ကြက်သွန်၊သဲထဲမြုပ်/ငွေကြေးကံ၊အညံ့ရှင်းထုတ်

Astrology

ကြက်သွန်၊သဲထဲမြုပ်/ငွေကြေးကံ၊အညံ့ရှင်းထုတ်

မင်္ဂလာပါ ပရိသတ်ကြီးရေ.. မိုးနတ်မင်း သတင်းစုံမှ ကြိုဆိုလိုက်ပါတယ်။ အခုတင်ဆက်ပေးမယ့် သတင်းလေးကတော့ ကြက်သွန်၊သဲထဲမြုပ်/ငွေကြေးကံ၊အညံ့ရှင်းထုတ် ဆိုတဲ့သတင်းလေးပဲ ဖြစ်ပါတယ်။

ဒီတစ်ခါမှာတော့၊ကိုယ့်မှာ၊ငွေကြေးနဲ့ပတ်သတ်ပြီး၊ကံကြမ္မာ၊အဆိုးအညံ့တွေကြုံတွေ့နေရရင်၊ထိုအဆိုးအညံ့တွေအမြန်ဆုံး၊ပြေပျောက်အောင်၊ပြုလုပ်လို့ရတဲ့၊ယတြာတစ်ခုကို၊တင်ပေးချင်ပါတယ်

Income, types and importance of money in todays era… | by Shail Raj | Medium

ကိုယ့်မှာ၊ငွေလည်းဝင်နေပါ လျှက်၊လက်ထဲကြာကြာမနေပဲ၊အကြောင်းအမျိုးမျိုးနဲ့၊ထွက်နေရင်၊နည်းနည်းဝင်ပြီးများများထွက်နေရင်၊ဘာမဟုတ်တဲ့၊ကိစ္စတွေမှာ၊ငွေအရမ်းကုန်နေရင်၊လာဘ်ပိတ်သလိုဖြစ်နေရင်၊ဒီယတြာကို၊ယုံယုံကြည်ကြည်နဲ့သာပြုလုပ်ပါ၊အကျိုးကျေးဇူးတစ်စုံတစ်ရာ၊ရရှိစေမှာ၊အသေအချာပဲဖြစ်ပါတယ်

လိုအပ်သောပစ္စည်းများ

1.ကြက်သွန်နီ(1)လုံး
2.ဆော့ပင်၊အပြာရောင်(1)ချောင်း
3.ကြွတ်ကြွတ်အိတ်၊အနက်ရောင်(1)လုံး
4.သဲ

ယတြာပြုလုပ်နည်း

!အရင်ဦးဆုံးအနေနဲ့/ကြက်သွန်နီ၊ပေါ်မှာ(ဆော့ပင်၊အပြာရောင်နဲ့/ငွေကံအညံ့တွေ)လို့ရေးပါ၊ပြီးရင်(ကြွတ်ကြွတ်အိတ်၊အနက်ရောင်ထဲကို၊သဲထည့်ပါ)/ပြီးရင်၊ပထမ၊စာရေးထားတဲ့(ကြက်သွန်နီ)ကို၊အဲ့ဒီသဲအိတ်ထဲကိုထည့်မြုပ်ပါ/ကြက်သွန်နီဟာ၊သဲအပေါ်မှာ၊ပေါ်နေလို့မရပါဘူး၊အိတ်ရဲ့၊တစ်ဝက်လောက်အနက်အထိ၊ထည့်မြုပ်ပါ/အဲ့ဒီလိုမြုပ်ပြီးသွားရင်စိတ်ထဲမှ(ငွေကံအညံ့တွေကွယ်ပျောက်ပါစေ၊ပြေပျောက်ပါစေ)ဆိုပြီးဆုတောင်းပေးပါ/ပြီးရင်၊အဲ့ဒီအိတ်ကို(အိမ်ရှေ့ဖိနပ်ချွတ်၊အတက်အဆင်းအနား/ခြေသုတ်ပဝါအနား)စတဲ့၊နေရာတွေအနားမှာထားလိုက်ပါ!

ဒီယတြာကို(လကွယ်နေ့၊ညနေ၊နေဝင်တဲ့အချိန်မှာပြုလုပ်ပါ)အိတ်ကိုအထက်တွင်ပြောထားသောနေရာတစ်ခုခုတွင်(1ည)လုံး၊ထားပေးရမှာပါ/နောက်မနက်ရောက်တဲ့အခါမှာ၊ထိုယတြာအိတ်ကို(စီးနေတဲ့ရေမှာ)မျှောလိုက်ပါ(စိတ်ထဲမှ/ဒီနေ့ကစပြီး၊ငါ့မှာရှိနေတဲ့၊ငွေကံအညံ့တွေကွယ်ပျောက်ပြီ၊ပြေပျောက်ပြီ)လို့ပြောပြီး၊မျှောလိုက်ပါ

ဒီယတြာဟာ၊တစ်ကြိမ်ထဲနဲ့ထိရောက်တာတွေရှိသလို၊မထိရောက်တာမျိုးတွေလည်းရှိပါတယ်မိတ်ဆွေတို့၊အနေနဲ့၊တစ်ကြိမ်ထဲနဲ့၊မထိရောက်သေးဘူးထင်ရင်၊အနည်းဆုံး(3)ကြိမ်ပြုလုပ်ပေးပါ(3)ကြိမ်ပြည့်ပြီဆိုရင်တော့၊သေချာပေါက်ငွေကံအညံ့တွေပျောက်ပြီး၊ငွေကံကောင်းလာပါလိမ့်မယ်(3)ကြိမ်ဆိုတာ(လကွယ်နေ့)3နေ့ကိုပြောတာပါ/ယတြာအိတ်ကို၊နိမ့်ကျတဲ့နေရာမှာထားခိုင်းလို့၊ထားသင့်ပါမလား၊ထားလို့ရပါ့မလားလို့၊မိတ်ဆွေတို့ဘက်က၊မေးကောင်းမေးလာ၊ထင်ကောင်းထင်လာ၊နိုင်ပါတယ်/ထားလို့ရပါတယ်၊ဒီယတြာကို၊လုပ်ဆောင်လို့၊မိတ်ဆွေတို့ကို၊ပြန်လည်ထိခိုက်တာ
မျိုးတွေ၊အန္တာရယ်ဖြစ်တာမျိုးတွေ၊လုံးဝမရှိပါဘူး၊ဒါကြောင့်ယုံယုံကြည်
ကြည်နဲ့သာပြုလုပ်ဆောင်ရွက်ပါ!

မှက်ချက်အနေနဲ့

!ကြွတ်ကြွတ်အိတ်ကို၊အနေတော်အရွယ်အစား
အသုံးပြုပေးပါ၊အနက်ရောင်ကိုပဲအသုံးပြုပေးပါ/သဲကို၊အိတ်မပြည့်တ
ပြည့်၊ဖြစ်အောင်ထည့်ပေးပါ/ယတြာပြုလုပ်တဲ့အခါ၊အချိန်အတိအကျ
မလိုပါ၊ညနေစောင်း၊နေဝင်ချိန်ကို၊မှန်းစပြီး၊ပြုလုပ်ပေးပါ!

ရေးသားသူ – ဆရာအောင်ခန့်မင်း

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။