း လမ်းစဉ်ဖြစ်တယ်ဆိုတာ သိပြီးဖြစ်ပါတယ်။” ဟု NUG ယာယီသမ္မတ ဒူဝါလရှီးလက ပြောသည်။
အကြမ်းဖက်စစ်ကောင်စီနှင့်တွေ့ဆုံဆွေးနွေးနိုင်ရန်အတွက် (၁) ပြည်သူကို thetဖြတ်နေမှုများ ချက် ချင်း ရပ်တန့်ရန်၊ (၂) တပ်မတော်က နိုင်ငံရေးမှ လုံးဝစွန့်ခွာရန်၊ (၃)နိုင်ငံတကာအကူအညီများကို အနှောက် အယှက်အတားအဆီးမပြုလုပ်ရန်၊ (၄)၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေကို လုံးဝဖျက်သိမ်းရန်၊ (၅)နိုင်ငံတကာက ကြားဝင်ဆောင်ရွက်ပေးရန် တို့ဖြစ်သည်။
“စစ်တပ်ကို နိုင်ငံရေးထဲက အပြီးတိုင်ထုတ်ပယ်ဖို့ အာမခံချက်ရှိတဲ့ အခြေအနေအထိ ကျွန်တော်တို့ ကြိုး စားလုပ်ဆောင်ဖို့ဖြစ်တယ်။ အနာဂတ်မှာ ဖြစ်ထွန်းလာမယ့် ဖက်ဒရယ် တပ်မတော်ဟာ ပရော်ဖက် ရှင် နယ်တပ်မတော် ဖြစ်ရလိမ့်မယ်။ ယခု မြန်မာစစ်တပ်လို နိုင်ငံရေးထဲ အမြဲတမ်း ဝင်ပါနေတာမျိုး လုံးဝ လက်မခံနိုင်ပါဘူး။” ဟု NUG ယာယီသမ္မတ ဒူဝါလရှီးလက ပြောသည်။
စစ်အာဏာရှင်အမြတ်ပြတ်သုတ်သင်ချေမှုန်းရေးအတွက် တော်လှန်ရေးတွင် ရွတ်ရွတ်ချွံချွံ တိုက်ပွဲဝင် ခဲ့သည့် သူရဲကောင်းများ၊ အာဇာနည်များကို အမြဲတမ်း အစဉ်တစိုက် ဦးညွှတ်နေမည်ဖြစ်ကြောင်း၊ တော်လှန်ရေးရဲဘော်များ၏ အသက်ပေးစွန့်လွှတ်အနစ်နာခံမှုများကို အကျိုးမဲ့ အလဟဿ မဖြစ်သွား အောင် ကြိုးစား လုပ်ဆောင်နေကြရမည်ဖြစ်ကြောင်း ၎င်းက တိုက်တွန်းပြောဆိုသည်။

ရေးသားသူ – ခေတ်သစ်မီဒီယာ

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။