လူတစ်ယောက်ရဲ့ပင်ကိုစရိုက်တွက်နည်း

Astrology
လူတစ်ယောက်ရဲ့ပင်ကိုစရိုက်တွက်နည်း

မင်္ဂလာပါ ပရိသတ်ကြီးရေ.. မိုးနတ်မင်း သတင်းစုံမှ ကြိုဆိုလိုက်ပါတယ်။ အခုတင်ဆက်ပေးမယ့် သတင်းလေးကတော့ လူတစ်ယောက်ရဲ့ပင်ကိုစရိုက်တွက်နည်း ဆိုတဲ့သတင်းလေးပဲ ဖြစ်ပါတယ်။

လူတစ်ယောက်ရဲ့ပင်ကိုစရိုက်တွက်နည်း

လူတစ်ဦးချင်းစီမှာ ပင်ကို ဗီဇလေးတွေပါလာပါတယ် ။ ပြင်ဖို့တော့ မကြိုးစားပါနဲမိတ်ဆွေ…။ ကိုယ်ဘယ်လို လူစားမျိုးလဲ၊ သူဘယ်လိုလူစားလဲဆိုတာ သိရအောင် ပြောပြပေးလိုက်တာရယ်ပါ ။ (၁၈)နှစ် ပြည့်ပြီးသွားရင် ခေါက်ရိုးကျိုးသွားပြီနော် ။

အခု ဟောကိန်းဟာလည်း ကျွန်တော့် မူပိုင်ဟောကိန်းကြီး မဟုတ်လို့ မှန်ခြင်း ၊ မမှန်ခြင်းဟာလည်း ကျွန်တော်နဲ့ မသက်ဆိုင်ပါဘူး ခင်ဗျာ ။ကျွန်တော်ပြောနေကျစကားအတိုင်း “ရှေးဟောင်း ဗေဒင်ကျမ်း”အရ ကျွန်တော့်ချစ်မိတ်ဆွေတွေအတွက် ဗဟုသုတရအောင် တဆင့်မျှဝေ ပေးလိုက်ခြင်းသာ ဖြစ်ပါတယ် ။

(၀) ကြွင်းပါက = လောဘကြီးသူ ။ အလိုဆန္ဒ ပြင်းပြသူ ၊ အကျိုးရှိအောင်လုပ်တတ်သူ ။
(၁) ကြွင်းပါက = ဒေါသကြီးသူ ။လူတကာကို လိုက်လံဆဲဆိုတတ်လေ့ရှိသူ၊​ပြတ်သားသူ ။
(၂) ကြွင်းပါက = မောဟစိတ်လွန်ကဲသူ ၊ ထိုင်းမှိုင်းသူ ၊ ရန်မလိုသူ ။
(၃) ကြွင်းပါက = မေတ္တာစိတ်ရှိသူ ၊ ခင်တတ်မင်တတ်သူ ။
(၄) ကြွင်းပါက = ဂရုဏာစိတ်များသူ ၊ သနားငဲ့ကွက်တတ်သူ ။
(၅) ကြွင်းပါက = မုဒိတာ စိတ်များသူ ၊ အများသူ ငှါကြီးပွားတာ ဝမ်းမြောက်တတ်သူ ။
(၆) ကြွင်းပါက = ဥပေက္ခာသမား ။ကိုယ်ဖြစ်ကိုယ်ခံ ဟုသဘောထားသူ ၊လှည့်မကြည့်ဘဲ ထားတတ်သူ။ဆိုပြီး (၇)မျိုး ခွဲခြာထားပါတယ်။

တွက်နည်းကတော့ လွယ်ပါတယ် ။ ကိုယ့်ရဲ့ မွေးသက္ကရာဇ်ရယ် ၊ မွေးနံကို ရောပြီး (+ )ပါ။ ရတဲ့အဖြေကို (၇) နဲ့ (÷)ရပါမယ်။ ရလာတဲ့ အကြွင်းဂဏန်း အဖြေက ကိုယ့်ရဲ့ ပင်ကိုစရိုက်ပေါ့ ။

ဥပမာ….
မိတ်​ေဆွှရဲ့ မွေးသက္ကရာဇ်က ၁၃၃၃ ခုနှစ် ၊ တနလ် ာသားသမီးဆိုရင်…. ၁၃၃၃ခုှနှစ် +၂ (တနလ် ာဂဏန်း)= ၁၃၃၅ ။
၁၃၃၅ (÷)၇ = (၅) ကြွင်းပါမယ် ။ ဒါဆို “မုဒိတာသမား”ရယ်ပေါ့ ။

