ဦးထွန်းထွန်းဟိန်ကို နိုင်ငံတော်သစ္စာဖောက်ဖျက်မှုနဲ့ ထောင် နှစ် ၂၀ စစ်ကောင်စီထပ်ချ ထပ်မံရင်ဆိုင်ရမယ့်အမှု ၃ ခုကျန်ရှိသေး

Local News

ဦးထွန်းထွန်းဟိန်ကို နိုင်ငံတော်သစ္စာဖောက်ဖျက်မှုနဲ့ ထောင် နှစ် ၂၀ စစ်ကောင်စီထပ်ချ ထပ်မံရင်ဆိုင်ရမယ့်အမှု ၃ ခုကျန်ရှိသေး

မင်္ဂလာပါ ပရိသတ်ကြီးရေ.. မိုးနတ်မင်း သတင်းစုံမှ ကြိုဆိုလိုက်ပါတယ်။ အခုတင်ဆက်ပေးမယ့် သတင်းလေးကတော့ဦးထွန်းထွန်းဟိန်ကို နိုင်ငံတော်သစ္စာဖောက်ဖျက်မှုနဲ့ ထောင် နှစ် ၂၀ စစ်ကောင်စီထပ်ထပ်မံရင်ဆိုင်ရမယ့်အမှု ၃ ခုကျန်ရှိသေး ဆိုတဲ့သတင်းလေးပဲ ဖြစ်ပါတယ်။

အသက် ၇၃ နှစ်ရှိပြီဖြစ်တဲ့ ဦးထွန်းထွန်းဟိန်ဟာ NLD ပါတီ ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင်တစ်ဦးလည်း ဖြစ်ပါတယ်။

NLD MP

ပြည်သူ့လွှတ်တော်ဒုဥက္ကဋ္ဌဟောင်း ဦးထွန်းထွန်းဟိန်ကို နိုင်ငံတော်သစ္စာဖောက်ဖျက်မှု ပုဒ်မ ၁၂၂ နဲ့ စစ်ကောင်စီက ထောင်ဒဏ် နှစ် ၂၀ ချမှတ်လိုက်တယ်လို့ မိသားစုဝင်တစ်ဦးက ဘီဘီစီကို အတည်ပြုပါတယ်။

ဦးထွန်းထွန်းဟိန်ကို စစ်တပ်က အာဏာသိမ်းခဲ့တဲ့ ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလမှာ နောင်ချိုမြို့မှာ ဖမ်းဆီးခဲ့တာဖြစ်ပြီး အဲဒီနောက် လားရှိုးအကျဥ်းထောင်မှာ ဖမ်းဆီးထိန်းသိမ်းခဲ့တာပါ။

အဲဒီနောက် ဦးထွန်းထွန်းဟိန်ကို ပုဒ်မ ၅၀၅ (က)၊ အမျိုးသားဒီမိုကရေစီချုပ်ပါတီက ထုတ်ပြန်ခဲ့တဲ့ စာနှစ်စောင်နဲ့ပတ်သက်လို့ ဆူပူအောင်လှုံ့ဆော်မှု ပုဒ်မ ၅၀၅ (ခ) တို့နဲ့ တရားစွဲဆိုခဲ့ပြီး ၂၀၂၁ ခုနှစ် နှစ်ကုန်ပိုင်းမှာ အဲဒီအမှုနှစ်မှုနဲ့ ထောင် စုစုပေါင်း လေးနှစ်ကို ချမှတ်ခဲ့ပါတယ်။

ဒါကြောင့် ဦးထွန်းထွန်းဟိန်ဟာ အခုဆို စုစုပေါင်း ထောင် ၂၄ နှစ်အထိ ရှိလာပြီဖြစ်ပါတယ်။

ဒါ့အပြင် ဦးထွန်းထွန်းဟိန်ကို စစ်ကောင်စီက ရွေးကောက်ပွဲမှာ မဲမသမာမှုပြုလုပ်တယ်ဆိုပြီး ရာဇသတ်ကြီးပုဒ်မ ၁၃၀ (က) နဲ့ နောက်ထပ်အမှု ၃ မှုထပ်မံစွဲဆိုထားပါသေးတယ်။

အဲဒီအမှုသုံးမှာမှာတော့ ပြည်နယ်လွှတ်တော်ကိုယ်စားလှ​ယ် ဒေါက်တာညီညီအောင်၊ ဦးအောင်မြင့်ထွန်းတို့နဲ့တစ်မှုစီ၊ ၂၀၂၀ ရွေးကောက်ပွဲမှာ ရွေးကောက်ပွဲအောင်နိုင်ရေးဆောင်ရွက်ပေးခဲ့သူ ၄င်းရဲ့ သမီးဖြစ်သူနဲ့အတူ တစ်မှု စုစုပေါင်း သုံးမှု ဆက်လက်ရင်ဆိုင်ရဖို့ရှိနေပါတယ်။

