သင်္ဃန်းကျွန်းဖြစ်စဉ်

Local News

သင်္ဃန်းကျွန်းလူသတ်မှုဖြစ်စဉ်
– သေဆုံးသူများမှာ နယ်ဘက်မှ ရန်ကုန်သို့ လာရောက်၍ အခန်းငှားနေထိုင် အလုပ်လုပ်နေသော

အမျိုးသားနှင့် အမျိုးသမီးဖြစ်ပြီး ဆွေမျိုးသားချင်းများ မဟုတ်ကြောင်း၊ – ပတ်ဝန်းကျင်နှင့် သေဆုံးသူ အမျိုးသမီး၏ ဝမ်းကွဲညီမတော်စပ်သူတို့၏ ပြောကြားချက်အရ ၎င်းတို့(၂)ဉီးသည်

မကြာခဏစကားများ ရန်ဖြစ်လေ့ရှိ သည့် အလေ့အထရှိ။
– အခင်းဖြစ်ချိန် အိမ်ခန်း ဝင်/ထွက်ပေါက် သံပန်းတံခါးကို အတွင်းမှ သော့ပိတ်ထား။
– ကနဉီး စစ်ဆေးချက်များအရ သေဆုံးသူများအနီးရှိ သွေးကွက်များပေါ်တွင် ခြေရာများတွေ့ရှိ၊

ခြေပုံစံစစ်ဆေးချက်အရ သေဆုံး အမျိုးသား၏ ခြေရာများဖြစ်၊ အသုံးပြုသည့်လက်နက်သည်

အခင်းဖြစ်နေအိမ် မီးဖိုချောင်သုံး ဓား(၃)လက်ဖြစ်၊ ဓားများလက်ကိုင်ပေါ်ရှိ လက်ပုံစံ စိစစ်ဆဲ။


– သေဆုံးသူများအနီးမှ သေဆုံးမှုနှင့်ပတ်သက်ပြီး ရေးသားထားသည့် သွေးစွန်းနေသော စာရွက်(၂)ရွက်တွေ့ရှိ။
– ရနိုင်သမျှ လူ/ပစ္စည်း သက်သေအထောက်အထား ထပ်မံရှာဖွေစိစစ်လျှက်ရှိပါသည်။

စစ်ဆေးချက်အရ သေဆုံးသူအမျိုးသားအလောင်းအနီးမှ ဓားဦးချွန်စတီးဓား(၃)ချောင်းကိုသိမ်းဆည်းခဲ့ပြီး

သေဆုံးသူနိုင်လင်းမောင်က မသေဆုံးမီရေးသားခဲ့သည်ဟု ယူဆရသည့်

“ကျွန်တော်တို့နှစ်ယောက်က လက်မှတ်ထိုးထားတာပါ၊

ဖောက်ပြန်တယ်၊ Wai Lymn မင်းရဲ့ စကားတစ်ခွန်းကြောင့် ကျွန်တော်တို့လူ(၂)ဦးသေပြီ ၊

ကျွန်တော်ဓားနဲ့ခုတ်တာပါ၊ ကျွန်တော်ပါသေပြီ၊ ကျွန်တော်အလောင်းအားဆေးရုံသို့လှူပါ၊

သူဘာသာသူဓားနဲ့ခုတ်တာပါ၊ကျွန်တော်ဆွဲတော့ပိုဆိုးတယ်၊ အခုတော့ကျွန်တော်ပြီးသွားအောင်လုပ်ပေးပါ၊

ကျွန်တော် မိန်းမတစ်ယောက်အတွက်နဲ့ မဟုတ်ပါဘူး၊ ကျွန်တော်ဘဝပျက်ချင်လို့ပါ၊

ကျွန်တော်အသိုင်းအဝိုင်းကြားမှာ မျက်နှာမဖော်ဝံ့တော့လို့ပါ၊ မိဘများ ခွင့်လွှတ်ပေးပါ၊ လူကြီးတွေလဲအကြာကြီးနေရတော့မှာမှမဟုတ်တော့တာ ကျွန်တော်ကိုအပြစ်ပြောကြပါ၊ ဆရာဖုန်းဆက်တော့ အခြေအနေအတော်ဆိုးသွားတယ်၊

ကျွန်တော်အမှုဖြစ်လို့မရပါဘူး၊ ကျွန်တော်နိုင်ငံခြားသွားချင်သေးတယ်”

ဟုရေးသားထားသောစာတစ်စောင်ကိုသေဆုံးသူတို့အနီးရှိစားပွဲသေးပေါ်မှတွေ့ရှိခဲ့ရသည်။

Source : Facebook

Leave a Reply