ကဲ !!! အောက် မှာ ကိုယ့်ရဲ့ စရိုက်လေးတွေကို ဖတ်ကြည့် လိုက်ကြရအောင် လားဗျာ။

အကြွင်း ( ၀ ) လောဘ။

သူကတော့ လိုချင်စိတ်များတယ် ။ ရတာနဲ့ မတင်းတိမ်ဘူး ။ ရောင့်ရဲတဲ့ စိတ်မရှိဘူး ။ ရောက်တဲ့ နေရာမှာ မပျော်ဘူး ။ ဒီထက်သာယာတဲ့ ဘဝကိုလိုလားတဲ့ သူ ။တစ်ခုမပြီးခင် နောက်တစ်ခုလုပ်ချင်တယ် ။ ဘယ်အရာမဆို လက်ဝါးကြီး အုပ်ချင်တယ် ။ ဘယ်တော့မှလည်း နောက်လိုက်မလုပ်ချင်ဘူး ။ ကိုယ်ရယူပိုင်ဆိုင်ဖို့ဆိုရင် ဘယ်အရာကိုမှ မထောက်ထားဘူး။မှားသည်၊မှန်သည် မခွဲခြားဘူး ။ ဘယ်နည်းနဲ့ မဆို ရအာင်ယူမှ ကျေနပ်တဲ့ သူဖြစ်တယ် ။

လိုချင်စိတ်များတော့ ဘာမဆိုလုပ်ရမှာ ၀န်မလေးသူပေါ့ ။ ချမ်းသာလိုတယ်၊ ကြွယ်၀လိုတယ် ၊ချမ်းသာခြင်းကိုလဲ ရမယ့် သူ။ ဒါပေမဲ့ မှားလား၊ မှန်လား၊ တရား၀င်လား၊ တရားမ၀င်လား၊ တွေးမှာ မဟုတ်တဲ့အတွက် ဒုက္ခတော့ တွေ့နိုင်တာပေါ့ ။ဘယ်လိုပဲ ဖြစ်ပါစေ၊သူကဘ၀ကို ရည်မှန်းချက်ကြီးကြီးနဲ့ ဖြတ်သန်းမယ့်သူပါ ။

သူတစ်ပါးမှာရှိတာထက် လိုချင်စိတ်မြင့်မားနေတော့ လူတော်တွေ ဖြစ်တတ်ပါတယ် ။ လိုချင်တဲ့ စိတ်ကလေးကို စနစ်တကျ အသုံးပြုသွာမယ်ဆိုရင် ဒိတ်ဒိတ်ကြဲလူသားဘ၀ကို ပိုင်ဆိုင်ရမှာ အမှန်ပါ ။

အကြွင်း ( ၁ ) ဒေါသ။

စိတ်ကြီးတယ်။ မဟုတ်မခံစိတ်များတယ် ။မတော်မတရား လုပ်တာတွေ့ရင် ကိုယ့်ကိစ္စမဟုတ်လည်း၀င်ပါဖို့ ၀င်ပြောဖို့ ၀န်မလေးတဲ့သူ ။ဘေးကနေ အလိုလို ဒေါသထွက်နေတတ်တယ် ။ စိတ်တိုဒေါသထွက်ရင်လဲ ဘာမဆို လုပ်ပစ်ပြောပစ်လိုက် ရမှ ကျေနပ်တဲ့သူပေါ့ ။ စိတ်ကသာကြီးပါတယ်။

သူ့နှလုံးသားကတော့ ဖြူစင်လွန်းပါတယ်။ဘယ်တော့မျှ ကိုယ့်ဘက်ကစပြီး ရန်မလုပ်ဘူး ။ သန့်သန့်လေးပြောတတ်ဆိုတတ်တယ်။လာစော်ကားပြီး လာငြိပြီ ဆိုရင်တော့ စိန်ခေါ်ရင် တိမ်ပေါ် အထိ လိုက်မဲ့သူပဲ ။ ပင်ကိုစိတ်ရင်းကောင်းတယ် ။

