မန္တလေးမှာ ငါးရက်ကြာ ပျောက်ဆုံးနေတဲ့ ကလေးငယ်ပြန်တွေ့

Local News

မန္တလေးမှာ ငါးရက်ကြာ ပျောက်ဆုံးနေတဲ့ ကလေးငယ်ပြန်တွေ့

မင်္ဂလာပါ ပရိသတ်ကြီးရေ.. မိုးနတ်မင်း သတင်းစုံမှ ကြိုဆိုလိုက်ပါတယ်။ အခုတင်ဆက်ပေးမယ့် သတင်းလေးကတော့မန္တလေးမှာ ငါးရက်ကြာ ပျောက်ဆုံးနေတဲ့ ကလေးငယ်ပြန်တွေ့ ဆိုတဲ့သတင်းလေးပဲ ဖြစ်ပါတယ်။


မန္တလေး၊ ချမ်းအေးသာစံမြိုန့ယ်မှာ ပြီးခဲ့တဲ့ ဒီဇင်ဘာ ၁၁ ရက်နေ့က ပျောက်ဆုံးသွားတဲ့ အသက် ငါးနှစ်အရွယ် ကလေးငယ် မောင်ဇွဲဝေယံထွန်းကို ပြန်တွေ့ပြီလို့ ဖခင်ဖြစ်သူက လူမှုကွန်ရက်ကနေ ဒီနေ့ ဒီဇင်ဘာ ၁၆ ရက်မနက်မှာ အသိပေးရေးသားထားပါတယ်။
ဒီကလေးငယ်ဟာ ပြီးခဲ့တဲ့ တနင်္ဂနွေနေ့က အဘွားဖြစ်သူရဲ့နေအိမ်မှာ ကစားနေစဥ် ရုတ်တရက်ပျောက်ဆုံးသွားတာဖြစ်ပြီး ရက်အတန်ကြာတဲ့အထိ ကလေးနဲ့ပတ်သက်လို့ ဘာသတင်းအစအနမှမရခဲ့ကြောင်း မိခင်ဖြစ်သူက ဘီဘီစီကို ပြောကြားထားပါတယ်။


အခုတော့ ကလေးငယ်ကို ပြန်တွေ့ပြီဖြစ်ပြီး ပြန်လည်ရှာဖွေတွေ့ရှိအောင် ဆုတောင်းပေးကြတဲ့ နိုင်ငံတဝန်းက ပြည်သူအားလုံးကို ကျေးဇူးတင်ကြောင်းလည်း ဖခင်ဖြစ်သူက လူမှုကွန်ရက်မှာရေးသားထားပါတယ်။
အသက် ၁၀ နှစ်အောက် ကလေးငယ်တွေ အခု ဒီဇင်ဘာလအတွင်းမှာ ပျောက်ဆုံးတာ အနည်းဆုံး လေးယောက်ရှိပါတယ်။
မန္တလေးတိုင်းမှာ အသက် ၅ နှစ်ဝန်းကျင်နဲ့ အသက် ၁၂နှစ်အရွယ် ကလေးငယ်နှစ်ဦး၊ ရန်ကုန်မှာ အသက် ၄ နှစ်အရွယ်တစ်ဦး၊ မြဝတီမြို့က အသက် ၇ နှစ်အရွယ် တစ်ဦးတို့ဖြစ်ပြီး ဒါဟာ လူမှုကွန်ရက်ပေါ်မှာ ပျောက်ဆုံးကလေးငယ်တွေရဲ့မိသားစုဝင်တွေက စိုးရိမ်ပူပန်စွာ ရေးသားထားတဲ့ ဖြစ်စဥ်တွေဖြစ်ပြီး မြေပြင်မှာ ဒီထက်ပိုပြီးပျောက်ဆုံးအရေအတွက်များနိုင်မယ်လို့ ယူဆပြောဆိုတာတွေရှိနေပါတယ်။

ရေးသားသူ – BBC Burmese

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။