ရာဇသတ်ကြီးပုဒ်မ ၁၃၀ (က) ဟာ ပြစ်မှုထင်ရှားရင် အမြင့်ဆုံးထောင် ၃ နှစ်အထိ ချမှတ်နိုင်ကြောင်း ပြဋ္ဌာန်းထားပါတယ်။

ဦးထွန်းထွန်းဟိန်ဟာ ဦးနှောက်နဲ့အာရုံကြောဆိုင်ရာဝေဒနာ ခံစားနေရပြီး အထူးကုဆရာဝန်ကြီးတွေနဲ့ ရေရှည် ကုသနေရတာဖြစ်တာကြောင့် ထောင်တွင်းမှာ ဆေးကုသမှုရဖို့ တင်ပြခဲ့ပေမဲ့ ဆေးကုသခွင့်မရခဲ့ဘဲ လိုအပ်တဲ့ဆေးဝါးတချို့သာ ပို့ဆောင်ခွင့်ရခဲ့တယ်လို့ မိသားစုဝင်က ပြောပါတယ်။

“ဖေဖော်ဝါရီမှာခေါ်သွားပြီး မတ်လထိ အဆက်အသွယ်မရဘူး။ ဖေဖေက လပိုင်းတောင်ဆေးက ပြတ်လို့မရဘူး။ ဒါကြောင့် ဆေးကုသခွင့်ကိုတရားရုံးကနေတင်တယ်။ ဆေးကုသခွင့်မရဘူး။ ဖျားရင် ထောင်ဆရာဝန် ကုလိမ့်မယ်ဆိုပြီး ဆေးကုသခွင့်ပယ်ချတော့ ဟုတ်ပြီ ဒါဆို လိုအပ်တဲ့ဆေးကို ပေးခွင့်ရလားဆိုတော့ သူတို့က ကိုဗစ်နဲ့ဘာနဲ့ရောချပြီး ထောင်ဝင်စာတွေ့လို့မရဘူး။ ဒါပေမဲ့ ဆေးတွေဘာတွေ ပေးမယ်ဆိုရင် ထောင်ဝင်စာတော့ပို့ပေးပေါ့။ လူချင်းကတော့ တွေ့လို့မရဘူးပေါ့။ လိုအပ်တဲ့ဆေးတွေဘာတွတော့ ပို့လို့ရတယ်။ ဆေးကတော့ ဒီကြားထဲမှာ အများနည်းတူပဲ​ကုရတယ်”လို့ သူက ပြောပါတယ်။

အသက် ၇၃ နှစ်အရွယ် ဦးထွန်းထွန်းဟိန်ဟာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီရဲ့ဗဟိုအလုပ်အမှုဆောင်တစ်ဦး ဖြစ်ပြီး ပြီးခဲ့တဲ့ ၂၀၁၅ ရွေးကောက်ပွဲမှာ ရှမ်းပြည်နယ် နောင်ချိုမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်အဖြစ် အနိုင်ရခဲ့ပါတယ်။ အဲဒီနောက် ပြည်သူ့လွှတ်တော် ဒုဥက္ကဋ္ဌ အဖြစ် တာဝန်ထမ်းဆောင်ခဲ့သူဖြစ်ပြီး ၂၀၂၀ ရွေးကောက်ပွဲမှာလည်း နောင်ချိုမြို့နယ်ကနေပဲ ရွေးကောက်ပွဲဝင်ရောက်ယှဥ်ပြိုင်ပြီး အနိုင်ရခဲ့ပါတယ်။

ဦးထွန်းထွန်းဟိန်ဟာ ၁၉၉၀ ရွေးကောက်ပွဲတုန်းကလည်းအနိုင်ရရှိခဲ့လို့ ရွေးကောက်ပွဲသုံးကြိမ် အနိုင်ရထားတဲ့ ဝါရင့်နိုင်ငံရေးသမားတစ်ဦးလည်းဖြစ်ပါတယ်။

စစ်တပ်က အာဏာသိမ်းပြီးနောက် ဖမ်းဆီးခံထားရတဲ့ NLD ပါတီဝင်နဲ့ လွှတ်တော်ကိုယ်စားလှယ် စုစုပေါင်း ၁၁၆၉ ဦးရှိပြီး ၄င်းတို့အနက် ဖမ်းဆီးထားချိန်ကာလအတွင်း သေဆုံးသူ လွှတ်တော်ကိုယ်စားလှယ် ၂ ဦးအပါအဝင် စုစုပေါင်း ၆၇ ဦးရှိကြောင်း NLD ပါတီက နိုဝင်ဘာ ၈ ရက်မှာ ထုတ်ပြန်ထားပါတယ်။

ရေးသားသူ – BBC Burmese

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။