သူတစ်ပါးကို ပေးရမှာ ကျွေးရမှာ ထိပ်ဆုံးကပေါ့ ။ဒါပေမဲ့ စိတ်မြန် ဒေါသ ထွက်လွယ်တာကြောင့် အန္တရာယ် အမြဲ ရင်ဆိုင်ရတတ်တယ် ။ စိတ်မြန်ပုံကတော့ ဖိနပ်စီးရတာ ခက်နေရင်တောင် ဖိနပ်ကိုကန်ထုတ် ရန်လုပ်ပြီး ဖိနပ်မပါပဲ လျှောက်သွားတတ်တဲ့ သူမျိုး ။ ကိုယ်ကို လာစော်ကားလာရင်လည်း ဘယ်တော့မှ ခွင့်မလွှတ်ဘူး ။

ဖြစ်ခဲ့တာကိုပြန်စဉ်းစားပြီး စိတ်ထဲမှာ တနုံ့နုံ့နဲ့ တွေးပြီး ကြိတ်မနိုင်ခဲမရ ဒေါပွနေတတ်တယ် ။ အဲဒီစိတ်ကလေးကို ထိန်းနိုင်တဲ့ နေ့ရောက်ရင် ချမ်းသာကြီးပွားတဲ့ လမ်းပေါ်ကို စရောက်တဲ့နေ့ပါပဲ။ဘယ်လိုပဲဆိုစေ၊ “လူဖြောင့်စိတ်တို”ဆိုတဲ့ စကားအတိုင်း အလွန်ရိုးဖြောင့်တဲ့ သူတစ်ယောက်ပါ ။

အကြွင်း ( ၂ )မောဟ။

သိပ်ပြီး တွေဝေ တတ်တယ်။ ဘယ်အရာမဆို ဆုံးဖြတ်ချက်ကို ပိုင်ပိုင်နိုင် မချနိုင်ဘူး ။ အရာရာကို မေ့လျှော့နေတတ်တယ် ။ တစ်ခါတစ်လေ ငေါင်တောင်တောင်နဲ့ ငေးမောနေတတ်တာတောင်တွေ့ရတတ်ပါတယ် ။ သီးသန့် ​ေနလိုစိတ် ပြင်းတယ် ။ပြဿနာတစ်ခု တစ်ယောက်ထဲ မဖြေရှင်းနိုင်ဘူး။ “မြွေမthay တုတ်မကျိုး” လုပ်တတ်တယ် ။အလွန်တော်တဲ့ ဖျန်ဖြေရေးသမာလေးပါ။ ကြား၀င်ဖြေရှင်းရမယ်ဆိုရင် နှစ်ဖက်နှခွ မြင်တတ်တဲ့သူ။ အပြောအေးအေးလေးနဲ့ ကျလောက်အောင် ပြောတတ်တဲ့သူ။ သူ့ရဲ့ ရိုးပုံ၊အေးပုံကြောင့် လူတိုင်းက ခင်မင်ကြတယ် ။ သူကတော့ ရောက်တဲ့နေရမှာ ပျော်အောင်နေမယ် ။

ပြသနာတွေ့ရင်တောင် ဒါတွေကို မေ့လျှော့ပြီး ကိုယ်လုပ်ချင်တာ လုပ်နေမဲ့ သူပဲ ။ဒါ့ကြောင်ဘာကိုမျှ လေးလေးနက်နက် မရှိဘူးလို့ အထင်ခံရတတ်တယ် ။ စကားသာ ကျလောက်အောင်ပြောတာ တစ်ခါတစ်လေ ရှေ့နောက်မညီ ပြောပြီးတာတွေ မေ့တတ်ပြန်တယ် ။စိတ်ဓာတ်တက်လွယ်၊ ကျလွယ်တယ် ။

အရာရာ မပြတ်မသား နှောင့်နှေးလွန်းတော့ ဘ၀အခွင့်အရေး တွေ မကြာခဏ လက်တစ်လုံးခြား ဆုံးရှုံးရတတ်တယ် ။ သူ့ဘ၀ကို နိုင်နိုင်နှင်းနှင်း ပဲ့ထိန်းပေးတဲ့ သူရှိမှ သူဘ၀က ဟန်ကျမယ် ။ နောက်က တစ်ချိန်လုံး လိုက်ပြောနေမှ တန်ရုံကျမှာ ။အပြောခံရလို့ စိတ်ဆိုးမှာတော့ မပူနဲ့။ သူကဘယ်တော့မှ အတေးအမှတ်မထားတတ်ပါဘူး ။

