ရန်ကုန်၊ မှော်ဘီရှိ စစ်ဆေးရေးဂိတ် တိုက်ခိုက်ခံရ

Local News

ရန်ကုန်၊ မှော်ဘီရှိ စစ်ဆေးရေးဂိတ် တိုက်ခိုက်ခံရ
မင်္ဂလာပါ ပရိသတ်ကြီးရေ.. မိုးနတ်မင်း သတင်းစုံမှ ကြိုဆိုလိုက်ပါတယ်။ အခုတင်ဆက်ပေးမယ့် သတင်းလေးကတော့ ရန်ကုန်၊ မှော်ဘီရှိ စစ်ဆေးရေးဂိတ် တိုက်ခိုက်ခံရ ဆိုတဲ့သတင်းလေးပဲ ဖြစ်ပါတယ်။

ရန်ကုန်မြို့သို့ ဝင်ထွက်နိုင်သည့် အမှတ် ၄ လမ်းမပေါ်ရှိ စစ်ကောင်စီ စစ်ဆေးရေးဂိတ်ကို တော်လှန်ရေး ပူးပေါင်းအဖွဲ့က ယနေ့(နိုဝင်ဘာ ၂၃) နံနက် ၈နာရီခွဲခန့်တွင်မိုင်းခွဲတိုက်ခိုက်သည်။
မှော်ဘီမြို့နယ်၊ သဲဖြူချောင်းရွာအနီး စစ်သား၊ ရဲနှင့် ယာဉ်ထိန်း ၁၅ ဦးခန့် ပုံမှန်ရှိသည့် စစ်ဆေးရေးဂိတ်ကို ရန်ကုန်မြောက်ပိုင်းခရိုင် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့နှင့် ပေါင်း၍ တိုက်ခိုက်ခဲ့ကြောင်း Yangon Urban Guerrilla Army (YUGA MO-7 Eagles) တာဝန်ခံက ပြောသည်။
“မြေပြင်သတင်းအရ (စစ်ကောင်စီ) ၃၊၄ ယောက်thayဖို့များပါတယ် လဲတဲ့သူလဲ၊ ဆန့်ငင်ဆန့်ငင်ဖြစ်နေတဲ့သူ ဖြစ်နေတယ်သိရတယ်။ (ပေါက်ကွဲသည့် နေရာမှ) ပေ၂၀ ပတ်လည်တော့ ပြေးမလွတ်ဘူး” ဟု ၎င်းက ဆိုသည်။
ရဲကားတစ်စီးနှင့် ဆိုင်ကယ်အချို့ ပျက်စီးသွားကြောင်း၊ လက်ရှိတွင် စစ်ကောင်စီက လမ်းပိတ်ထားပြီး ဒဏ်ရာရသူများကို ဆေးရုံပို့နေကြောင်း ထိုအဖွဲ့တာဝန်ခံက မွန်းတည့် ၁၂ နာရီခန့်တွင် ပြောသည်။
စစ်ကောင်စီတပ်ဖွဲ့က ထိုလမ်းမဘေး တစ်ဖက်တစ်ချက်စီတွင် တဲများထိုးကာ စခန်းချနေသည်မှာ တစ်လ ခန့်သာရှိသေးကြောင်း၊ ဖြတ်သန်းသွားလာသည့် ယာဉ်များထံမှ ငွေကြေးတောင်းခံလေ့ရှိကြောင်း အထက်ပါ တော်လှန်ရေးအဖွဲ့တာဝန်ခံကဆိုသည်။
“သူတို့ (စစ်ကောင်စီ)ပူးပေါင်းအဖွဲ့ပိုက်ဆံရှာတဲ့နေရာပါ”ဟု ၎င်းက ဆက်ပြောသည်။
အထက်ပါကိစ္စများနှင့် ပတ်သက်၍ အသေးစိတ်အတည်မပြုနိုင်သေးသလို စစ်ကောင်စီက နှုတ်ဆိတ်နေဆဲ ဖြစ်သည်။
အာဏာသိမ်းပြီး နှစ်နှစ်နီးပါးကြာသည်အထိ ဆန္ဒပြလျှင်ပင် thayနတ်ဖြင့်ပစ်သည့် စစ်ကောင်စီကို နိုင်ငံအနှံ့ ခုခံမှုများ အရှိန်မြင့်နေဆဲဖြစ်သည်။ စီးပွားရေးမြို့တော် ရန်ကုန်မြို့ ဧရိယာအတွင်းတွင်လည်း စစ်ကောင်စီကို ပစ်မှတ်ထားသည့် တိုက်ခိုက်မှုများ မကြာခဏဖြစ်နေသည်။
YUGA MO-7 Eagles အဖွဲ့သည် ပြီးခဲ့သည့် မတ်လ ၁ နံနက်ပိုင်းကလည်း သဲဖြူချောင်းရွာထိပ်ရှိ ကင်းစခန်း တစ်ခုကို အဝေးထိန်းမိုင်းဖြင့် တိုက်ခိုက်ရာ စစ်သားနှင့်ရဲ နှစ်ဦးthayသည်ဟု သတင်းထုတ်ပြန်ဖူးသည်။

ပြီးခဲ့သည့် ဇွန် ၂၇ ရက်ကလည်း အမှတ် ၄ လမ်းမနှင့် ပြည်လမ်းဆုံရှိ စစ်ကောင်စီ စစ်ဆေးရေးဂိတ်တစ်ခုကို မှော်ဘီ တော်လှန်ရေးအင်အားစုက အဝေးထိန်း မိုင်းနှစ်လုံးဖြင့်တိုက်ခိုက်ဖူးသည်။

ရေးသားသူ – Myanmar Now

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။