အကြွင်း ( ၃ ) မေတ္တာ။

သူကတော့ မေတ္တာ ရှင်ကြီးပေါ့ ။ အားနာတတ်တယ် ၊ယုံစားလွယ်တယ် ၊ သူတစ်ပါးအပေါ် ခွင့်လွတ် နားလည်စိတ်ရှိတယ် ။ သည်းခံစိတ်ရှိတဲ့နေရာမှာ နှစ်ယောက်မရှိဘူး ။ ဩ ချရလောက်တဲ့ အထိပေါ့ ။ အရာရာကို ရင်ဆိုင်ရဲတယ် ။ လူသားအားလုံးအပေါ် လေးလေးစားစား ဆက်ဆံတတ်တယ် ။ ကိုယ့်ကိုယ်ကို အမြဲ နှိမ့်ချနေတတ်တယ် ။ သူအနေနဲ့ ရိုးပေမယ့် သွားအထင်မသေးပါနဲ့ ။ သူ့မှာ ချစ်တဲ့ခင်တဲ့သူတွေ အလွန်ပေါမှ ပေါ ။ လမ်းလေဂျပိုး လူမိုက်ကအစ လုပ်ငန်းရှင်ကြီးအထိ သူ့ကိုခင်မင်ကြတယ် ။

အရေးအကြောင်းဆို ကူညီဖို့အသင့်ပဲ ။ မြင့်မြတ်တဲ့ စိတ်သဘောထားအပေါ် လူတိုင်းက နေရာပေး ဆက်ဆံကြတယ် ။ ရန်သူအပေါ်မှာတောင်မေတ္တာထားတော့ ဘေးလူတွေက နားမလည်၊ အားမလို အားမရ ဖြစ်ကြရ ပြန်တယ် ။ ဒါပေမဲ့ ရန်သူကိုမေတ္တာနဲ့ အဆုံးမှာ စည်းရုံးနိုင်တဲ့ သူပါ ။

စိတ်သဘောထားကြီးတယ် ။ မဟုတ်တာ မလုပ်တဲ့သူ ။ ဘယ်သူ့ကို မဆို တန်ဖိုးထားဆက်ဆံတတ်တယ် ။ အပြောသမားမဟုတ်ဘူး၊လက်တွေ့ဆန်တယ် ။ အေးအေးချမ်းချမ်းနေချင်တဲ့သူ ။ အချစ်မေတ္တာအပေါ် အလေးအနက်ထားတယ် ။ အခက်အခဲ ကိုရင်ဆိုင်ရရင်တောင် မေတ္တာ ရှေ့ထားပြီး အောင်မြင်မှုကို ရယူတဲ့သူပါ ။ အားလုံး သိကြမှာပါ။ အောင်ခြင်(၈)ပါးကို မြတ်စွာဘုရားက မေတ္တာနဲ့ အောင်မြင်ခဲ့တာကိုလေ ။

အကြွင်း( ၄ )ဂရုဏာ။

ရင်ထဲမှာစာနာတတ်တယ်။ ခံစားတတ်တယ်၊ ကြင်နာတဲ့စိတ်အပြည့်ရှိနေတယ် ။ သိပ်ကို ကိုယ်ချင်းစာတတ်တယ် ။ ချစ်သူခင်သူဖြစ်စေ သတ္တဝါတွေကိုဖြစ်စေ ” သနားပါတယ်နော် ” ဆိုပြီး စာနာစိတ်နဲ့ အမြဲကူညီလို စိတ်ရှိတယ် ။ သနားအောင်ပြောရင် ဘယ်လောက်စိတ်ဆိုးနေပါစေ၊ ခွင့်လွှတ်တယ် ။ ဂရုဏာသမားမို့ ရန်သူကိုတောင် သနားတတ်တဲ့သူ ။စိတ်ဆိုးလဲ ခဏပဲ ။ ရန်သူကို “သူ့ခမျာ ငါ့ကိုတစ်ချိန်လုံး ရန်လိုနေတာ သနားပါတယ်”…တဲ့လေ ။

ဒါပေမဲ့…သူက သူတစ်ပါးအပေါ် ဂရုဏာထားသလို သူ့အပေါ်မှာ ဂရုစိုက်မှ ကျေနပ်တတ်တဲ့သူ ။ သူ့ကိုဂရုမစိုက်ဘူး၊ အလေးမထာဘူး၊အချစ်ပေါ့တယ်လို့ ထင်ရင် စိတ်ကောက်ပြီး ဝုန်းဒိုင်းကြဲ အရွဲ့တိုက်တတ်တဲ့သူ ။

၀မ်းနည်းလွယ်တယ် ။တဇွတ်ထိုးလုပ်တတ်တယ် ။ “ငါကောင်းသလောက် ငါ့အပေါ်မကောင်းဘူး”လို့ စိတ်၀င်၊ ၀မ်းနည်သွားပြီဆိုရင် အမြန်လေးသာ ချော့လိုက်ပါ ။လူပုံစံ စတိုင် ၊ ဟန်ပန်က အစ ပြုမူပြောဆိုပုံက မာကျစ်ကျစ် ၊ ဘုခွပြော ၊ မသနားတတ်တဲ့ ကြင်နာစိတ်မရှိတဲ့ သူလို့အပြင်ပမ်းမှာ ပေါ်နေတယ် ။

တကယ်အတွင်းစိတ် ရင်ထဲမှာတော့ ဂရုဏာ အပြည့်ရှိတဲသူပါ။ ဂရုဏာကြီးတဲ့ ဟန်ဆောင်နေတဲ့ သူနဲတော့ တခြားစီပေါ့ ။သူ့သဘော သူ့သဘာ၀ သူ့မနောကိုသိတဲ့ သူတွေကတော့ လေးလေးစားစား နဲ့ သူ့အရိပ်ကို ခို၀င်ကြတယ် ။ ဦးဆောင်သူ ၊ ဆရာတွေ ၊ သမားတော်တွေ တော်တော်များများကတော့ ကရုဏာရှင်တွေပေါ့ ။

အကြွင်း( ၅ )မုဒိတာ။

မုဒိတာကို လက်ကိုင်ထားနိုင်သူမျိုးကတော့ ရှားပါးလှပါတယ် ။ သူကတော့ ရှားရှားပါးပါးထဲက သူတစ်ယောက်မို့ လူတစ်သောင်းမှာ တစ်ယောက်တွေ့ခဲလှတဲ့ မုဒိတာ ပွားနိုင်တဲ့ သူတစ်ယောက်ပေါ့ ။သူတစ်ပါးအောင်မြင်တာ ၊ ချမ်းသာကြွယ်၀တာ ၊ ထွန်းထွန်းပေါက်ပေါက်ဖြစ်တာ ၊ နာမည်ကြီးတာ ၊ငွေရတာ ၊ အလုပ်တိုးတတ်တာ တွေ့ရင် ကိုယ်ကပဲ ဒါတွေကို ခံစားနေရသလိုလိုနဲ့ ပိတိဖြာပြီး ဘေးကနေကြည်နူးနေတတ်တဲ့ သူမျိုး ဒီကမ္ဘာမှာ ရှားပါးတဲ့သူပေါ့ ။

မနာလို ၀န်တိုစိတ်မရှိဘူး။အတင်းအဖျင်းမ​ ​ေပြာတတ်ဘူး။ မြင့်မြတ်တဲ့ စိတ်ရှိတယ် ။ အရာရာ ရင်ထဲ ခံစားပြီးမှ လုပ်တတ်ပြောတတ်တဲ့သူ ။ မှန်ကန် မြင့်မြတ်တဲ့စိတ်ကြောင့် အောင်မြင်မှု ထိပ်တန်းရောက် မယ် ။

ကိုယ်က သူတစ်ပါးကို ဝေဖန်တိုက်ခိုက်တာ ၊သူတစ်ပါးကို ငယ်ကျိုးငယ်နာ ဖော်ပြီး ဒုက္ခပေးတာမျိုးလုံး၀မုန်းတီးတယ် ။ ကိုယ်ကလဲ မလုပ်ဘူး ၊လုပ်ရပ်တွေကိုလည်း လက်မခံဘူး ။ ရှောင်ရှားတယ် ။သူတစ်ပါး အားနည်ချက်အားသာချက်ကို ဖော်ထုတ်ပြီး ချီးကျုးပြီး ကောင်းတဲ့အပြုသဘောတွေကို အကြံပေးမှုလေးတွေကြောင့် သူ့ကိုချစ်ခင်သူတွေပေါတယ် ။မနာလို၀န်တိုစိတ်မရှိပဲ သူတစ်ပါးအပေါ် မျှဝေခံစား တတ်လို့ ကြီပွားအောင်မြင်မှာ မလွဲပါဘူး ။

အရာရာ အပေါ်မှာ ရင်ထဲက လှိုက်လှိုက်လှဲလှဲနဲ့ ဖြစ်ထွန်းစေသလို ကိုယ်တိုင်လဲ ဖြောင့်ဖြောင့်မှန်မှန်နဲ့ အမြဲ ကြိုးစားနေတဲ့၊ မြင့်မြတ်တဲ့ နှလုံးသား ပိုင်ရှင်တစ်ဦးပါ ။

အကြွင်း( ၆ ) ဥပေက္ခာ။

အလွန်ထူးခြားတဲ့ နှလုံးသားပိုင်ရှင်ပေါ့ ။ ဘာသိဘာသာ အေးအေးဆေဆေးပဲ နေတတ်တယ် ။ သူတစ်ပါးကိစ္စတွေကိုလည်း ကိုယ်နဲ့မဆိုင်အောင် အမြဲကြိုးစာနေတတ်တယ် ။ ၀င်ရောကျ စွတ်ဖက်တဲ့ သဘာ၀ ကင်းတယ် ။ ရန်သူကိုတောင် ဒေါသထွက်ပြီး ရင်မဆိုင်ပဲ မသိသလို ကိုယ့်ကို ရန်လုပ်တာ မဟုတ်သလို ခပ်မဆိတ်နေတတ်တယ် ။ ဥပေက္ခာပြု ကျောခိုင်းနေတတ်တယ်။ တည်ကြည်တည်ငြိမ်ပြီး လူသားအားလုံးကို ကိုယ်စိတ်က မှန်တယ်ထင်တာလုပ်နေကြတာပဲ…တဲ့ ။ “ဘာ၀င်စွတ်ဖက်စရာလို့လဲ”ဆိုတဲ့ သဘော ထားတတ်တယ် ။

ကိုယ့်ကိစ္စနဲ့ ဆိုင်တဲ့ ပတ်၀န်းကျင်အလုပ်ကိုပဲ စူးစူးစိုက်စိုက် လုပ်တတ်လို့ အောင်မြင်ကြီးပွားကြပါတယ် ။ ထူးခြားချက်က အနေအေးပြီး အရာရာ ကိုမသိဘူးမထင်နဲ့ ။ အရာရာကို သိတယ် လေ့လာတယ် ။ ပတ်၀န်းကျင်ကို အမြဲ လေ့လာနေတယ် ။ဖြစ်ပေါ်လာတဲ့ အကြောင်း ဆက်တွေအပေါ်နားလည်လွန်းလို့အရာရာကို အပြစ်မမြင်ပဲ နေတတ်တဲ့သူပါ ။

အခက်အခဲတွေ ၊ ဒုက္ခတွေကို သူ့ဆီမှာ အကူညီတောင်း ကြည့် ။ ကိုယ့်ပြသနာ တစ်ခုကို သူ့ပြသနာတစ်ခုလို လှိုက်လှိုက်လှဲလှဲ သဘောထာပြီး ကူညီမှာသေချာတယ် ။ ကိုယ်နဲ့ မပတ်သက်သမျှ ၀င်မပါဘူး ။ ကိုယ်နဲ့ မိတ်ဆက် မပေးသမျှ မည်မျှမျက် မှန်းတန်းနေပါစေ၊ ပြုံးပြနှုတ်ဆက်မှာမဟုတ်ဘူး ။

ယဉ်ကျေးတယ် သိမ်မွေ့တယ် ။အရေးကြုံလာရင် တကယ်အားထားရတယ် ။ တကယ့်ကို အမြင်ကြည်လင်တဲ့ သူတွေပေါ့ ။ တစ်နေ့မှာသူဟာ ဘာသာ သာသနာအတွက် တန်ဖိုးရှိတဲ့လူတစ်ယောက်ဖြစ်နိုင်သူတွေလို့ ရှေးပညာရှိတွေက ဆိုပါတယ် ။

ဤကားရှေးဟောင်းဗေဒင်ကျမ်းအလိုတည်း။

ရေးသားသူ – စာရေးဆရာ သာထက်ဇော်(မကွေး)တဲရော့ ၊ ဗေဒ ၊ လက္ခဏာ

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။